ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် အတွက် လျှောက်လွှာခေါ်ယူ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် (Global UGRAD) အတွက် လျှောက်လွှာခေါ်ယူနေတယ်လို့ အမေရိကန်သံရုံးမှ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ်ဟာ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို အမေရိကန်ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလေ့လာရင်း သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေ ပိုမို အားကောင်းလာစေဖို့ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခုခုမှာ semester တစ်ခုစာ သွားရောက် ပညာသင်ဖို့ ပံ့ပိုးပေးတဲ့အစီအစဉ် ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားသူတွေ အနေနဲ့ https://bit.ly/3prbNYi မှ တစ်ဆင့် တင်ပြပေးရမှာဖြစ်ပြီး ထောက်ခံစာကိုတော့ RangoonUSECA@state.gov ကို အီးမေးလ်နဲ့ပို့ပေးရမှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««