ကမ္ဘာတစ်ဝန်း Gmail, Docs, Drive နဲ့ Google ဝန်ဆောင်မှုများစွာ ပြတ်တောက်

Gmail, Drive, Docs, Meet, Groups, Chat, Keep နဲ့ Voice အပါအဝင် Google ဝန်ဆောင်မှုများစွာ ပြတ်တောက်ခဲ့တယ်လို့ G Suite Status Dashboard ကနေ ဖော်ပြခဲ့ပါတယ်။

Google ဝန်ဆောင်မှုတွေမှာ ဖိုင်တွေ တင်ဖို့ အခက်ခဲဖြစ်ခဲ့ကြပါတယ်။ G Suite gmail account တွေနဲ့ တစ်ကိုယ်ရေသုံး account တွေမှာလည်း ဖြစ်ပွားခဲ့ကြပါတယ်။ တချို့သူတွေကတော့ အီးမေးလ်အသစ် ရေးသားတာနဲ့ reply လုပ်လို့ မရဘူးလို့ သိရပါတယ်။

Google က အရှေ့ဘက်အချိန် နံနက် ၁ နာရီ ၂၉ မိနစ်မှာ Gmail ချို့ယွင်းချက်ကို စစ်ဆေးခဲ့ပြီး အခြားပြဿနာများစွာလည်း ရှိတယ်လို့ ပြောခဲ့ပါတယ်။ Gmail နဲ့ Google Drive ချို့ယွင်းမှုတွေကို Downdetector ကလည်း အသိပေးခဲ့ပါတယ်။ ဒါ့အပြင် YouTube ပေါ် ဗီဒီယိုတင်ရာမှာ အခက်အခဲ တွေ့ခဲ့တယ်လို့ သုံးစွဲသူက Twitter မှာရေးသားခဲ့ကြပါတယ်။

-စိုးထက်
Ref: TheVerge