ကမ္ဘာကျော် စာပေလက်ရာတွေ အခမဲ့ဖတ်နိုင်မယ့် ဝက်ဘ်ဆိုက်များ

ယူကေ၊ ဥရောပနဲ့ အမေရိကန်မှာ စာရေးသူတစ်ယောက် သေဆုံးသွားရင် မူပိုင်ခွင့်က နှစ် ၇၀ သက်တမ်းရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စာအုပ်များစွာဟာ အများပြည်သူဆီ ဖြန့်ဝေပြီးသားဖြစ်နေပါတယ်။

၁၉၄၅ နောက်ပိုင်း စာပေလက်ရာတွေ ဖတ်လိုရင်တော့ အခုဖော်ပြမယ့် ဝက်ဘ်ဆိုက် ၁၀ ခုကို အသုံးပြုသင့်ပါတယ်။ ဝက်ဘ်ဆိုက် စာအုပ်တွေကို download လုပ်ပြီး Kindles, tablet နဲ့ laptop တွေမှာဖတ်နိုင်ပါတယ်။ ဒါ့အပြင် တချို့ဝက်ဘ်ဆိုက်တွေမှာ audiobook တွေလည်း ရှိပါတယ်။

(၁) Gutenburg Project

Gutenburg Project မှာ Kindle နဲ့ iPad အတွက် စာအုပ်တွေ ဖတ်နိုင်ဖို့ ebook ပေါင်း ၅သိန်းကျော်ရှိပါတယ်။ ဒါ့အပြင် နေ့စဉ်လူဖတ်အမျာဆုံး စာအုပ် ၁၀၀ စာရင်းလည်း ရှိပါတယ်။ အဲဒီစာရင်းတွေထဲမှာ Pride and Prejudice, Beowulf, Alice in Wonderland, the Count of Monte Cristo နဲ့ The Legend of Sleepy Hollow တိုပါဝင်ပါတယ်။

(၂) Loyal Books

Loyal Books ကတော့ Kindle နဲ့ ePub စာအုပ်တွေပါဝင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်သလို audiobook တွေလည်းရှိတဲ့အတွက် MP3 ဒါမှမဟုတ် iTubes Podcast တွေအဖြစ်လည်း download လုပ်နိုင်ပါတယ်။ အီစွတ်ပုံပြင်တွေကနေ ဂျူးဗန်းလ် ဝတ္ထုတွေအထိ ဖတ်နိုင်ပါတယ်။

(၃) Digital Book Index

Digital Book Index မှာအခမဲ့ စာအုပ်တွေ ၁၄၄,၀၀၀ ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ စာပေဆိုင်ရာ စာအုပ်တွေက ၁၂,၀၀၀ အထိရှိပြီး ဝီလီယံရှိတ်စပီးယားကနေ ဟာလမ်ရီနေးဆန့် လှုပ်ရှားမှု စာအုပ်တွေကိုလည်း ဖတ်နိုင်ပါတယ်။

(၄) Upenn.edu

Upenn.edu မှာစာအုပ်ပေါင်း ၂ သန်း ရှိပါတယ်။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ် စာကြည့်တိုက်က ဝက်ဘ်ဆိုက်စီမံတာ ဖြစ်ပါတယ်။ အခြားအမေရိကန် တက္ကသိုလ်က အရာတွေကိုလည်း PDf ပုံစံနဲ့ download လုပ်နိုင်ပါတယ်။ အွန်လိုင်းကနေလည်း တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်။

(၅) Read Easily

Read Easily ဟာ ebook တွေရဲ့ ခေါင်းစဉ်တွေနဲ့ ပုံစံ၊ စာသားအရွယ်အစားကို စိတ်ကြိုက်ပြင်ဆင်ပြီး download လုပ်နိုင်ပါတယ်။ အခုဝက်ဘ်ဆိုက်ကတော့ အမြင်ပိုင်းချို့တဲ့သူတွေအတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

(၆) Bartleby

ရည်ညွှန်းစာအုပ်၊ စာပေနဲ့ ဝတ္ထုမဟုတ်တဲ့ လက်ရာထောင်ပေါင်းများစွာကို Bartleby မှာရှိပါတယ်။ Bartleby ဟာကျောင်းသားတွေ၊ သုတေသီတွေနဲ့ စိတ်ပါဝင်စားသူတွေအတွက် စာအုပ်တွေကို အကန့်အသတ်မရှိ အခမဲ့ ရယူသုံးစွဲနိုင်အောင် ပြုလုပ်ထားပေးပါတယ်။ တစ်ချို့လက်ရာတွေကိုပဲ PDF နဲ့ရယူနိုင်ပါတယ်။

(၇) Great Books and Classics

Great Books နဲ့ Classics ဟာအကောင်းဆုံး ဝက်ဘ်ဆိုက်မဟုတ်ပေမယ့် ၁၀ နှစ်အတွင်း စာအုပ်တွေကို အစီအစဉ်တကျ စုစည်းပေးထားပါတယ်။

(၈) Classic Literature

Classic Literature ဟာအခြားဝက်ဘ်ဆိုက်တွေနဲ့ ယှဉ်ရင် စာအုပ်တွေ အများကြီး မရှိပါဘူး။ Classic Literature မှာ အချက်အပြုတ်ကဏ္ဍမှာ ဟင်းချက်နည်း ၇၀,၀၀၀ ရှိပါတယ်။

(၉) Planet Publish

Planet Publish ကတော့ တိုတောင်း ကျစ်လျစ်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ အမြည်းဖတ်ရှုဖို့နဲ့ download လုပ်နိုင်တဲ့ PDF တွေရှိပါတယ်။

(၁၀) Librivox

Librivox ဟာ peer-to-peer ‌audiobook ဝက်ဘ်ဆိုက်ဖြစ်ပြီး လူတွေက အများပြည်သူဆီဖြန့်ချိထားတဲ့ စာအုပ်တွေကို ဖတ်ပြတဲ့ နေရာလည်း ဖြစ်ပါတယ်။

-စိုးထက်
Ref: CreativeBoom