ကမာၻ႔သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ ပတ္သက္၍ မဟာဘြဲ႕၊ ပါရဂူဘြဲ႕သင္တန္းမ်ားသို႔ ပညာသင္ဆုျဖင့္ ေလွ်ာက္ထားႏိုင္

ဂ်ပန္ႏိုင္ငံ Hokkaido University မွ ေပးအပ္တဲ့ ကမာၻ႔သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ ပတ္သက္၍ မဟာဘြဲ႕၊ ပါရဂူဘြဲ႕ သင္တန္းမ်ားသို႔ ပညာသင္ဆုျဖင့္ ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

သင္တန္းကို ၂၀၁၈ ေအာက္တိုဘာလနဲ႔ ၂၀၁၉ ဧၿပီလမ်ားတြင္ စတင္ဖြင့္လွစ္မွာျဖစ္တဲ့အတြက္ မဟာဘြဲ႕၊ ပါရဂူဘြဲ႕ သင္တန္းမ်ားသို႔ သတ္မွတ္အရည္အခ်င္းမ်ားႏွင့္ ျပည့္မီတဲ့အရာထမ္းမ်ားအေနနဲ႔ သက္ဆိုင္ရာ Website ျဖစ္တဲ့ ဒီေနရာသို႔ ဝင္ေရာက္ေလ့လာ၍ ယွဥ္ၿပိဳင္ေလွ်ာက္ထားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ပညာသင္ဆုမ်ားသို႔ သတ္မွတ္အရည္အခ်င္းမ်ားႏွင့္ ကိုက္ညီေသာ ဝန္ထမ္းမ်ား ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။ ပညာသင္ဆုမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္သိရွိလိုပါက ေဖာ္ျပပါ ဝက္ဘ္ဆိုက္တြင္ ဝင္ေရာက္ေလ့လာႏိုင္ၿပီး UMFCCI အသင္းခ်ဳပ္၏ ခြင့္ျပဳခ်က္စာျဖင့္ ပူးတြဲေလွ်ာက္ထား၍ သက္ဆိုင္ရာတကၠသိုလ္သို႔ Website တြင္ သတ္မွတ္ထားတဲ့ သတ္မွတ္ရက္ထက္ ေနာက္မက်ပဲ ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။ ခြင့္ျပဳခ်က္ရယူလိုပါက UMFCCI အသင္းခ်ဳပ္၊ အမႈေဆာင္အရာရွိခ်ဳပ္ ထံလိပ္မူ၍ ကိုယ္တိုင္ေရးေလွ်ာက္ လႊာ ၁ ေစာင္၊ ေလွ်ာက္ထားသူရဲ႕ CV၊ ဓါတ္ပံုု၊ အသင္းဝင္ကဒ္မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲ၍ အသင္း၀င္ ကုမၸဏီမ်ားမွ အဖြဲ႕ဝင္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔ႏွင့္ အတူ ေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက UMFCCI HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင္းခြဲ ၁၃၃၊ ၁၃၄ ႏွင့္ အီးေမးလ္ျဖစ္တဲ့ hrd@umfcci.com.mm သို႔ ဆက္သြယ္စံုစမ္း ေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ဂျပန်နိုင်ငံ Hokkaido University မှ ပေးအပ်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများသို့ ပညာသင်ဆုဖြင့် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

သင်တန်းကို ၂၀၁၈ အောက်တိုဘာလနဲ့ ၂၀၁၉ ဧပြီလများတွင် စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများသို့ သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီတဲ့အရာထမ်းများအနေနဲ့ သက်ဆိုင်ရာ Website ဖြစ်တဲ့ ဒီနေရာသို့ ဝင်ရောက်လေ့လာ၍ ယှဉ်ပြိုင်လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းများ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ပညာသင်ဆုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပြီး UMFCCI အသင်းချုပ်၏ ခွင့်ပြုချက်စာဖြင့် ပူးတွဲလျှောက်ထား၍ သက်ဆိုင်ရာတက္ကသိုလ်သို့ Website တွင် သတ်မှတ်ထားတဲ့ သတ်မှတ်ရက်ထက် နောက်မကျပဲ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ခွင့်ပြုချက်ရယူလိုပါက UMFCCI အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ် ထံလိပ်မူ၍ ကိုယ်တိုင်ရေးလျှောက် လွှာ ၁ စောင်၊ လျှောက်ထားသူရဲ့ CV၊ ဓါတ်ပုုံ၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့် အတူ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက UMFCCI HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ နှင့် အီးမေးလ်ဖြစ်တဲ့ hrd@umfcci.com.mm သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-ဝေဝေ