
လက်ရှိမှာ လူတိုင်းအတွက် ဘဝက မလွယ်ကူဘူး။ လုပ်ငန်းနဲ့ တစ်ဦးချင်း ကိစ္စတွေက ခက်ခဲလာပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်း ကမ္ဘာကြီးက လုံးဝပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်နဲ့ ကလေးတွေအပေါ် သွန်သင်မှုတွေ နည်းလမ်းပေါင်းများစွာပြောင်းလဲသွားပါတယ်။ အခုအချိန်မှာ အဆိုးထဲက အကောင်းတစ်ခုက လူစုလူဝေး ရှောင်ကြဉ်ပြီး လူတွေအချင်းချင်း နည်းပညာနဲ့ ဆက်သွယ်နေကြပါတယ်။ ပြဿနာတစ်ခုကတော့ နည်းပညာအားလုံးက လူသားတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ လူသားအခြေအနေအရ လိုအပ်နေတဲ့ အခြေအနေတွေ များစွာရှိဆဲပါ။
ဒါပေမဲ့ နည်းပညာက ကပ်ရောဂါကို ကျော်ဖြတ်နိုင်အောင် တစ်နည်းတစ်ဖုံ အထောက်အကူပေးမှာပါ။ ဒီဆောင်းပါးမှာတော့ COVID-19 ကာလအတွင်း သုံးစွဲသူတွေ အသုံးဝင်စေမယ့် Apple iOS အတွင်းက feature တွေကို ဖော်ပြပေးပါမယ်။
Contact Tracing API
Google နဲ့ Apple ပူးပေါင်းဖန်တီးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်း တွေက ထုတ်လုပ်တဲ့ app တွေမှာ contact tracing နည်းပညာနဲ့ အကူအညီပေးမှာ ဖြစ်ပါတယ်။ Apple ဟာ မေလအတွင်း အဲဒီလုပ်ဆောင်ချက်ကို ဖြန့်ချိနိုင်ဖို့ developer တွေအတွက် API မျိုးစေ့ချထားပါတယ်၊
ကျန်းမာရေးအာဏာပိုင်တွေက ပြင်ပအခြေအနေတွေ ပုံမှန်နီးပါးဖြစ်ဖို့ contact tracing နည်းပညာကို အသုံးပြုလိုပါတယ်။ ဒါဟာအရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါ။ ကျန်းမာရေး app တွေက သတင်းအချက်အလက်တွေ များစွာ ပေးလာနိုင်ပါတယ်။ ဒါ့အပြင် Apple Maps မှာလည်း COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ တည်နေရာတွေကို ပါဝင်လာပါတယ်။
Face ID
COVID-19 ကာလအတွင်းမှာ iPhone သုံးစွဲသူအများစု ကြုံရတာက မျက်နှာဖုံးတပ်ပြီး Face ID ကို အသုံးမပြုနိုင်တာပါ။ အဲဒီအကျပ်အတည်းကိုတော့ Apple ကဖြေရှင်းပေးပါတော့မယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ iOS beta ဗားရှင်းမှာ Face ID က မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကို ခြေရာခံမိတာနဲ့ passcode keyboard ကိုပြသပေးတဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။
FaceTime
Apple ဟာ FaceTime နဲ့ခေါ်ဆိုမှု ပြုလုပ်တဲ့အခါ ပိုမိုအသုံးဝင်ဖို့ grid view ကိုထည့်သွင်းထားပါတယ်။ လက်ရှိမှာ FaceTime က စကားပြောတဲ့သူတွေဆိုရင် view ကိုချဲပေးပါတယ်။ အခုဆိုရင် FaceTime မှာပါဝင်သူတွေအားလုံးကို မြင်ရမှာဖြစ်ပြီး Zoom ဒါမှမဟုတ် Google Meet နဲ့ interface ဆင်လာပါမယ်။ FaceTime ပါဝင်သူတစ်ဦးရဲ့ view ကိုအကြီးချဲ့ဖို့ tap လုပ်လိုက်ရုံပါပဲ။ Apple က အဲဒီ feature ကိုထည့်သွင်းထားကာ FaceTime settings မှာ ပြောင်းနိုင်ပါတယ်။FaceTime ရဲ့အခု feature တွေက beta အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် နောက်ဆုံး final ထွက်တဲ့အထိ feature တွေကို Apple က အပြောင်းအလဲ လုပ်နိုင်သေးပါတယ်။
လက်ရှိကပ်ရောဂါကာလမှာတော့ ကျွန်တော်တို့အနေနဲ့ လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ နည်းပညာအပေါ်မှာ အားထားနေရဦးမှာပါ။
စိုးထက်
Ref: Inc