ကနေဒါနိုင်ငံ Simon Fraser University အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

ကနေဒါနိုင်ငံ Simon Fraser University အကြောင်းဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် CROWN Education ကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ Burnaby, Surrey, Vancouverလို မြို့တွေမှာ ကျောင်းတက်ချင်တယ်၊ စာသင်စရိတ် သက်သာခွင့်ရချင်တယ် ဆိုတဲ့ မြန်မာကျောင်းသား/သူတွေအတွက် Simon Fraser University – SFU မှာတက်ရောက်ဖို့ ပြင်ဆင်ထားသင့်တဲ့အချက်တွေ ၊ Pathway Programs ပညာရေးလမ်းကြောင်းတွေ ၊ သင်ယူနိုင်မယ့် ဘာသာရပ်တွေ နဲ့ အခြားသိလိုတဲ့ အချက်အလက်တွေကို ဆွေးနွေးဖြေကြားပေးဖို့ ကျောင်းဘက်က တာဝန်ရှိသူနဲ့ အွန်လိုင်းမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ CROWN Education က စီစဉ်ပေးထားတာဖြစ်ပါတယ်။

Online Sharing Session အတွက် ယခုဖော်ပြပါ http://bit.ly/crownsep19 လင့်ခ်က‌နေတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««