ကင်မရာ ၅ လုံးအထိ ပါဝင်လာတဲ့ Xiaomi Mi CC9 Pro

Xiaomi ဟာ Mi CC9 Pro ကို တရားဝင် မိတ်ဆက်ခဲ့ပြီး ကျောဘက်ကင်မရာ ၅ လုံး ပါဝင်လာပါတယ်။ အဓိက ကင်မရာကတော့ 108MP sensor ဖြစ်ပါတယ်။

Mi CC9 မှာ Snapdragon 730G အသုံးပြုထားတဲ့အတွက် 2.2GHz စွမ်းဆောင်ရည်ရှိ core တွေနဲ့အတူ octa-core CPU ကိုအသုံးပြုထားပါတယ်။

မျက်နှာပြင် display ကတော့ ၆.၄၇ လက်မ Super AMOLED panel နဲ့အတူ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ 19.5:9 ratio ဖြစ်ပါတယ်။ ဒါ့အပြင် 32MP F/2.0 selfie ကင်မရာအတွက် ရေစက်ပုံစံ notch နဲ့ အနားကွေး ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Mi CC9 Pro ရဲ့အထူးခြားဆုံး feature ကတော့ ကျောဘက်က ကင်မရာတွေ ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ lens ၅ ခုနဲ့ LED flash ၄ ခု ပါဝင်လာပါတယ်။ အဓိက ကင်မရာ 108 MP ကင်မရာမှာ Samsung ISOCELL Bright HMX sensor အသုံးပြုထားပါတယ်။ Xiaomi နဲ့ Samsung နဲ့ပူးပေါင်းလုပ်ကိုင်ထားပြီး Mi Mix Alpha မှာ sensor ကို စတင် မိတ်ဆက်ခဲ့ပါတယ်။

Xiomi အနေနဲ့ အဆင့်မြင့် Edition မှာ F/1.7 8P lens ပါဝင်လာပါတယ်။ Mi CC9 Pro ဟာ F/1.7 lens ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာပါတယ်။ ဒါ့အပြင် 1/1.33 လက်မ sensor ပါဝင်ပြီး အလွန်အသေးစိတ်ကျတဲ့ ဓာတ်ပုံတွေနဲ့ အလင်းအားကောင်းတဲ့ စွမ်းဆောင်ရည်လည်း ပါဝင်လာပါတယ်။

ဒါ့အပြင် Mi CC9 Pro မှာပါဝင်တဲ့ telephoto ကင်မရာမှာ 5x optical zoom အထိပါဝင်တဲ့ OIS ပါဝင်လာပါတယ်။ Xiaomi အနေနဲ့ ultrawide angle 20MP ကင်မရာနဲ့အတူ ၁၁၇ဒီဂရီ field of view ပါဝင်လာပြီး ၂ စင်တီမီတာကနေ ၁၀ စင်တီမီတာ macro lens အသေးစားကင်မရာလေးလည်း ပါဝင်လာပါတယ်။ အဲဒီ ကင်မရာတွေက ၁.၅ စင်တီမီတာအကွာက အနီးကပ်ပုံ အသေးစိတ်ကို ရိုက်ကူးနိုင်ပါတယ်။

၅ လုံးမြောက် ကင်မရာကတော့ portrait အတွက်ဖြစ်ပြီး 2MP depth sensor မဟုတ်ဘဲ 2x zoom နဲ့အတူ 12MP telephoto ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် အကောင်းဆုံးရှုထောင့်ကနေ ၅၀ မီလီမီတာ focal အကွာအဝေးကနေ ချိန်ရွယ်နိုင်ပါတယ်။

Mi CC9 Pro မှာ ဘက်ထရီ 5,260mAh ပါဝင်ပြီး 30W PD အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်တဲ့အတွက် နာရီဝက်အတွင်း ၅၈ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သလို ၆၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းနိုင်ပါတယ်။ ဖုန်းမှာ Android 9 အခြေခံ MIUI 11 ကိုအသုံးပြုထားပါတယ်။ Mi CC9 Pro ကိုအစိမ်း၊ အဖြူနဲ့ အနက်ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။

Xiaomi Mi CC9 Pro ကို 6/128GB နဲ့ 8/256GB ဆိုပြီး ၂ မျိုးထုတ်လုပ်ထားကာ ကြိုတင်မှာယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ နဲ့ ဒေါ်လာ ၄၄၀ နဲ့အသီးသီး ရောင်းချသွားမှာဖြစ်ပါတယ်။ Xiaomi Mi CC9 Pro Premium Edition ဗားရှင်းမှာ 8/256GB storage ဖြစ်ပြီး ဒေါ်လာ ၅၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ Xiaomi က တရုတ်ပြည်မကြီးမှာ တရားဝင် ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena