ကင်မရာ ၅ လုံးနဲ့ 5G ချိတ်ဆက်မှုပါဝင်လာတဲ့ Honor V30 နဲ့ V30 Pro

Honor V30 နဲ့ Honor V30 Pro ကို ဘေကျင်းမြို့မှာ ပွဲတစ်ခုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Honor က ပထမဆုံးအကြိမ် ထုတ်လုပ်တဲ့ 5G ဖုန်းတွေဖြစ်လာပြီး Kirin 990 chipset နဲ့ကင်မရာ ၅ လုံး ပါဝင်လာပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ ကင်မရာ ၂ လုံးနဲ့ ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။

Honor V30 နဲ့ V30 Pro မှာ မျက်နှာပြင် ၆.၅၇ LCD Full HD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ fingerprint scanner ထည့်သွင်းထားပြီး ကျောဘက်မှာ ကင်မရာ ၃ လုံးကို နေရာတကျ ထည့်သွင်းထားပါတယ်။

Honor V30 နဲ့ V30 Pro တို့မှာ 40MP Sony IMX600 sensor နဲ့အတူ Dual OIS နဲ့ laser AF တို့ပါဝင်လာပါတယ်။ Pro ဗားရှင်းမှာတော့ မြန်ဆန်တဲ့ F/1.6 lens ပါဝင်လာပါတယ်။ V30 မှာတော့ F/1.8 optics ပဲ အသုံးပြုထားပါတယ်။ ဒါ့အပြင် 8MP telephoto ပါဝင်ပြီး 3x optical zoom, F/2.4 lens နဲ့ OIS တို့လည်း ပါဝင်လာပါတယ်။

ဖုန်း ၂ မျိုးအကြား ကွာခြားချက်ကတော့ ultrawide angle ကင်မရာဖြစ်ပါတယ်။ Honor V30 Pro မှာ 12MP sensor ပါဝင်ပြီး ဗီဒီယိုတွေကို 16:9 ratio နဲ့ F/2.2 lens နဲ့ရိုက်ကူးနိုင်ပါတယ်။
V30 မှာတော့ 8MP F/2.4 ultrawide ကင်မရာနဲ့အတူ ပုံမှန် sensor ပါဝင်လာပါတယ်။

ရှေ့ကင်မရာကတော့ 32MP အဓိက ကင်မရာနဲ့ Super Night Mode နဲ့ ၁၀၅ ဒီဂရီ FoV နဲ့အတူ 8MP ultrawide angle တို့ပါဝင်လာပါတယ်။

Honor V30 ဖုန်းတွေမှာ Kirin 990 5G chipset အသုံးပြုထားပါတယ်။ ဖုန်းကို RAM 6/8GB နဲ့ storage 128/256GB တို့နဲ့တွဲဖက်ထားပါတယ်။ Honor V30 မှာတော့ အခြေခံ 7nm Kirin 990 နဲ့ Balong 5000 modem ကိုအသုံးပြုထားပြီးPro ဗားရှင်းကတော့ 7nm+ Kirin 990 မှာ modem ကိုပေါင်းစပ်ထားပါတယ်။

Software ပိုင်းကတော့ Android 10 အခြေခံ Magic UI 3.0.1 ကိုအသုံးပြုထားပါတယ်။ Honor အနေနဲ့ GPU Turbo နဲ့ Kirin Gaming+ 2.0 ကိုလည်းထည့်သွင်းထားပါတယ်။
Honor V30 ဖုန်း ၂မျိုးစလုံးမှာ 40W Honor SuperCharge ပါဝင်လာပါတယ်။ V30 Pro မှာတော့ 27W Super Wireless Charge ပါဝင်လာပါတယ်။ Honor V30 မှာတော့ 4,200mAh နဲ့အတူ Pro မှာတော့ 4,100mAh ဘက်ထရီတွေ ပါဝင်လာပါတယ်။

Honor အနေနဲ့ V30 ကို လိမ္မော်၊ အဖြူ၊ အပြာ၊ အနက်ဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်မှာ ကြိုတင်မှာယူနိုင်ပါမယ်။
ဈေးနှုန်းကတော့ Honor V30 6/128GB ကို ဒေါ်လာ ၄၇၀ နဲ့ရောင်းချမှာ ဖြစ်ပြီး 8/128GB ကိုတော့ ဒေါ်လာ ၅၂၅ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။Honor V30 Pro ကိုတော့ 8/128GB ကို ၅၅၅ ဒေါ်လာနဲ့ 8/256GB ကိုတော့ ဒေါ်လာ ၆၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena