ကင်မရာ ၄ လုံးအထိ ပါဝင်လာတဲ့ Honor 30S

Huawei က နောက်ဆုံးပေါ် P စီးရီးဖုန်းတွေ မိတ်ဆက်အပြီး ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Honor က Honor 30S ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Honor 30S မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေ ပါဝင်လာပြီး အဆင့်မြင့်မှန်ထည်၊ အလူမီနီယံဒီဇိုင်းနဲ့ dual-mode 5G အပြင် Kirin 820 5G chipset ကိုအသုံးပြုထားပါတယ်။

Honor 30S မှာ ၆.၅ လက်မ FHD+ IPS display နဲ့အတူ punch-hole ဒီဇိုင်းထဲမှာ 16MP selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘက်မှာ capacitive fingerprint scanner ပါဝင်လာပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၄ လုံးကို စတုရန်းပုံထဲ ထည့်သွင်းထားပါတယ်။ အဓိက ကင်မရာက 64MP, 3x optical နဲ့ 20x hybrid zoom ပါဝင်တဲ့ 8MP, 8MP ultrawide နဲ့ 2MP depth တို့ပါဝင်လာပါတယ်။

Honor 30S မှာ Kirin 820 5G chipset ပါဝင်ပြီး ARM-Cortex A55 core ၄ ခုနဲ့ core ၈ ခု တည်ဆောက်ထားပြီး 1.8GHz အထိ clock လုပ်ထားသလို clock speed အမျိုးမျိုးပါဝင်တဲ့ ARM-A76 core ၄ ခုလည်းပါဝင်လာပါတယ်။ GPU အပိုင်းမှာတော့ Mali-G57 core ၄ ခုနဲ့ Kirin ISP 5.0 image signal ပရိုဆက်ဆာပါဝင်ပြီး စွမ်းဆောင်အလွန်ကောင်းမွန်လာပါတယ်။

Honor 30S မှာ Google Mobile Services မပါဝင်ဘဲ Android 10 အခြေခံ Magic UI 3.1.1 ကို အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 4,000mAh နဲ့အားသွင်းမြန်ဆန်တဲ့ 40W ဖြစ်ပါတယ်။ Honor 30S ကို အနက်၊ အပြာ၊ အစိမ်းနဲ့ အရောင်ပြေးလေးတွေ အသုံးပြုထားပါတယ်။

Honor 30S အတွက် 8/128GB ဗားရှင်းကတော့ ၃၃၈ ဒေါ်လာ ကျသင့်ပြီး 8/256GB ကတော့ ၃၈၀ ဒေါ်လာ ကျသင့်ပါမယ်။ ကြိုတင်မှာယူမှုကိုတော့ ပြုလုပ်နိုင်ပြီး ဧပြီလ ၇ ရက်မှ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena