ကင်မရာ ၄ လုံးအထိ ပါဝင်လာတဲ့ Oppo F17 နဲ့ F17 Pro

အသစ်မိတ်ဆက်လိုက်တဲ့ Oppo F17 နဲ့ F17 Pro ဖုန်းတွေက ပါးလွှာပြီး မြန်ဆန်ပါတယ်။

F17 ဖုန်း အထူးက ၇.၅ မီလီမီတာရှိပြီး အလေးချိန် ၁၆၀ ဂရမ် ရှိပါတယ်။ ဖုန်းတွေမှာ ဘက်ထရီ 4,000mAh ပါဝင်ပြီး အဆင့်မြှင့်တင်ထားတဲ့ VOOC 4.0 အပြင် သုညကနေ ၁၀၀ ရာခိုင်နှုန်း အထိ အားသွင်းမြန်ဆန်တဲ့ 30W ထောက်ပံ့ထားပါတယ်။ AI Night Charging ကလည်း ကောင်းစွာ အနားယူအိပ်စက်နိုင်အောင် ပြုလုပ်ပေးပါတယ်။ အိပ်ရာမထခင်မှာ မိနစ် ၉၀ အထိ ၈၀-၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

F17 Pro ဖုန်းမှာတော့ ၅ မိနစ် အားသွင်းရင် YouTube ဗီဒီယို ၂ နာရီ ကြည့်တာ ဒါမှမဟုတ် TikTok ၁ နာရီကြည့်တာ ဒါမှမဟုတ် PUBG ဂိမ်း ၃၆ မိနစ်အထိ ကစားနိုင်ပါတယ်။

Oppo F17 Pro ရဲ့ gaming ပိုင်းကတော့ MediaTek Helio P95 chipset အပြင် latency နိမ့်ပါးအောင် GPU အသုံးပြုထားကာ HDR ရုပ်ပုံနဲ့ ပုံရိပ်တွေ ထက်မြက်ပါတယ်။ အဲဒီ chipset ကို RAM 8GB နဲ့ storage 128GB အပြင် Color OS 7.2 (Android 10 အခြေခံ) တို့အသုံးပြုထားပါတယ်။

Pro မျက်နှာပြင်ကတော့ ၆.၄၃ လက်မ Super AMOLED နဲ့အတူ 1080p+ ရုပ်ထွက်အရည်အသွေး (20:9) တို့ပါဝင်လာပါတတယ်။ ဒါ့အပြင် 60Hz refresh rate ပါဝင်ကာ netfliix နဲ့ Amazon Prime Video က HD ဗီဒီယိုကြည့်ရှုဖို့ ထောက်ခံချက် ရရှိထားပါတယ်။

ဖုန်းရဲ့ display နဲ့ dual punch hole ကင်မရာတွေမှာ Gorilla Glass 3+ အသုံးပြုထားပါတယ်။ ဖုန်း display အောက်ဘက်မှာ fingerprint reader ကိုထည့်သွင်းထားကာ ၀.၃ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်နိုင်ပါတယ်။

F17 Pro ရှေ့ကင်မရာက 16MP sensor နဲ့ 2MP depth sensor တို့ပါဝင်လာပါတယ်။ Oppo က AI ထောက်ပံ့ထားတဲ့ effect နဲ့ depth sensor က အချက်အလက်များစွာ အပေါ် အာရုံစိုက်ထားပါတယ်။ F17 Pro ကျောဘက်ကင်မရာ 48MP, 8MP ultrawide ကင်မရာအပြင် monochromatic 2MP sensor နှစ်ခု ပါဝင်လာပါတယ်။

Oppo F17 Pro ကိုတော့ ကြိုတင်မှာယူနိုင်ကာ စက်တင်ဘာ ၇ ရက်မှာ စတင်ရောင်းချပါမယ်။ ဈေးနှုန်းကတာ့ အိန္ဒိယရူပီး ၂၃,၀၀၀ (ဒေါ်လာ ၃၀၀ကျော်) ကျသင့်ပါမယ်။

Oppo F17 ဖုန်းမှာလည်း ဘက်ထရီ 4,000mAh နဲ့ 30W VOOC အားသွင်းစနစ်တို့ပါဝင်လာပါတယ်။

ဖုန်းရဲ့ display ကတော့ မျက်နှာပြင် ၆.၄ လက်မ AMOLED panel နဲ့ 1080p ရုပ်ထွက်အရည်အသွေးဖြစ်ပြီး selfie ကင်မရာ 16MP ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာက Pro နဲ့ဆင်ပေမယ့် အဓိက 16MP 1/3.06” sensor နဲ့ f/2.2 lens ပါဝငင်လာပါတယ်။ ဒါ့အပြင် 8MP ultrawide ကင်မရာအပြင် 2MP depth sensor တွေလည်းပါဝင်လာပါတယ်။

F17 ပုံမှန်ဗားရှင်းမှာတော့ Snapdragon 662 အသုံးပြုထားပြီး 8nm ချစ်ပ်က စွမ်းအင်ထိရောက်မှုရှိကာ Wi-Fi 6 (ax) ပါဝင်လာပါတယ်။ F17 အတွက် 4/64GB ဗားရှင်းအပြင် 8/128GB ဗားရှင်းလည်း ထုတ်လုပ်ထားပါတယ်။

F17 ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုလည်း မကြာခင် ကြေညာသွားပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««