ကင်မရာ ၂ လုံးနဲ့ Snapdragon 439 ပါဝင်တဲ့ Redmi 8

Redmi 8A ကိုမိတ်ဆက်အပြီး ၂ ပတ်အကြာမှာ Redmi 8 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Redmi 8A နဲ့Remi 8 ဟာ အသေးစိတ် အချက်အလက်ဆင်ပါတယ်။

ဒါပေမဲ့ Redmi 8 မှာ Xiaoimi ရဲ့ Aura Mirror ဒီဇိုင်းနဲ့အတူ မှန်ထည်ကိုယ်ထည်ကို အသုံးပြုထားပြီး ကျောဘက်မှာ ဒုတိယမြောက် ကင်မရာ ပါဝင်ကာ RAM နဲ့ storage လည်းများပြားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ ၆.၂၂ လက်မ HD+ IPS LCD အပြင် ရှေ့ကင်မရာအတွက် 8MP F/2.0 ပါဝင်လာပါတယ်။ ကျောဘက်မှာ ကင်မရာ၂ လုံးပါဝင်ပြီး အဓိက ကင်မရာက 12MP F/1.8 Sony IMX 363 sensor အပြင် 1.4μm အရွယ် pixel နဲ့ PD ၂ ခု ပါဝင်လာပါတယ်။ ဒုတိယမြောက် ကင်မရာကတော့ 2MP depth sensor ပါဝင်လာပါတယ်။

ကိုယ်ရေးအကျဉ်း ၃၃ ခု အထိ လက်ခံတဲ့ AI scene ခြေရာခံမှုပါဝင်ပြီး ရှုခင်းပုံ၊ အပင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ India mode ၆မျိုး ပါဝင်လာပါတယ်။ ကင်မရာအောက်မှာ fingerprint sensor ပါဝင်လာပါတယ်။ Redmi 8A က Snapdragon 439 chipset ကိုအသုံးပြုထားပြီး RAM 4GB နဲ့ storage 64GB အထိ အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 5,000 mAh ဖြစ်ပြီး 18W အားသွင်းမြန်ဆန်စနစ်နဲ့ 10W adapter ပါဝင်လာပါတယ်။

အခြား feature တွေကတော့ FM ရေဒီယို၊ 3.5mm headphone jack , IR blaster နဲ့ P2i splash ကာကွယ်မှုတို့ ပါဝင်လာပါတယ်။ Redmi 8 ကို အပြာ၊ အနက်နဲ့ အနီဆိုပြီး ထုတ်လုပ်ထားက 3/32GB အတွက် ၁၁၂ ဒေါ်လာ အပြင် 4/64GB ကိုတော့ ၁၂၆ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယအတွင်းရောင်းချမှုကို အောက်တိုဘာလ ၁၂ ရက်မှာ Mi.com နဲ့ Flipkart တို့ကတစ်ဆင့် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ 4/64GB မော်ဒယ်ကိုတော့ ယူကရိန်းနိုင်ငံမှာ ၁၈၁ ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena