ကင်မရာပိုင်းထူးခြားတဲ့ Vivo X50, X50 Pro နဲ့ X50 Pro+

Vivo ဟာ X50 စီးရီးစမတ်ဖုန်းတွေဖြစ်တဲ့ Vivo X50, X50 Pro နဲ့ X50 Pro+ တို့ကို မိတ်ဆက်ခဲ့ပါတယ်။ X50 Pro နဲ့ Pro+ ဖုန်းတွေရဲ့ ဓာတ်ပုံစွမ်းဆောင်ရည်က အလွန်မြင့်မားပါတယ်။ X50 ကတော့ အပါးလွှာဆုံး 5G ဖြစ်တယ်လို့ သိရပါတယ်။

Vivo X50 Pro+

Vivo X50 Pro+ ဟာ Samsung ရဲ့ 50MP ISOCELL GN1 1/1.3” sensor အသုံးပြုထားတဲ့ ပထမဆုံးဖြစ်လာပါတယ်။ ISOCELL နဲ့ Tetracell ကိုပထမဆုံးပေါင်းစပ်ပြီး 12.5MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်ကာ ကြီးမားတဲ့ 2.4µm pixels တို့ပါဝင်လာပါတယ်။

ဒါ့အပြင် လှုပ်ရှားမှုကို မဝါးအောင်လုပ်ပေးတဲ့ algorithm နဲ့ continuous focus trackinig ပေါင်းစပ်ထားတာကြောင့် ညအချိန် အလွန်ကောင်းမွန်တဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ X50 ဖုန်းတွေအားလုံးမှာ ညအခါရှင်းလင်းတဲ့ ဓာတ်ပုံတွေရိုက်ကူးဖို့ Super Night Mode နဲ့ Astro Mode တို့ပါဝင်တယ်။

ပယ်ရီစကုပ် zoom ကင်မရာကလည်း 60x hybrid zoom အထိထောက်ပံ့ထားပြီး Hyper Zoom လို့ခေါ်ပါတယ် ကင်မရာကတော့ 8MP sensor နဲ့ F/3.0 lens နဲ့အတူ 5x optical magnification ပါဝင်တယ်။ ဒါ့အပြင် 8MP ultrawide နဲ့အတူ ၁၂၀ဒီဂရီ field of view တိုံပါဝင်လာပြီး macro ရိုက်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်။ စတုတ္ထမြောက်ကင်မရာကတော့ 13MP f/2.5 ဖြစ်ပြီး portrait ကင်မရာအတွက် ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ် ၆.၅၆လက်မ OLED display နဲ့ Snapdragon 865 chipset ထည့်သွင်းထားပါတယ်။ Pro+ မှာ Android 10 အခြေခံ Funtouch OS 10.5 ကိုအသုံးပြုထားပါတယ်။

Vivo X50 Pro

X50 Pro မှာထူးခြားတဲ့ ကင်မရာအစိတ်အပိုင်းတွေ ပါဝင်လာပါတယ်။ အဓိက ကင်မရာမှာ gimbal စတိုင်လ် stabilization ပါဝင်ပြီး ဗီဒီယိုတွေကို တည်ငြိမ်စွာ ရိုက်ကူးနိုင်ပါတယ်။ ဖုန်းမှာ 48MP sensor Sony IMX5598 အပြင် မြန်ဆန်တဲ့ f/1.6 aperture တို့ပါဝင်လာပါတယ် ။ အခြားကင်မရာ ၃ခုမှာ f/3.4 aperture ပါဝင်လာပါတယ်။ ရှေ့ကင်မရကတော့ f/2.5 aperture နဲ့ 32MP တို့ပဲ ဖြစ်ပါတယ်။

X50 Pro ဖုန်းမှာ OLED မျက်နှာပြင်ကွေးနဲ့ ရုပ်ထွက်အရည်အသွေး 1080x 237px ဖြစ်သလို fingerprint sensor နဲ့ Snapdragon 765G chipset တို့ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 4,315mAh ဖြစ်ပြီး 33W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါတယ်။ Pro+ ရဲ့ဘက်ထရီပမာဏနဲ့ အားသွင်းမြန်နှုန်းတော့ မသိသေးပါဘူး။

Vivo X50

Vivo X50 ဖုန်းမှာတော့ gimbal stabilization နဲ့ ပယ်ရီစကုပ် zoom တို့မပါဝင်ပါဘူး။

Vivo X50 အထူကတော့ ၇.၄၉မီလီမီတာပဲ ရှိတာကြောင့် အပါးလွှာဆုံး 5G ဖုန်းဖြစ်လာပါတယ်။ ဖုန်းမှာ Snapdragon 765G chipset ပါဝင်ပြီး မျက်နှာပြင် ၆.၅၆လက်မ AMOLED တို့ပါဝင်လာပါတယ်။

ဖုန်းရဲ့ punch-hole ထဲမှာ 32MP ကင်မရာပါဝင်လာပါတယ်။ X50 မှာတော့ f/2.48 aperture ပဲပါဝင်လာပါတယ်။

ကျောဘက်မှာ 48MP sensor နဲ့အတူ f/1.6 aperture ပါဝင်သလို ultrawide နဲ့ 13MP telephoto ကင်မရာတွေလည်း ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,200mAh ဖြစ်ပြီး 33W စနစ်နဲ့အားသွင်းနိုင်ပါတယ်။

Vivo X50 အတွက် 8GB/128GB ဖုန်းတွေကို ဒေါ်လာ ၄၉၀နဲ့ 8GB/256GB ကိုတော့ ၅၅၀ဒေါ်လာနဲ့ရောင်းချပါမယ်။ ဇွန်လ ၆ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီးအနက်၊ ပန်းရောင်နဲ့ အပြာနဲ့ ထုတ်လုပ်ပါမယ်။

Vivo X50 Pro ကိုတော့ အနက်နဲ့ အပြာနဲ့ပဲ ထုတ်လုပ်ပြီး 8GB/128GB မော်ဒယ်ကို ဒေါ်လာ ၆၀၀ကျသင့်ကာ 8GB/256GB ကတော့ ဒေါ်လာ ၆၆၀ ဖြစ်ပါတယ်။ ဖုန်းတွေကို ဇွန်လ ၁၂ရက်မှာ ရောင်းချပါမယ်။

Vivo X50 Pro+ ရဲ့ 12GB/256GB ကတော့ ဒေါ်လာ ၈၄၀ကျသင့်ပြီး 128GB နဲ့ 256GB မော်ဒယ်တွေကတော့ ဒေါ်လာ ၇၀၀နဲ့ ဒေါ်လာ ၇၇၀ဖြစ်ပါတယ်။ ဇူလိုင်လမှပဲ ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena