ကင်မရာနှစ်လုံး ပါဝင်လာတဲ့ iPhone 11

Apple ဟာ iPhone XR နေရာဆက်ခံသွားမယ့် iPhone 11 ကိုမိတ်ဆက်လိုက်ပါတယ်။ စျေးနှုန်းသက်သာတဲ့ LCD ပါဝင်တဲ့ iPhone XR ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး iPhone ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Apple ဟာ၂၀၁၉ ခုနှစ်နဲ့ လာမယ့်နှစ်အတွက် အဆင့်မြှင့်တင်ထားတဲ့ Apple ကိုမိတ်ဆက်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ iPhone XR လိုပဲ iPhone 11 မှာ မျက်နှာပြင် ၆.၁ လက်မ display ပါဝင်သလို ဒီဇိုင်းပိုင်းလည်း တူညီပါတယ်။ ရှေ့ဘက်က notch မှာ Face ID ကင်မရာကို ထည့်သွင်းထားပါတယ်။ Apple အနေနဲ့ iPhone 11 ကို အရောင်သစ်တွေနဲ့လည်း ထုတ်လုပ်သွားမှာဖြစ်ပြီး ခရမ်း၊ အဖြူ၊ အစိမ်း၊ အဝ၊ အနက်နဲ့ အနီတို့ဖြစ်ပါတယ်။

Apple ရဲ့အကြီးဆုံးဒီဇိုင်းပိုင်း အပြောင်းအလဲကတော့ ကျောဘက်ကင်ရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က iPhone XR မှာ 12-megapixel wide-angle ကင်မရာ တစ်လုံးကိုပဲ အသုံးပြုထားပါတယ်။ အခုဆို iPhone 11 မှာ ကင်မရာနှစ်လုံး ပါဝင်လာပြီး 2x optical zoom ထောက်ပံ့ထားတဲ့ 12-megapixel ultra-wide ကင်မရာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ကင်မရာ interface အလွန်ကောင်းမွန်ပြီး ultra-wide ကင်မရာနဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံအသေးစိတ်ကိုလည်း မြင်တွေ့နိုင်ပါတယ်။

Apple ဟာ ကင်မရာပိုင်းကို အာရုံစိုက်လုပ်ကိုင်ထားပြီး လူတွေရှိတဲ့နေရာအပေါ် မူတည်ပြီး အသားပေးသွားမယ့် multiscale tone mapping နည်းပညာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် high-key mono portrait effect သစ် ပါဝင်လာပြီး အိမ်မွေးတိရစ္ဆာန်တွေကို portrait ရိုက်ကူးပေးနိုင်ပါတယ်။

iPhone 11 ရဲ့ အထူးခြားဆုံး တစ်ခုကတော့ Night mode ပါဝင်လာပြီး Google ရဲ့ Pixel ထုတ်ကုန်တွေနဲ့ Samsung ရဲ့နောက်ဆုံးပေါ် Note 10 နဲ့ S10 ဖုန်းတွေနဲ့ ယှဉ်ပြိုင် နိုင်ပါတယ်။ Night mode က ညဘက်ရုပ်ပုံတွေ ရိုက်ကူးနိုင်ဖို့ adaptive bracket ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

သုံးစွဲသူက iPhone 11 မှာ ultra-wide နဲ့ ပုံမှန်ကင်မရာကို ပြောင်းလဲပြီး ဗီဒီယိုတွေကို ရိုက်ကူးနိုင်ကာ 60fps အထိ 4K ရုပ်ထွက်အရည်အသွေးနဲ့ ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာနှစ်လုံးက တိုးချဲ့ထားတဲ့ dynamc rage သစ်အပြင် slow-mo, time lapse တို့ကိုလည်း ရိုက်ကူးနိုင်ပါတယ်။

ရှေ့ကင်မရာကိုလည်း အဆင့်မြှင့်တင်ထားပြီး 12-megapixel TrueDepth wide-angle ကင်မရာနဲ့ landscape ရုပ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကလည်း 4K/60 ဗီဒီယိုနဲ့ slow-mo တို့ကိုရိုက်ကူးနိုင်ပါတယ်။ ရူးသွပ်ချင်စရာ selfie ဒါမှမဟုတ် “slofies” လို့ Apple ကခေါ်ဆိုတဲ့အတိုင်း ဗီဒီယိုကို ရိုက်ကူးနိုင်ပါတယ်။

iPhone 11 မှာ Apple ရဲ့နောက်ဆုံးပေါ် A13 Bionic ပရိုဆက်ဆာအသုံးပြုထားပြီး စမတ် ဖုန်းထဲက အမြန်ဆုံး CPU နဲ့ အမြန်ဆုံး GPU လို့ပြောဆိုနေကြပါတယ်။ Apple က Pascal’s Wager လို့အမည်ရတဲ့ဂိမ်းနဲ့အတူ စတိတ်ပေါ်မှာ သရုပ်ပြသခဲ့ပြီး မိုဘိုင်းရုပ် ထွက်ပိုင်းကောင်းမွန်တဲ့ App Store ကိုလာမယ့်လမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ Apple ဟာဂိမ်းသရုပ်ပြသမှုပဲပြုလုပ်ခဲ့ပြီး A13 စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ အရာတွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ Apple ရဲ့ iPhone 11 မှာ iPhone XR ထက်သာလွန်တဲ့ ဘက်ထရီသက်တမ်းရှိပါတယ်။ Apple ကအဆင့်မြင့် Face ID လို့ခေါ်တဲ့ မြန်နှုန်းမြင့် face-scanning feature လည်းပါဝင်လာပါတယ်။ iPhone 11 ဟာ IP68 အဆင့်ရှိပြီး ၂ မီတာအထိ ရေစိမ်ခံနိုင်ပါတယ်။ iPhone XR ကတော့ iP67 အဆင့်ပဲ ရှိတာဖြစ်ပါတယ်။

Apple ဟာ iPhone 11 ကိုဒေါ်လာ ၆၉၉ နဲ့ စက်တင်ဘာ ၂၀ ရက် မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်ကစတင်ပြီး iPhone 11 တွေကိုကြိုတင် မှာယူမှုပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge