ကင်မရာတွေကို ပြသထားတဲ့ Galaxy S20 Ultra ထွက်ပေါ်လာ

Samsung ဟာ လာမယ့်တစ်ပတ်မှာ ပြုလုပ်မယ့်ပွဲမှာ Galaxy S20 ဖုန်းကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုအခါမှာတော့ ဖုန်းကို မိတ်ဆက်ဖို့ ၆ ရက်အလိုမှာ Galaxy S20 Ultra နဲ့ S20+ တိုက်ရိုက်ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Samsung Galaxy S20 Ultra ကျောဘက်မှာ ထောင့်မှန်စတုဂံထဲ ကင်မရာကို ထည့်သွင်းထားပါတယ်။ ကင်မရာမှာ periscoper နဲ့အခြား ကင်မရာ ၃ လုံးအပြင် မိုက်ကရိုဖုန်း၊ LED flash နဲ့ အခြား sensor ပါဝင်လာပါတယ်။

Samsung Galaxy S20 Ultra မှာ ISOCELL Bright HMX sensor နဲ့အတူ အဓိက ကင်မရာ 108MP, 48MP periscooper telephoto အပြင် 10x optical နဲ့ 100x hybrid zoom, ultrawide-angle ကင်မရာနဲ့ ပုံမှန်နဲ့ telephoto အစိတ်အပိုင်းတွေကို ပေါင်းစပ်ပေးမယ့် 64MP ပါဝင်လာပါတယ်။

သီးခြားသတင်းရင်းမြစ် တစ်ခုကနေလည်း Galaxy S20 Ultra နဲ့ S20+ ပုံတွေ ထွက်ပေါ်လာပါတယ်။ S20+ မှာ ToF sensor ပါဝင်လာပြီး 12MP+ 64MP telephoto+ 12MP ultrawide-angle ကင်မရာတွေ ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena