ကင်မရာကတစ်ဆင့် နှလုံးခုန်နှုန်း တိုင်းတာပေးမယ့် Xiaomi Mi Health

Xiaomi ရဲ့ Mi Health app ဗားရှင်း 2.7.4 ဟာ ဖုန်းကင်မရာကို အသုံးပြုပြီး နှလုံးခုန်နှုန်း တိုင်းတာပေးမယ်လို့ XDA-Developers ကဖော်ပြခဲ့ပါတယ်။ ဖုန်းအတွင်းက ထပ်ဆောင်း sensor ဒါမှမဟုတ် hardware မလိုဘဲ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါမယ်။ Xiaomi Mi Health ဟာ Mi ထုတ်ကုန်တွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို စုစည်းဖော်ပြပေးတဲ့ app ဖြစ်ပါတယ်။

အဲဒီ feature ကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဖုန်းကင်မရာပေါ်ကို လက်ညှိုးတင်လိုက်ပြီး app မှာ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားရင် နှလုံးခုန်နှုန်း ရလဒ်ကို သိရပါမယ်။ နှလုံးခုန်နှုန်းကို General Status, Reting Stare ဒါမှမဟုတ် After Exercise ဆိုပြီး တစ်ခုရွေးပေးရပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ  လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««