ကင္မရာ ၉ လုံးပါဝင္တဲ့ စမတ္ဖုန္း ေရွ႕ေျပးထုတ္ကုန္ကုိ Light ဖန္တီးေန

[ Zawgyi ]

Light ဟာ ေက်ာဘက္မွာ ကင္မရာ ၅ လုံးကေန ၉ လုံးအထိ ပါဝင္တဲ့ စမတ္ဖုန္း ေရွ႕ေျပးပံုစံေတြကို စမ္းသပ္ဖန္တီးေနတယ္လို႔ Washingtion Post က ေဖာ္ျပခဲ့ပါတယ္။ Light ဟာ အိတ္ေဆာင္အရြယ္သာသာရွိတဲ့ ထုတ္ကုန္မွာ မွန္ဘီလူး ၁၆ ခုအထိ ပါဝင္တဲ့ L16 ကင္မရာ ဖန္တီးခဲ့ဖူးပါတယ္။

လက္ရွိလုပ္ကုိင္ေနတဲ့ ေရွ႕ေျပးပုံစံထုတ္ကုန္က မွန္ဘီလူးေတြဟာ 64-megapixel ဓာတ္ပုံေတြကို ႐ိုက္ကူးႏုိင္တယ္လို႔ Light ကေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေရွ႕ေျပးပုံစံစမတ္ဖုန္းဟာ low-light စြမ္းေဆာင္ရည္နဲ႔ depth effect ေတြ (လက္ရွိစမတ္ဖုန္းေတြမွာ ပါဝင္တဲ့ portrait mode feature ေတြ စတင္တည္ေဆာက္တဲ့ နည္းပညာ) ေကာင္းမြန္တယ္လို႔ သိရပါတယ္။

Light အေနနဲ႔ ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ကူးမႈေတြကုိ သဘာဝက်ေအာင္ ျပဳလုပ္ၿပီး အေကာင္းဆုံး စမတ္ဖုန္းကင္မရာတစ္ခုအျဖစ္ ဖန္တီးေနခ်င္ပုံရပါတယ္။ Light ဟာ ကိုယ္ပုိင္နည္းပညာကို ေဒၚလာ ၂,၀၀၀ တန္ကင္မရာ ထုတ္လုပ္တာထက္ ထုတ္ကုန္အမ်ိဳးမ်ိဳးမွာဖန္တီးဖို႔ စိတ္အားထက္သန္ေနပါတယ္။

Light ရဲ႕ ေရွ႕ေျပးပုံစံစမတ္ဖုန္းဟာ ဖုန္းထုတ္လုပ္သူေတြအၾကား ၿပိဳင္ဆုိင္မႈျမင့္တက္လာေအာင္ ဆက္လက္လုပ္ေဆာင္ Aပးႏိုင္ပါတယ္။ Huawei P20 Pro နဲ႔ HTC U12 Plus လို ထုတ္ကုန္ေတြမွာ ကင္မရာ ၄ လုံးအထိ ပါဝင္ၿပီး ေကာလာဟလ သတင္းေတြထြက္ေပၚေနတဲ့ LG ရဲ႕အသစ္ထြက္ရွိမယ့္ V40 မွာလည္း မွန္ဘီလူး ၅ ခုအထိ ပါဝင္တယ္လုိ႔ သိရပါတယ္။

Light အေနနဲ႔ ကိုယ္ပုိင္ကင္မရာနည္းပညာပါဝင္တဲ့ စမတ္ဖုန္းကို ဒီႏွစ္ကုန္ပုိင္းမွာ ထုတ္ေဖာ္ေၾကညာမယ္လို႔ Washington Post ကေဖာ္ျပခဲ့ပါတယ္။

စုိးထက္
Ref: TheVerge

[ Unicode ]

Light ဟာ ကျောဘက်မှာ ကင်မရာ ၅ လုံးကနေ ၉ လုံးအထိ ပါဝင်တဲ့ စမတ်ဖုန်း ရှေ့ပြေးပုံစံတွေကို စမ်းသပ်ဖန်တီးနေတယ်လို့ Washingtion Post က ဖော်ပြခဲ့ပါတယ်။ Light ဟာ အိတ်ဆောင်အရွယ်သာသာရှိတဲ့ ထုတ်ကုန်မှာ မှန်ဘီလူး ၁၆ ခုအထိ ပါဝင်တဲ့ L16 ကင်မရာ ဖန်တီးခဲ့ဖူးပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ ရှေ့ပြေးပုံစံထုတ်ကုန်က မှန်ဘီလူးတွေဟာ 64-megapixel ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ Light ကပြောခဲ့ပါတယ်။ ဒါ့အပြင် ရှေ့ပြေးပုံစံစမတ်ဖုန်းဟာ low-light စွမ်းဆောင်ရည်နဲ့ depth effect တွေ (လက်ရှိစမတ်ဖုန်းတွေမှာ ပါဝင်တဲ့ portrait mode feature တွေ စတင်တည်ဆောက်တဲ့ နည်းပညာ) ကောင်းမွန်တယ်လို့ သိရပါတယ်။

Light အနေနဲ့ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးမှုတွေကို သဘာဝကျအောင် ပြုလုပ်ပြီး အကောင်းဆုံး စမတ်ဖုန်းကင်မရာတစ်ခုအဖြစ် ဖန်တီးနေချင်ပုံရပါတယ်။ Light ဟာ ကိုယ်ပိုင်နည်းပညာကို ဒေါ်လာ ၂,၀၀၀ တန်ကင်မရာ ထုတ်လုပ်တာထက် ထုတ်ကုန်အမျိုးမျိုးမှာဖန်တီးဖို့ စိတ်အားထက်သန်နေပါတယ်။

Light ရဲ့ ရှေ့ပြေးပုံစံစမတ်ဖုန်းဟာ ဖုန်းထုတ်လုပ်သူတွေအကြား ပြိုင်ဆိုင်မှုမြင့်တက်လာအောင် ဆက်လက်လုပ်ဆောင် Aပးနိုင်ပါတယ်။ Huawei P20 Pro နဲ့ HTC U12 Plus လို ထုတ်ကုန်တွေမှာ ကင်မရာ ၄ လုံးအထိ ပါဝင်ပြီး ကောလာဟလ သတင်းတွေထွက်ပေါ်နေတဲ့ LG ရဲ့အသစ်ထွက်ရှိမယ့် V40 မှာလည်း မှန်ဘီလူး ၅ ခုအထိ ပါဝင်တယ်လို့ သိရပါတယ်။

Light အနေနဲ့ ကိုယ်ပိုင်ကင်မရာနည်းပညာပါဝင်တဲ့ စမတ်ဖုန်းကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ဖော်ကြေညာမယ်လို့ Washington Post ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: TheVerge