ကင္မရာ ၅ လုံးအထိ ပါဝင္တဲ့ Nokia 9 PureView

[ Zawgyi ]

HMD Global ရဲ႕ Nokia flagship ဖုန္းသစ္ဟာ ကုမၸဏီရဲ႕ရည္မွန္းခ်က္အႀကီးဆုံးဖုန္း ျဖစ္ပါတယ္။ Nokia 9 PureView မွာ ေက်ာဘက္ကင္မရာ ၅ လုံးအထိ ပါဝင္ပါတယ္။ MWC 2019 ျပပြဲမွာ Nokia 9 PureView စမတ္ဖုန္းကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။

Nokia 9 PureView မွာပါဝင္တဲ့ ကင္မရာ ၅ လုံးအတြက္ တူညီတဲ့ spec ေတြပဲအသုံးျပဳထားၿပီး 12 megapixel sensor နဲ႔ f/1.8 lens ပဲျဖစ္ပါတယ္။ ကင္မရာ ၂ လုံးကေတာ့ အေရာင္ေတြကုိ ႐ိုက္ကူးေပးၿပီး က်န္တဲ့ ၃ လုံး ကေတာ့ monochrome ျဖစ္ပါတယ္။

သုံးစြဲသူက ကင္မရာ shutter ကုိႏွိပ္လိုက္ရင္ ကင္မရာ ၅ လုံးစလုံးက တစ္ခ်ိန္တည္းမွာ မတူညီတဲ့ exposure ကို႐ိုက္ကူးၿပီး ဓာတ္ပုံတစ္ခုတည္းအျဖစ္ ေပါင္းစပ္ေပးမွာ ျဖစ္ပါတယ္။ ႐ိုက္ကူးတဲ့အရာေပၚ မူတည္ၿပီး ကင္မရာ ၁ ခု စီက ေနာက္ဆုံးဓာတ္ပုံအတြက္ exposure ေတြအမ်ိဳးမ်ိဳးကုိ ႐ိုက္ကူးႏိုင္ပါတယ္။ အေသးစိတ္နဲ႔ အေရာင္အႏုအစိတ္ကုိ ေဖာ္ျပေပးႏိုင္တဲ့ စမတ္ဖုန္းကင္မရာတစ္မ်ိဳးလို႔ ဆုိႏိုင္ပါတယ္။

Nokia အေနနဲ႔ ကင္မရာ ၅ လုံးကုိ ထိန္းေက်ာင္းဖို႔ Light ရဲ႕ Lux Capacitor ကင္မရာထိန္းခ်ဳပ္ ခ်စ္ပ္ကုိ တပ္ဆင္ထားၿပီး Snapdragon 845 ကေတာ့ lense ၃ လုံးကုိပဲ ထိန္းေက်ာင္းႏိုင္ပါတယ္။

Nokia 9 PureView ဟာ HMD ရဲ႕စြမ္းေဆာင္ရည္အျမင့္ဆုံး ဖုန္းျဖစ္ၿပီး in-display fingerprint sensor နဲ႔ face unlock စနစ္လုိမ်ိဳး အဆင့္ျမင့္ feature ေတြပါဝင္ၿပီး RAM 6GB, storage 128GB နဲ႔ IP67 ေရစိုခံစနစ္တို႔ ပါဝင္လာပါတယ္။ Nokia 9 PureView မွာ ၅.၉၉ လက္မ 2K OLED panel နဲ႔ ဘက္ထရီ 3,320 mAh ျဖစ္ပါတယ္။ ဖုန္းမွာ headphone အေပါက္ မပါဝင္ပါဘူး။ ဖုန္းရဲ႕ ေရွ႕နဲ႔ေနာက္မွာ Gorilla Glass ကိုအသုံးျပဳထားပါတယ္။

HMD Mobile အေနနဲ႔ မတ္လကစတင္ၿပီး Nokia 9 PureView ကိုေရာင္းခ်သြားမွာျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ ေဈးကြက္အလိုက္ ကြာျခားမႈရွိၿပီး အေမရိကန္မွာ ၆၉၉ ေဒၚလာနဲ႔ စတင္ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

HMD Global ရဲ့ Nokia flagship ဖုန်းသစ်ဟာ ကုမ္ပဏီရဲ့ရည်မှန်းချက်အကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Nokia 9 PureView မှာ ကျောဘက်ကင်မရာ ၅ လုံးအထိ ပါဝင်ပါတယ်။ MWC 2019 ပြပွဲမှာ Nokia 9 PureView စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

Nokia 9 PureView မှာပါဝင်တဲ့ ကင်မရာ ၅ လုံးအတွက် တူညီတဲ့ spec တွေပဲအသုံးပြုထားပြီး 12 megapixel sensor နဲ့ f/1.8 lens ပဲဖြစ်ပါတယ်။ ကင်မရာ ၂ လုံးကတော့ အရောင်တွေကို ရိုက်ကူးပေးပြီး ကျန်တဲ့ ၃ လုံး ကတော့ monochrome ဖြစ်ပါတယ်။

သုံးစွဲသူက ကင်မရာ shutter ကိုနှိပ်လိုက်ရင် ကင်မရာ ၅ လုံးစလုံးက တစ်ချိန်တည်းမှာ မတူညီတဲ့ exposure ကိုရိုက်ကူးပြီး ဓာတ်ပုံတစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးတဲ့အရာပေါ် မူတည်ပြီး ကင်မရာ ၁ ခု စီက နောက်ဆုံးဓာတ်ပုံအတွက် exposure တွေအမျိုးမျိုးကို ရိုက်ကူးနိုင်ပါတယ်။ အသေးစိတ်နဲ့ အရောင်အနုအစိတ်ကို ဖော်ပြပေးနိုင်တဲ့ စမတ်ဖုန်းကင်မရာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

Nokia အနေနဲ့ ကင်မရာ ၅ လုံးကို ထိန်းကျောင်းဖို့ Light ရဲ့ Lux Capacitor ကင်မရာထိန်းချုပ် ချစ်ပ်ကို တပ်ဆင်ထားပြီး Snapdragon 845 ကတော့ lense ၃ လုံးကိုပဲ ထိန်းကျောင်းနိုင်ပါတယ်။Nokia 9 PureView ဟာ HMD ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံး ဖုန်းဖြစ်ပြီး in-display fingerprint sensor နဲ့ face unlock စနစ်လိုမျိုး အဆင့်မြင့် feature တွေပါဝင်ပြီး RAM 6GB, storage 128GB နဲ့ IP67 ရေစိုခံစနစ်တို့ ပါဝင်လာပါတယ်။ Nokia 9 PureView မှာ ၅.၉၉ လက်မ 2K OLED panel နဲ့ ဘက်ထရီ 3,320 mAh ဖြစ်ပါတယ်။ ဖုန်းမှာ headphone အပေါက် မပါဝင်ပါဘူး။ ဖုန်းရဲ့ ရှေ့နဲ့နောက်မှာ Gorilla Glass ကိုအသုံးပြုထားပါတယ်။

HMD Mobile အနေနဲ့ မတ်လကစတင်ပြီး Nokia 9 PureView ကိုရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဈေးကွက်အလိုက် ကွာခြားမှုရှိပြီး အမေရိကန်မှာ ၆၉၉ ဒေါ်လာနဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။စိုးထက်Ref: TheVerge