ကင္မရာ ၄ လုံး ပါဝင္တဲ့ Oppo Reno2, Reno2 Z နဲ႔ Reno2 F

[ Zawgyi ]

Oppo ဟာ Reno ေမာ္ဒယ္သစ္ ၃ မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီဖုန္း ၃ မ်ိဳးဟာ Oppo Reno ေနရာဆက္ခံၿပီး Reno နဲ႔ Reno 10x zoom ထုတ္ကုန္အၾကားက အကြာအေဝးကုိ ခ်ဳံ႕ေပးမွာျဖစ္ေပမယ့္ periscope ကင္မရာေတာ့ မပါဝင္ပါဘူး။ အခု မိတ္ဆက္လိုက္တဲ့ ဖုန္း ၃ မ်ိဳးမွာ ၂ မ်ိဳးက မူလ Reno နဲ႔တူပါတယ္။

Reno 2 ဖုန္းေမာ္ဒယ္ ၃ မ်ိဳးမွာ ကင္မရာ ၄ လုံးပါဝင္ၿပီး မ်က္ႏွာျပင္အရြယ္ ၆.၅ လက္မ AMOLED display ေတြနဲ႔ pop-up selfie ကင္မရာေတြနဲ႔ VOOC 3.0 အားသြင္းျမန္ဆန္စနစ္ 20W နဲ႔အတူ 4,000mAh ဘက္ထရီေတြလည္း ပါဝင္လာပါတယ္။

ဖုန္းေတြကုိ အိႏၵိယအတြင္းက Flipkart, Amazon နဲ႔ Oppo မိတ္ဆက္စတိုးဆိုင္ေတြမွာ ဝယ္ယူႏိုင္ပါတယ္။

Oppo Reno2

Oppo Reno2 မွာ 48MP Sony IMX586 ½.0” sensor နဲ႔ f/1.7 aperture တို႔ပါဝင္ၿပီး Ultra Steady Video နဲ႔အတူ OIS လည္းပါဝင္လာပါတယ္။ ဒါ့အျပင္ ၁၁၆ ဒီဂရီ lens နဲ႔အတူ 8MP ultra wide-angle တို႔ ပါဝင္လာပါတယ္။ အခု ထုတ္ကုန္မွာပါဝင္တဲ့ telephoto ကင္မရာက အသစ္ျဖစ္ၿပီး 13MP ကင္မရာ (⅓.4”, f/2.4) နဲ႔ 5x hybrid zoom တို႔ပါဝင္လာပါတယ္။ Oppo အေနနဲ႔ optical zoom နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ ကုိ မထုတ္ျပန္ခဲ့ေပမယ့္ 3x ျဖစ္ႏိုင္ပါတယ္။ မူလ Reno မွာ zoom ဒါမွမဟုတ္ ultra wide ကင္မရာေတြ မပါဝင္လာပါဘူး။ ကင္မရာ ၄ လုံးမွာ portrait ဓာတ္ပုံေတြအတြက္ 2MP monochromatic ကင္မရာ ပါဝင္လာပါတယ္။

မ်က္ႏွာျပင္ ၆.၅ လက္မအရြယ္ AMOLED မ်က္ႏွာျပင္က အရင္ကထက္ အနည္းငယ္ႀကီးမားလာၿပီး ကုိယ္ထည္အခ်ိဳးအစားမွာ မ်က္ႏွာျပင္ ၉၃.၁ ရာခိုင္ႏႈန္းအထိ ပါဝင္တယ္လို႔ Oppo ကေျပာထားပါတယ္။ ေရွ႕ကင္မရာမွာ Reno shark skin အမွတ္အသား ပါဝင္လာပါတယ္။ ဖုန္းရဲ႕ 16MP ကင္မရာက ၀.၈ စကၠန္႔အတြင္း ထြက္လာၿပီး video bokeh ေထာက္ပံ့မႈ ပါဝင္လာပါတယ္။

Oppo Reno2 မွာ Snapdragon 730G chipset နဲ႔အတူ RAM 8GB နဲ႔ storage 256GB တို႔ပါဝင္လာပါတယ္။ ႐ုပ္ထြက္ပုိင္းကုိလည္း အဆင့္ျမႇင့္တင္ထားပါတယ္။

ဘက္ထရီကေတာ့ 4,000mAh နဲ႔ VOOC 3.0 အားသြင္းျမန္ဆန္တဲ့စနစ္ (20W) ေထာက္ပံ့ထားပါတယ္။

Oppo Reno2 ကို ၅၁၅ ေဒၚလာနဲ႔ စက္တင္ဘာ ၂၀ ရက္မွာေရာင္းခ်မွာျဖစ္ပါတယ္။

Oppo Reno2 Z

Oppo Reno2 Z မွာ 48MP IMX586 sensor ပါဝင္ေပမယ့္ OIS မပါဝင္ပါဘူး။ ဒါေပမဲ့ Ultra Steady Video feature ပါဝင္လာပါတယ္။ ဖုန္းမွာ 8MP ၁၁၉ ဒီဂရီ ultra wide-angle ကင္မရာအျပင္ ကင္မရာ ၄ လုံးမွာ portrait ဓာတ္ပုံေတြအတြက္ 2MP ကင္မရာ ၂ လုံးပါဝင္လာပါတယ္။

မ်က္ႏွာျပင္ ၆.၅၃ လက္မ AMOLED panel နဲ႔အတူ ၉၁.၆ ရာခိုင္ႏႈန္း StB ေဘးေဘာင္ထူထဲပါတယ္။ ေရွ႕ကင္မရာမွာေတာ့ shark fin အစား 16MP pop-up ပါဝင္လာပါတယ္။
Oppo Reno2 Z ကုိ MediaTek Helop P90 chipset နဲ႔အတူ 8/256GB ပါဝင္လာပါတယ္။

ဘက္ထရီကေတာ့ 4,000mAh နဲ႔ 20W VOOC 3.0 အားသြင္းစနစ္ ပါဝင္လာပါတယ္။

Oppo Reno2 Z ကုိေတာ့ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး စက္တင္ဘာ ၆ ရက္မွာ တင္ပုိ႔ေရာင္းခ်မွာျဖစ္ကာ ေဈးႏႈန္းကေတာ့ ေဒၚလ ၄၂၀ ျဖစ္ပါတယ္။

Oppo Reno2 F

Oppo Reno2 F ရဲ႕အဓိက ကင္မရာ 48MP ကင္မရာနဲ႔အတူ ½.25” sensor နဲ႔ f/1.79 lens တို႔ပါဝင္လာပါတယ္။ ေနာက္ပါဝင္လာမယ့္ ကင္မရာကေတာ့ 8MP ultra wide ကင္မရာနဲ႔ portrait ကင္မရာ၂ လုံးလည္း ပါဝင္လာပါတယ္။ အျခားအေျပာင္းအလဲကေတာ့ Helio P70 chipset လည္းျဖစ္ပါတယ္။ RAM 8GB အျပင္ storage ကလည္း 128GB ပါဝင္လာပါတယ္။

Oppo Reno2 F ရဲ႕ chipset ကလည္း Z နဲ႔တူညီပါတယ္။ မ်က္ႏွာျပင္ ၆.၅၃ လက္မ AMOLED display နဲ႔ 16MP selfie ကင္မရာနဲ႔ VOOC 3.0 20W အားသြင္းစနစ္ ပါဝင္လာပါတယ္။
ေဈးႏႈန္းကေတာ့ မထုတ္ျပန္ေသးဘဲ ႏိုဝင္ဘာလမွာ စတင္ ေရာင္းခ်မယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Oppo ဟာ Reno မော်ဒယ်သစ် ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်း ၃ မျိုးဟာ Oppo Reno နေရာဆက်ခံပြီး Reno နဲ့ Reno 10x zoom ထုတ်ကုန်အကြားက အကွာအဝေးကို ချုံ့ပေးမှာဖြစ်ပေမယ့် periscope ကင်မရာတော့ မပါဝင်ပါဘူး။ အခု မိတ်ဆက်လိုက်တဲ့ ဖုန်း ၃ မျိုးမှာ ၂ မျိုးက မူလ Reno နဲ့တူပါတယ်။

Reno 2 ဖုန်းမော်ဒယ် ၃ မျိုးမှာ ကင်မရာ ၄ လုံးပါဝင်ပြီး မျက်နှာပြင်အရွယ် ၆.၅ လက်မ AMOLED display တွေနဲ့ pop-up selfie ကင်မရာတွေနဲ့ VOOC 3.0 အားသွင်းမြန်ဆန်စနစ် 20W နဲ့အတူ 4,000mAh ဘက်ထရီတွေလည်း ပါဝင်လာပါတယ်။

ဖုန်းတွေကို အိန္ဒိယအတွင်းက Flipkart, Amazon နဲ့ Oppo မိတ်ဆက်စတိုးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

Oppo Reno2

Oppo Reno2 မှာ 48MP Sony IMX586 ½.0” sensor နဲ့ f/1.7 aperture တို့ပါဝင်ပြီး Ultra Steady Video နဲ့အတူ OIS လည်းပါဝင်လာပါတယ်။ ဒါ့အပြင် ၁၁၆ ဒီဂရီ lens နဲ့အတူ 8MP ultra wide-angle တို့ ပါဝင်လာပါတယ်။ အခု ထုတ်ကုန်မှာပါဝင်တဲ့ telephoto ကင်မရာက အသစ်ဖြစ်ပြီး 13MP ကင်မရာ (⅓.4”, f/2.4) နဲ့ 5x hybrid zoom တို့ပါဝင်လာပါတယ်။ Oppo အနေနဲ့ optical zoom နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် ကို မထုတ်ပြန်ခဲ့ပေမယ့် 3x ဖြစ်နိုင်ပါတယ်။ မူလ Reno မှာ zoom ဒါမှမဟုတ် ultra wide ကင်မရာတွေ မပါဝင်လာပါဘူး။ ကင်မရာ ၄ လုံးမှာ portrait ဓာတ်ပုံတွေအတွက် 2MP monochromatic ကင်မရာ ပါဝင်လာပါတယ်။

မျက်နှာပြင် ၆.၅ လက်မအရွယ် AMOLED မျက်နှာပြင်က အရင်ကထက် အနည်းငယ်ကြီးမားလာပြီး ကိုယ်ထည်အချိုးအစားမှာ မျက်နှာပြင် ၉၃.၁ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ Oppo ကပြောထားပါတယ်။ ရှေ့ကင်မရာမှာ Reno shark skin အမှတ်အသား ပါဝင်လာပါတယ်။ ဖုန်းရဲ့ 16MP ကင်မရာက ၀.၈ စက္ကန့်အတွင်း ထွက်လာပြီး video bokeh ထောက်ပံ့မှု ပါဝင်လာပါတယ်။

Oppo Reno2 မှာ Snapdragon 730G chipset နဲ့အတူ RAM 8GB နဲ့ storage 256GB တို့ပါဝင်လာပါတယ်။ ရုပ်ထွက်ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

ဘက်ထရီကတော့ 4,000mAh နဲ့ VOOC 3.0 အားသွင်းမြန်ဆန်တဲ့စနစ် (20W) ထောက်ပံ့ထားပါတယ်။

Oppo Reno2 ကို ၅၁၅ ဒေါ်လာနဲ့ စက်တင်ဘာ ၂၀ ရက်မှာရောင်းချမှာဖြစ်ပါတယ်။

Oppo Reno2 Z

Oppo Reno2 Z မှာ 48MP IMX586 sensor ပါဝင်ပေမယ့် OIS မပါဝင်ပါဘူး။ ဒါပေမဲ့ Ultra Steady Video feature ပါဝင်လာပါတယ်။ ဖုန်းမှာ 8MP ၁၁၉ ဒီဂရီ ultra wide-angle ကင်မရာအပြင် ကင်မရာ ၄ လုံးမှာ portrait ဓာတ်ပုံတွေအတွက် 2MP ကင်မရာ ၂ လုံးပါဝင်လာပါတယ်။

မျက်နှာပြင် ၆.၅၃ လက်မ AMOLED panel နဲ့အတူ ၉၁.၆ ရာခိုင်နှုန်း StB ဘေးဘောင်ထူထဲပါတယ်။ ရှေ့ကင်မရာမှာတော့ shark fin အစား 16MP pop-up ပါဝင်လာပါတယ်။
Oppo Reno2 Z ကို MediaTek Helop P90 chipset နဲ့အတူ 8/256GB ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 4,000mAh နဲ့ 20W VOOC 3.0 အားသွင်းစနစ် ပါဝင်လာပါတယ်။

Oppo Reno2 Z ကိုတော့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှာ တင်ပို့ရောင်းချမှာဖြစ်ကာ ဈေးနှုန်းကတော့ ဒေါ်လ ၄၂၀ ဖြစ်ပါတယ်။

Oppo Reno2 F

Oppo Reno2 F ရဲ့အဓိက ကင်မရာ 48MP ကင်မရာနဲ့အတူ ½.25” sensor နဲ့ f/1.79 lens တို့ပါဝင်လာပါတယ်။ နောက်ပါဝင်လာမယ့် ကင်မရာကတော့ 8MP ultra wide ကင်မရာနဲ့ portrait ကင်မရာ၂ လုံးလည်း ပါဝင်လာပါတယ်။ အခြားအပြောင်းအလဲကတော့ Helio P70 chipset လည်းဖြစ်ပါတယ်။ RAM 8GB အပြင် storage ကလည်း 128GB ပါဝင်လာပါတယ်။

Oppo Reno2 F ရဲ့ chipset ကလည်း Z နဲ့တူညီပါတယ်။ မျက်နှာပြင် ၆.၅၃ လက်မ AMOLED display နဲ့ 16MP selfie ကင်မရာနဲ့ VOOC 3.0 20W အားသွင်းစနစ် ပါဝင်လာပါတယ်။
ဈေးနှုန်းကတော့ မထုတ်ပြန်သေးဘဲ နိုဝင်ဘာလမှာ စတင် ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena