ကင်မရာ ၃ လုံးနဲ့ X Pen stylus ပါဝင်လာတဲ့ Infinix Note 6

[ Zawgyi ]






စိုးထက်
Ref: GSMArena

[ Unicode ]

ဟောင်ကောာင်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Infinix Mobile ဟာ Infinix Note 6 ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
Note 6 မှာ Helio P35 SoC ကို RAM 4GB နဲ့တွဲဖက်ပေးထားပြီး Android Pie အပေါ်မှာ XOS 5.0 ကို အသုံးပြုထားသလို storage 64GB နဲ့ microSD ကတ်နဲ့အတူ 128GB အထိမြှင့်နိုင်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၀၁ လက်မအရွယ်ဖြစ်ပြီး FHD+ Always-On AMOLEd display နဲ့အတူ 16MP ရှေ့ကင်မရာ ပါဝင်လာပါတယ်။ ကျောဘက်မှာ fingerprint reader နဲ့ ကင်မရာ ၃ လုံး 16MP, 8MP ultra-wide နဲ့ 2MP depth sensor တို့ပါဝင်လာပါတယ်။

Infinix Note 6 မှာ X Pen လို့အမည်ရတဲ့ stylus ပါဝင်ပြီး AI နဲ့ AR လည်းပါဝင်လာတဲ့အတွက် ပုံကြမ်းတွေနဲ့ မှတ်စုတွေကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။ သုံးစွဲသူက X Pen နဲ့ပြင်ပက အရာဝတ္ထုတွေကို တိုင်းတာနိုင်တဲ့ AR Measure လို့အမည်ရတဲ့ feature လည်းပါဝင်လာနိုင်ပါတယ်။

Note 6 မှာ ဘက်ထရီ 4,000mAh ပါဝင်ပြီး microUSB port ကတစ်ဆင့် အားသွင်းရပါမယ်။ Infinix Note 6 ကို အနက်ရောင်၊ အညိုနဲ့ အပြာဆိုပြီး ထုတ်လုပ်ထားပါတယ်။ Infinix Note 6 ကိုဒေါ်လာ ၂၀၀ နဲ့ အာဖရိကနိုင်ငံတချို့မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena