ကင္မရာေျခာက္လံုးအထိပါလာႏုိင္ဖြယ္ရွိတဲ့ Vivo V17 Pro ကို ျမန္မာႏိုင္ငံတြင္ မိတ္မဆက္ခင္ Pre – Order မၾကာမီ စတင္လက္ခံေတာ့မည္

[Zawgyi]

Vivo V17 Pro မွာဘယ္လိုကင္မရာေတြပါ၀င္လာမလဲဆုိတာကို အႀကိဳမိတ္ဆက္တဲ့ ဗီဒီယို အြန္လုိင္းမွာ စက္တင္ဘာလအေစာပိုင္းက ေနာက္ထပ္ထြက္ရွိလာပါတယ္။ အဲဒီ promo video ထဲမွာ ဖုန္းေထာင့္ မ်က္ႏွာျပင္အစံုကို ျပသသြားတယ္။ Vivo V17 Pro ရဲ႕ ကင္မရာ features အခ်ဳိ႕ကိုလည္း ျပသြားတာေၾကာင့္ ေနာက္ေက်ာဘက္မွာ ကင္မရာေလးလံုးအနည္းဆံုးပါ၀င္လာ မယ္ဆုိတာေတာ့ ေသခ်ာသြားပါၿပီ။ ေရွ႕ဘက္က wide angle sensor ပါ၀င္တဲ့ dual pop-up ကင္မရာကိုလည္း ရိုက္ျပသြားတယ္။ ဒါေၾကာင့္ဒီတစ္ပတ္ထဲမွာ Vivo V17 Pro ဟာ smartphone ေလာကရဲ႕ dual-pop-up ကင္မရာ ပါ၀င္လာတဲ့ ပထမဆံုးဖုန္း ျဖစ္တယ္လို႔ အခုိင္အမာေျပာခဲ့တာပါ။

အခုလက္ရွိအခ်ိန္ထိ Vivo V15 နဲ႔ V15 Pro မွာတုန္းက single pop-up selfie camera ကို မိတ္ဆက္ခဲ့တာကုိပဲေတြ႕ရတယ္။ Vivo V15 Pro မွာကင္မရာေတြက ေရွ႕ဘက္မွာတစ္လံုး၊ ေနာက္ဘက္မွာ သံုးလံုး စုစုေပါင္းကင္မရာေလးလံုးပါတယ္။ ဒါေၾကာင့္လာမယ့္ Vivo V17 Pro ကေတာ့ ကုမၸဏီရဲ႕ ပထမဆံုး ေရွ႕ဘက္ dual pop-up camera ပါ၀င္တဲ့စမတ္ဖုန္းသစ္ျဖစ္လာပါလိမ့္မယ္။

အေနာက္ဘက္ကင္မရာ ေလးလံုးက ေနာက္ဘက္မ်က္ႏွာျပင္အလယ္ေလာက္မွာ ေထာင္မတ္ၿပီး ထည့္ထားတယ္။ ေျပာရရင္ Vivo V17 Pro ရဲ႕က်ယ္ျပန္႔တဲ့ pop-up selfie sensor က iPhone-X မွာေတြ႕ရတဲ့ မ်က္ႏွာျပင္အက်ယ္နဲ႔ပံုစံတူတယ္။

ဒါ့အျပင္ အေရွ႕ကင္မရာမွာ night mode နဲ႔ wider selfie features အျပင္ အေသးစိတ္ပံု ထြက္ရရွိေအာင္ ရိုက္ကူးႏိုင္မယ့္ macro-lens လဲ ပါဝင္လာမယ္လို႔ သိရပါတယ္။ အခုထြက္ရွိလာတဲ့ သတင္းေတြအရဆိုရင္ ကင္မရာပိုင္းနဲ႔ ပတ္သက္လို႔ ေတာ္ေတာ့္ကို ၿပီးျပည့္စံုတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာမွာ အမွန္ပါပဲ။ ဒါ့အျပင္ USB Type C ပါဝင္လာမလားဆိုတာလည္း ေစာင့္ၾကည့္ရမယ့္ အခ်က္ျဖစ္ ပါတယ္။ ၿပီးခဲ့တဲ့ V15 Pro မွာ Micro USB ပဲ ပါဝင္လာတဲ့အတြက္ အားလံုးက Vivo ဖုန္းအသစ္ေတြရဲ႕ USB Type C ကို ေစာင့္စားေနၾကတယ္ဆိုရင္လည္း မမွားပါဘူး။

V17 Pro ရဲ႕ CPU ကို internal storage အေနနဲ႔ 8GB RAM နဲ႔ 128GB ROM အသံုးျပဳထား တယ္လို႔ေတာ့ သိရပါတယ္။ Display ပိုင္းမွာလည္း သီးသန္႔ တီထြင္ အသံုးျပဳထားတဲ့ New Super AMOLED Display ကို အသံုးျပဳထားတယ္လို႔ ဆိုပါတယ္။ ဖုန္းရဲ႕ Display panel ေတြဟာေကာင္းမြန္တာေၾကာင့္ မေတာ္ တဆ ထိခိုက္ပြန္းပဲ့မႈေတြေလာက္ေတာ့ ဒဏ္ခံႏိုင္မွာ ျဖစ္ပါတယ္။ Display ပိုင္းမွာ အားသာေအာင္ အသံုးျပဳ ထားသလုိ ဘက္ထရီ အားကုန္ျမန္တဲ့ ျပႆနာေတြအတြက္လည္း 4100 mAh နဲ႔ အျမန္အားသြင္းစနစ္ (Dual Engine Fast Charging) ပါ၀င္မယ္လို႔ သိရပါတယ္။

Vivo V17 Pro ကို ျမန္မာႏုိင္ငံေစ်းကြက္ထဲ မၾကာခင္မိတ္ဆက္္ေတာ့မွာျဖစ္ၿပီး ထူးထူးျခားျခား တရား၀င္ မထြက္ရွိခင္ ႀကိဳတင္ Pre – Order စတင္လက္ခံေတာ့မွာပဲျဖစ္ပါတယ္။

[Unicode]

Vivo V17 Pro မှာဘယ်လိုကင်မရာတွေပါ၀င်လာမလဲဆိုတာကို အကြိုမိတ်ဆက်တဲ့ ဗီဒီယို အွန်လိုင်းမှာ စက်တင်ဘာလအစောပိုင်းက နောက်ထပ်ထွက်ရှိလာပါတယ်။ အဲဒီ promo video ထဲမှာ ဖုန်းထောင့် မျက်နှာပြင်အစုံကို ပြသသွားတယ်။ Vivo V17 Pro ရဲ့ ကင်မရာ features အချို့ကိုလည်း ပြသွားတာကြောင့် နောက်ကျောဘက်မှာ ကင်မရာလေးလုံးအနည်းဆုံးပါ၀င်လာ မယ်ဆိုတာတော့ သေချာသွားပါပြီ။ ရှေ့ဘက်က wide angle sensor ပါ၀င်တဲ့ dual pop-up ကင်မရာကိုလည်း ရိုက်ပြသွားတယ်။ ဒါကြောင့်ဒီတစ်ပတ်ထဲမှာ Vivo V17 Pro ဟာ smartphone လောကရဲ့ dual-pop-up ကင်မရာ ပါ၀င်လာတဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ အခိုင်အမာပြောခဲ့တာပါ။

အခုလက်ရှိအချိန်ထိ Vivo V15 နဲ့ V15 Pro မှာတုန်းက single pop-up selfie camera ကို မိတ်ဆက်ခဲ့တာကိုပဲတွေ့ရတယ်။ Vivo V15 Pro မှာကင်မရာတွေက ရှေ့ဘက်မှာတစ်လုံး၊ နောက်ဘက်မှာ သုံးလုံး စုစုပေါင်းကင်မရာလေးလုံးပါတယ်။ ဒါကြောင့်လာမယ့် Vivo V17 Pro ကတော့ ကုမ္ပဏီရဲ့ ပထမဆုံး ရှေ့ဘက် dual pop-up camera ပါ၀င်တဲ့စမတ်ဖုန်းသစ်ဖြစ်လာပါလိမ့်မယ်။

အနောက်ဘက်ကင်မရာ လေးလုံးက နောက်ဘက်မျက်နှာပြင်အလယ်လောက်မှာ ထောင်မတ်ပြီး ထည့်ထားတယ်။ ပြောရရင် Vivo V17 Pro ရဲ့ကျယ်ပြန့်တဲ့ pop-up selfie sensor က iPhone-X မှာတွေ့ရတဲ့ မျက်နှာပြင်အကျယ်နဲ့ပုံစံတူတယ်။

ဒါ့အပြင် အရှေ့ကင်မရာမှာ night mode နဲ့ wider selfie features အပြင် အသေးစိတ်ပုံ ထွက်ရရှိအောင် ရိုက်ကူးနိုင်မယ့် macro-lens လဲ ပါဝင်လာမယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ သတင်းတွေအရဆိုရင် ကင်မရာပိုင်းနဲ့ ပတ်သက်လို့ တော်တော့်ကို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာ အမှန်ပါပဲ။ ဒါ့အပြင် USB Type C ပါဝင်လာမလားဆိုတာလည်း စောင့်ကြည့်ရမယ့် အချက်ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ V15 Pro မှာ Micro USB ပဲ ပါဝင်လာတဲ့အတွက် အားလုံးက Vivo ဖုန်းအသစ်တွေရဲ့ USB Type C ကို စောင့်စားနေကြတယ်ဆိုရင်လည်း မမှားပါဘူး။

V17 Pro ရဲ့ CPU ကို internal storage အနေနဲ့ 8GB RAM နဲ့ 128GB ROM အသုံးပြုထား တယ်လို့တော့ သိရပါတယ်။ Display ပိုင်းမှာလည်း သီးသန့် တီထွင် အသုံးပြုထားတဲ့ New Super AMOLED Display ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ Display panel တွေဟာကောင်းမွန်တာကြောင့် မတော် တဆ ထိခိုက်ပွန်းပဲ့မှုတွေလောက်တော့ ဒဏ်ခံနိုင်မှာ ဖြစ်ပါတယ်။ Display ပိုင်းမှာ အားသာအောင် အသုံးပြု ထားသလို ဘက်ထရီ အားကုန်မြန်တဲ့ ပြဿနာတွေအတွက်လည်း 4100 mAh နဲ့ အမြန်အားသွင်းစနစ် (Dual Engine Fast Charging) ပါ၀င်မယ်လို့ သိရပါတယ်။

Vivo V17 Pro ကို မြန်မာနိုင်ငံစျေးကွက်ထဲ မကြာခင်မိတ်ဆက််တော့မှာဖြစ်ပြီး ထူးထူးခြားခြား တရားဝင် မထွက်ရှိခင် ကြိုတင် Pre – Order စတင်လက်ခံတော့မှာပဲဖြစ်ပါတယ်။