ကင်မရာကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ vivo Z5
[ Zawgyi ]
စိုးထက်
Ref: GSMArena
[ Unicode ]
vivo Z5x ကို မေလမှာ မိတ်ဆက်ပြီးနောက် ကုမ္ပဏီက ကင်မရာပိုင်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ SoC နဲ့ ရေစက်ပုံစံ notch ပါဝင်တဲ့ z5 ဗားရှင်းကိုမိတ်ဆက်ခဲ့ပါတယ်။ vivo z5 မှာ under-display fingerprint reader လည်းပါဝင်လာပါတယ်။
vivo z5 မှာ Snapdragon 712 chipset ကို RAM 6GB ဒါမှမဟုတ် 8GB အပြင် internal storage 64/128/256GB နဲ့ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်မျိုးမျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆.၃၈ လက်မ ဖြစ်ပြီး 1080x 2340px ရုပ်ထွက်အရည်အသွေးနဲ့ under-display fingerprint scanner ဖြစ်ကာ panel ကတော့ Super AMOLED ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာတော့ ကျောဘက်က 48MP f/1.8 aperture နဲ့ 8MP wide-angle lens f/2.0 aperture ဖြစ်ပါတယ်။ ကျောဘက်မှာ တတိယမြောက်ကင်မရာ depth sensing အတွက် 2MP ပါဝင်လာပါတယ်။ ဖုန်းမှာ အလင်းအားနည်းတဲ့နေရာတွေမှာ ကောင်းမွန်တဲ့ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် night mode လည်းပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ pixel ပေါင်းစပ်ထောက်ပံံမှုနဲ့အတူ 32MP ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး အားသွင်းမြန်ဆန်တဲ့ 22.5W နဲ့အတူ အခြားထုတ်ကုန်တွေကို အားသွင်းပေးနိုင်ပါတယ်။ vivo z5 မှာ Android 9.0 Pie အခြေခံ Funtouch OS 9.1 ကိုအသုံးပြုထားပါတယ်။
vivo z5 ကို အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ vivo z5 ရဲ့ 6GB/64GB ကို ဒေါ်လာ ၂၃၀၊ 6GB/128GB ကို ၂၇၅ ဒေါ်လာ၊ 6GB/256GB ကို ဒေါ်လာ ၂၉၀နဲ့ 8GB/128GB ကိုတော့ ဒေါ်လာ ၃၃၀ နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။
စိုးထက်
Ref: GSMArena