ကင္မရာစနစ္တြင္ AI Beauty 2.0 နည္းပညာပါ၀င္ေသာ စမတ္ဖုန္းေမာ္ဒယ္သစ္ ႏွစ္မ်ဳိးကို ျပည္တြင္း၌ မိတ္ဆက္

[ Zawgyi ]

OPPO မွ ကင္မရာစနစ္မွာ AI Beauty 2.0 နည္းပညာပါ၀င္တဲ့ OPPO F7 နဲ႔ F7 Youth ေမာ္ဒယ္သစ္ စမတ္ဖုန္းႏွစ္မ်ိဳးကို ျပည္တြင္းမွာ မိတ္ဆက္လိုက္ပါတယ္။ အဆိုပါ နည္းပညာဟာ ဒုတိယမ်ဳိးဆက္နည္းပညာ တစ္ခုျဖစ္ၿပီး ပထမမ်ဳိးဆက္နည္းပညာျဖစ္တဲ့ AI Beauty 1.0 ထက္ မ်က္ႏွာေပၚက Facial recognition အမွတ္ေပါင္း ၂၉၆ ခု အထိကို ဖတ္ယူႏုိင္မွာျဖစ္တဲ့အျပင္ ဖုန္းအသုံးျပဳသူရဲ႕ အသက္၊ က်ား-မ သာမကဘဲ အသားအေရာင္၊ အသားအေရအမ်ဳိးအစား မတူညီမႈကို ယခင္ကထက္ ၂ဝ ရာခုိင္ႏႈန္း ပိုမိုတိက်စြာနဲ႔ မတူညီတဲ့ ပုံသ႑ာန္ေလးမ်ဳိးထိကို အေသးစိတ္ရွာေဖြ လုပ္ေဆာင္ေပးႏုိင္တယ္လို႔ သိရပါတယ္။

 

OPPO F7 စမတ္ရဲ႕ ေရွ႕ဘက္ကင္မရာမွာ ေနေရာင္ေအာက္၊ အရိပ္ေအာက္နဲ႔ အလင္းအေမွာင္ အေနအထား အမ်ဳိးမ်ဳိးမွာ ႐ုိက္ကူးႏုိင္မယ့္ Real-Time HDR sensor စနစ္ကို တပ္ဆင္ထားပါတယ္။ ျမင္ကြင္းအရြယ္အစားကေတာ့ ၆.၂၃ လက္မရွိတဲ့ FHD+ Super Full Screen အမ်ဳိးအစားျဖစ္ၿပီး screen resolution 2280×1080 pixels အထိ ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္။ f/1.8 ရွိတဲ့ 16MP အမ်ဳိးအစား ေက်ာဘက္ကင္မရာနဲ႔ f/2.0 ရွိတဲ့ 25 MP အမ်ဳိးအစား ေရွ႕ဘက္ေတြကို တပ္ဆင္ထားၿပီး သိုေလွာင္မႈအေနနဲ႔ 64 GB ရွိတဲ့အျပင္ RAM ကေတာ့ 4GB ထည့္သြင္း အသုံးျပဳထားပါတယ္။ လက္ေဗြလုံၿခဳံေရးစနစ္ ေထာက္ပံ့ပါ၀င္ၿပီး ဘက္ထရီကေတာ့ 3400 mAh ရွိပါတယ္။

F7 Youth ကေတာ့ ျမင္ကြင္းအရြယ္အစား ၆.ဝ လက္မရွိၿပီး screen resolution 1080×2160 pixels အထိ ေထာက္ပံ့ေပးႏုိင္တဲ့ Full HD+ Display ကို အသုံးျပဳထားပါတယ္။ ကင္မရာကေတာ့ f/2.2 ရွိတဲ့ 13MP ေက်ာဘက္ကင္မရာနဲ႔ 8 MP ေရွ႕ဘက္ကင္မရာေတြကို တပ္ဆင္ထားပါတယ္။ သိုေလွာင္မႈအေနနဲ႔ 64 GB ရွိတဲ့အျပင္ RAM ကေတာ့ 4GB ထည့္သြင္း အသုံးျပဳထားပါတယ္။ Android OS 8.1 (Oreo) အေျခခံထားတဲ့ Color OS 5.0 ကို အသုံးျပဳထားၿပီး ဘက္ထရီကေတာ့ 3410 mAh အမ်ဳိးအစားကို အသုံးျပဳထားပါတယ္။

ဒီဖုန္းေတြမွာ 4G SIM ကတ္ႏွစ္ကတ္ တစ္ၿပိဳင္နက္ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး သိုေလွာင္ႏုိင္မႈပမာဏကို 256GB အထိ တိုးျမႇင့္အသုံးျပဳႏုိင္မယ့္ SD ကတ္စနစ္ကိုလည္း သီးျခားအေနနဲ႔ ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ ကမၻာ့ပထမဆုံး 12nm AI processor ျဖစ္တဲ့ Mediatek MT6771 Helio P60 CPU ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Mali-G72 MP3 စနစ္ ေထာက္ပံ့ပါ၀င္မွာ ျဖစ္ပါတယ္။ တန္ဖိုးအေနနဲ႔ F7 ေမာ္ဒယ္ကို ၃၈၉,ဝဝဝ က်ပ္၊ F7 Youth ေမာ္ဒယ္ကို ၃၁၉,ဝဝဝ က်ပ္နဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး အေရာင္အေနနဲ႔ အနီ (Solar Red)၊ ေငြမင္(Moonlight Silver)၊ အနက္ (Diamond Black) တို႔နဲ႔ ရရွိႏုိင္မယ္လို႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

=====

[ Unicode ]

ကင်မရာစနစ်တွင် AI Beauty 2.0 နည်းပညာပါ၀င်သော စမတ်ဖုန်းမော်ဒယ်သစ် နှစ်မျိုးကို ပြည်တွင်း၌ မိတ်ဆက်

=====

OPPO မှ ကင်မရာစနစ်မှာ AI Beauty 2.0 နည်းပညာပါ၀င်တဲ့ OPPO F7 နဲ့ F7 Youth မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးကို ပြည်တွင်းမှာ မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ နည်းပညာဟာ ဒုတိယမျိုးဆက်နည်းပညာ တစ်ခုဖြစ်ပြီး ပထမမျိုးဆက်နည်းပညာဖြစ်တဲ့ AI Beauty 1.0 ထက် မျက်နှာပေါ်က Facial recognition အမှတ်ပေါင်း ၂၉၆ ခု အထိကို ဖတ်ယူနိုင်မှာဖြစ်တဲ့အပြင် ဖုန်းအသုံးပြုသူရဲ့ အသက်၊ ကျား-မ သာမကဘဲ အသားအရောင်၊ အသားအရေအမျိုးအစား မတူညီမှုကို ယခင်ကထက် ၂ဝ ရာခိုင်နှုန်း ပိုမိုတိကျစွာနဲ့ မတူညီတဲ့ ပုံသဏ္ဍာန်လေးမျိုးထိကို အသေးစိတ်ရှာဖွေ လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

OPPO F7 စမတ်ရဲ့ ရှေ့ဘက်ကင်မရာမှာ နေရောင်အောက်၊ အရိပ်အောက်နဲ့ အလင်းအမှောင် အနေအထား အမျိုးမျိုးမှာ ရိုက်ကူးနိုင်မယ့် Real-Time HDR sensor စနစ်ကို တပ်ဆင်ထားပါတယ်။ မြင်ကွင်းအရွယ်အစားကတော့ ၆.၂၃ လက်မရှိတဲ့ FHD+ Super Full Screen အမျိုးအစားဖြစ်ပြီး screen resolution 2280×1080 pixels အထိ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ f/1.8 ရှိတဲ့ 16MP အမျိုးအစား ကျောဘက်ကင်မရာနဲ့ f/2.0 ရှိတဲ့ 25 MP အမျိုးအစား ရှေ့ဘက်တွေကို တပ်ဆင်ထားပြီး သိုလှောင်မှုအနေနဲ့ 64 GB ရှိတဲ့အပြင် RAM ကတော့ 4GB ထည့်သွင်း အသုံးပြုထားပါတယ်။ လက်ဗွေလုံခြုံရေးစနစ် ထောက်ပံ့ပါ၀င်ပြီး ဘက်ထရီကတော့ 3400 mAh ရှိပါတယ်။

F7 Youth ကတော့ မြင်ကွင်းအရွယ်အစား ၆.ဝ လက်မရှိပြီး screen resolution 1080×2160 pixels အထိ ထောက်ပံ့ပေးနိုင်တဲ့ Full HD+ Display ကို အသုံးပြုထားပါတယ်။ ကင်မရာကတော့ f/2.2 ရှိတဲ့ 13MP ကျောဘက်ကင်မရာနဲ့ 8 MP ရှေ့ဘက်ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ သိုလှောင်မှုအနေနဲ့ 64 GB ရှိတဲ့အပြင် RAM ကတော့ 4GB ထည့်သွင်း အသုံးပြုထားပါတယ်။ Android OS 8.1 (Oreo) အခြေခံထားတဲ့ Color OS 5.0 ကို အသုံးပြုထားပြီး ဘက်ထရီကတော့ 3410 mAh အမျိုးအစားကို အသုံးပြုထားပါတယ်။

ဒီဖုန်းတွေမှာ 4G SIM ကတ်နှစ်ကတ် တစ်ပြိုင်နက် ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး သိုလှောင်နိုင်မှုပမာဏကို 256GB အထိ တိုးမြှင့်အသုံးပြုနိုင်မယ့် SD ကတ်စနစ်ကိုလည်း သီးခြားအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ပထမဆုံး 12nm AI processor ဖြစ်တဲ့ Mediatek MT6771 Helio P60 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Mali-G72 MP3 စနစ် ထောက်ပံ့ပါ၀င်မှာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ F7 မော်ဒယ်ကို ၃၈၉,ဝဝဝ ကျပ်၊ F7 Youth မော်ဒယ်ကို ၃၁၉,ဝဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အရောင်အနေနဲ့ အနီ (Solar Red)၊ ငွေမင်(Moonlight Silver)၊ အနက် (Diamond Black) တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း