ကင္မရာစနစ္တြင္ AI လုပ္ေဆာင္ခ်က္မ်ားပါဝင္သည့္ nova စီးရီးစမတ္ဖုန္းသစ္မ်ားကုိ ျပည္တြင္းတြင္ မိတ္ဆက္

[ Zawgyi ]

Huawei မွ တတိယမ်ဳိးဆက္သစ္ျဖစ္တဲ့ Huawei Nova 3 နဲ႔ Nova 3i စမတ္ဖုန္းေမာ္ဒယ္သစ္ႏွစ္မ်ဳိးကို ျပည္တြင္းမွာ မိတ္ဆက္လိုက္ၿပီး အဆိုပါစမတ္ဖုန္းေတြရဲ႕ ကင္မရာစနစ္မွာ AI နည္းပညာဆိုင္ရာ လုပ္ေဆာင္ ခ်က္ေတြ ေထာက္ပံ့ ပါဝင္လာတယ္လို႔သိရပါတယ္။

ထုတ္ကုန္သစ္ nova စီးရီးစမတ္ဖုန္းေတြဟာ ဆယ္လ္ဖီ႐ိုက္ကူးမႈနဲ႔ ေဖ်ာ္ေျဖေရးဆုိင္ရာ လုပ္ေဆာင္ေတြမွာ AI နည္းပညာ အေထာက္အပံ့ကို အသုံးျပဳႏုိင္မွာျဖစ္ၿပီး ၎ AI စနစ္က ဓာတ္ပုံ႐ိုက္ကူးမႈမွာ Flagship ထုတ္ကုန္မ်ားကဲ့သို႔ ႐ုိက္ကူးႏုိင္မယ့္အျပင္ ႐ိုက္ကူးေနတဲ့ အရာဝတၳဳေတြရဲ႕ မ်က္ႏွာျပင္ကို ၾကည္လင္ျပတ္သားစြာ ဖမ္းယူႏုိင္႐ုံသာမက ၎အရာဝတၳဳရဲ႕ စတုိင္နဲ႔ အမူအရာ ေနာက္ကြယ္က ပုံရိပ္ေတြပါ ႐ိုက္ကူးသိမ္းဆည္း ထားႏုိင္မယ္လို႔ သိရပါတယ္။ ေရွ႕ကင္မရာစနစ္ရဲ႕ AI စနစ္က အမ်ဳိးအစား ၈ မ်ဳိးရဲ႕ မတူညီတဲ့ အေျခအေန ၂ဝဝ ေက်ာ္ကုိ ခြဲျခားသိရွိႏုိင္မွာျဖစ္ၿပီး ေနာက္ဘက္ကင္မရာစနစ္ရဲ႕ AI က အမ်ဳိးအစားေပါင္း ၂၂ ခုရဲ႕ မတူညီတဲ့ အေျခအေန ၅ဝဝ ထိကို ခြဲျခားသိရွိႏုိင္မွာ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

Huawei Nova 3 နဲ႔ 3i စမတ္ဖုန္းေတြကို မ်က္ႏွာျပင္အက်ယ္ ၆.၃ လက္မရွိတဲ့ FHD+ FullView Display နဲ႔ထုတ္လုပ္ထားၿပီး Hisilicon Kirin 710 Octa-core processor ကို အသုံးျပဳထားပါတယ္။ RAM အေနနဲ႔ Nova 3i မွာ RAM 4GB နဲ႔ သိုေလွာင္မႈ 128GB (ROM) ပါ၀င္ၿပီး ေရွ႕ဘက္မွာ 24MP + 2MP Dual ကင္မရာနဲ႔ ေက်ာဘက္မွာ 16MP + 2MP Dual ကင္မရာေတြ ပါဝင္ပါတယ္။ Nova 3 ကေတာ့ RAM 6GM နဲ႔ သိုေလွာင္မႈ 128GB (ROM) ပါဝင္ၿပီး ေက်ာဘက္မွာ Apeature f1.8 ရွိတဲ့ 16MP + 24MP Dual ကင္မရာနဲ႔ ေရွ႕ဘက္မွာ 24MP + 2MP Dual ကင္မရာေတြ ပါဝင္ပါတယ္။

ကင္မရာစနစ္အတြက္ PDAF နဲ႔ AF နည္းပညာေတြလည္း ေထာက္ပံ့ပါဝင္ၿပီး ဒီဖုန္းေမာ္ဒယ္ႏွစ္မ်ဳိးလုံးက 4G Dual Volte နည္းပညာေတြ ေထာက္ပံ့ပါဝင္တဲ့အတြက္ 4G SIM ကတ္ႏွစ္ကတ္ကို ထည့္သြင္းအသုံးျပဳႏုိင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Nova 3 ကို အထူးေရာင္ေျပး ဒီဇုိင္းျဖစ္တဲ့ အုိင္းရစ္ခရမ္း၊ အနီ၊ အနက္ အေနနဲ႔ ရရွိႏုိင္မွာျဖစ္ၿပီး Nova 3i ကိုေတာ့ အိုင္းရစ္ခရမ္း၊ အျဖဴ၊ အနက္ အေနနဲ႔ ရရွိႏုိင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ Nova 3i ကို ၃၅၉,ဝဝဝ က်ပ္၊ Nova 3 ကို ၅၅၉,ဝဝဝ က်ပ္နဲ႔ ဝယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူခ်င္သူေတြအေနနဲ႔ ဇူလိုင္လ ၂၅ ရက္မွ ၾသဂုတ္လ ၃ ရက္အတြင္း Huawei စမတ္ဖုန္းအေရာင္းဆုိင္ေတြမွာ မွာယူႏုိင္မယ္လုိ႔ သိရပါတယ္။

[foogallery id=”89200″]

-ရဲထြဋ္ဝင္း

[ Unicode ]

Huawei မှ တတိယမျိုးဆက်သစ်ဖြစ်တဲ့ Huawei Nova 3 နဲ့ Nova 3i စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို ပြည်တွင်းမှာ မိတ်ဆက်လိုက်ပြီး အဆိုပါစမတ်ဖုန်းတွေရဲ့ ကင်မရာစနစ်မှာ AI နည်းပညာဆိုင်ရာ လုပ်ဆောင် ချက်တွေ ထောက်ပံ့ ပါဝင်လာတယ်လို့သိရပါတယ်။

ထုတ်ကုန်သစ် nova စီးရီးစမတ်ဖုန်းတွေဟာ ဆယ်လ်ဖီရိုက်ကူးမှုနဲ့ ဖျော်ဖြေရေးဆိုင်ရာ လုပ်ဆောင်တွေမှာ AI နည်းပညာ အထောက်အပံ့ကို အသုံးပြုနိုင်မှာဖြစ်ပြီး ၎င်း AI စနစ်က ဓာတ်ပုံရိုက်ကူးမှုမှာ Flagship ထုတ်ကုန်များကဲ့သို့ ရိုက်ကူးနိုင်မယ့်အပြင် ရိုက်ကူးနေတဲ့ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရုံသာမက ၎င်းအရာဝတ္ထုရဲ့ စတိုင်နဲ့ အမူအရာ နောက်ကွယ်က ပုံရိပ်တွေပါ ရိုက်ကူးသိမ်းဆည်း ထားနိုင်မယ်လို့ သိရပါတယ်။ ရှေ့ကင်မရာစနစ်ရဲ့ AI စနစ်က အမျိုးအစား ၈ မျိုးရဲ့ မတူညီတဲ့ အခြေအနေ ၂ဝဝ ကျော်ကို ခွဲခြားသိရှိနိုင်မှာဖြစ်ပြီး နောက်ဘက်ကင်မရာစနစ်ရဲ့ AI က အမျိုးအစားပေါင်း ၂၂ ခုရဲ့ မတူညီတဲ့ အခြေအနေ ၅ဝဝ ထိကို ခွဲခြားသိရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei Nova 3 နဲ့ 3i စမတ်ဖုန်းတွေကို မျက်နှာပြင်အကျယ် ၆.၃ လက်မရှိတဲ့ FHD+ FullView Display နဲ့ထုတ်လုပ်ထားပြီး Hisilicon Kirin 710 Octa-core processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ Nova 3i မှာ RAM 4GB နဲ့ သိုလှောင်မှု 128GB (ROM) ပါ၀င်ပြီး ရှေ့ဘက်မှာ 24MP + 2MP Dual ကင်မရာနဲ့ ကျောဘက်မှာ 16MP + 2MP Dual ကင်မရာတွေ ပါဝင်ပါတယ်။ Nova 3 ကတော့ RAM 6GM နဲ့ သိုလှောင်မှု 128GB (ROM) ပါ၀င်ပြီး ကျောဘက်မှာ Apeature f1.8 ရှိတဲ့ 16MP + 24MP Dual ကင်မရာနဲ့ ေရွ႕ဘက်မှာ 24MP + 2MP Dual ကင်မရာတွေ ပါဝင်ပါတယ်။

ကင်မရာစနစ်အတွက် PDAF နဲ့ AF နည်းပညာတွေလည်း ထောက်ပံ့ပါဝင်ပြီး ဒီဖုန်းမော်ဒယ်နှစ်မျိုးလုံးက 4G Dual Volte နည်းပညာတွေ ထောက်ပံ့ပါဝင်တဲ့အတွက် 4G SIM ကတ်နှစ်ကတ်ကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Nova 3 ကို အထူးရောင်ပြေး ဒီဇိုင်းဖြစ်တဲ့ အိုင်းရစ်ခရမ်း၊ အနီ၊ အနက် အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး Nova 3i ကိုတော့ အိုင်းရစ်ခရမ်း၊ အဖြူ၊ အနက် အနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ Nova 3i ကို ၃၅၉,ဝဝဝ ကျပ်၊ Nova 3 ကို ၅၅၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူချင်သူတွေအနေနဲ့ ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၃ ရက်အတွင်း Huawei စမတ်ဖုန်းအရောင်းဆိုင်တွေမှာ မှာယူနိုင်မယ်လို့ သိရပါတယ်။

[foogallery id=”89200″]

-ရဲထွဋ်ဝင်း