Education
News

Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်တက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ Post Graduate Diploma in Enviroments Studies အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ တစ်နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး ဝင်ခွင့်ရေးဖြေစာမေးပွဲနဲ့ လူတွေ့စာမေးပွဲ ကို ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှ သောကြာ၊ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၆ ရက်၊ နံနက် ၉ နာရီ ရန်ကုန်တက္ကသိုလ် အခန်း A5 မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ လူတွေ့ဖြေဆိုခြင်းကို ဒီဇင်ဘာ ၇ ရက်မှာ ဖြေဆိုရမှာပါ။ လျှောက်လွှာတွေကို နိုဝင်ဘာ […]

Read More
Education
News

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို Computer Assisted Personal Interviewing စနစ်ဖြင့်ကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် Mobile Tablet အသုံးပြုကာ ကောက်ယူသွားမှာြဖစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှ တစ်ဆင့် သိရပါတယ်။ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမှာဖြစ်ပြီး နိုဝင်ဘာလမှစတင်၍ ၄ သုတ်ခွဲကာ ကောက်ယူသွားမယ်လို့ သိရပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို ယခင် ကောက်ယူခဲ့တဲ့မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမှာမဟုတ်ဘဲ Mobile Tablet ကိုအသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူသည့်စနစ် (Computer – assisted Personal Interviewing – CAPI ) စနစ်ဖြင့် ကောက်ယူသွားမှာြဖစ်တယ်လို့ သိရပါတယ်။ Mobile Tablet ကို […]

Read More
Education
News

 စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဉ် (၅) ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှကြီးမှူးပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Creating Writing and Editing) အပတ်စဉ် (၅)ကို ဒီဇင်ဘာ ၉ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ သင်တန်းတွင် စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသပညာ၊ စာပေတည်းဖြတ်ခြင်း၊ ဘာသာပြန်၊ စာပေပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း အခြေခံတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ဖြစ်ပါတယ်။ သင်တန်းချိန်မှာ နံနက် ၇ နာရီခွဲ မှ ၉ နာရီခွဲ အထိ ဖြစ်ပြီး တနင်္လာမှ သောကြာ အထိ တက်ရောက်ရမှာပါ။ နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူတွေ တက်ရောက်နိုင်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၈ ရက် မှစတင်လက်ခံမှာ […]

Read More
Education
News

Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းအသစ်အတွက် ဆွေးနွေးခဲ့

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေးဦးဆောင်တဲ့ ကော်မတီအဖွဲ့ဝင်များနဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) နဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့ဟာ Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းအသစ် အတွက် အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားလွှတ်တော်ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါဆွေးနွေးမှုကို နိုဝင်ဘာ ၁၄ ရက်၊ နေ့လယ် ၁ နာရီကနေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ ဆောင် အမှတ် (I-14) အစည်းအဝေးခန်းမမှာ တွေ့ဆုံပြုလုပ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ဆွေးနွေး အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ပညာရေးမြှင့်တင်မှုကော်မတီက ပြုလုပ်ခဲ့တဲ့ “မိမိတို့ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေး၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအားပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” စုံစမ်းလေ့လာမှုအစီရင်ခံစာရဲ့ အကြံပြုချက်တွေနဲ့ စပ်လျဉ်းပြီး လည်းကောင်း၊ Grade-4, Grade-7 နှင့် Grade-10 တို့ရဲ့ သင်ရိုးညွှန်းတမ်းအသစ် ဆောင်ရွက်နေမှု […]

Read More
Education
News

Raffles International College Bangkok ၏ ၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆုများ လျှောက်ထားနိုင်

Raffles International College Bangkok ကျောင်းမှ ဒီဇိုင်းဘာသာရပ်နဲ့ စီးပွားရေးဘာသာရပ်တွေကို စိတ်၀င်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လာမယ့် ၂၀၂၀ ကျောင်းဖွင့်ချိန်အတွက် Merit Scholarship, Post Graduate Scholarship, Creative Talent Scholarship များကို ပေးအပ်သွားမှာဖြစ်ပါတယ်။ Creative Talent Scholarship မှာ ၅၀ ရာခိုင်နှုန်းပညာသင်ဆုဖြစ်ပြီး ဒီဇိုင်းဘာသာရပ်ကို စိတ်၀င်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ Creative Talent Scholarship ကိုရရှိပါက Bachelor of Art (Hons) Degree အတွက် သုံးနှစ်စာ ကျောင်းလခ ထိုင်းဘတ် ၁၃၅,၀၀၀ ထဲမှ ၅၀ ရာခိုင်နှုန်း သက်သာမှာဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ Bachelor Degree ကို […]

Read More
Education
News

Australian National University ၏ ၂၀၂၀ ပညာသင်ဆု သြစတြေးလျဒေါ်လာ ငါးသောင်းအထိ လျှောက်ထားနိုင်

အထက်တန်းအောင်နဲ့ IGCSE ကျောင်းသားတွေအနေနဲ့ သြစတြေးလျအစိုးရတက္ကသိုလ် Australian National University သို့ တက်ရောက်ရန် ၂၀၂၀ ပညာသင်ဆု သြစတြေးလျဒေါ်လာ ငါးသောင်းအထိ လျှောက်ထားနိုင် မယ်လို့ သိရပါတယ်။ ၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆု အနေနဲ့ သြစတြေးလျဒေါ်လာ ငါးသောင်းအထိ ပေးအပ်မယ့် ANU Targeted Diversity Source Regions စာရင်းမှာ မြန်မာကျောင်းသား၊ ကျောင်းသူတွေ ပါဝင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ANU သို့တက်ရောက်ရန် ANU College ရဲ့ Foundation (သို့) Diploma တက်ရောက်ပြီး Australian National University ရဲ့ပထမနှစ် သို့မဟုတ် ဒုတိယနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ပညာသင်ဆု လျှောက်ထားရန်အတွက် အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ အနေနဲ့ ပျမ်းမျှရမှတ် […]

Read More
Education
News

Global MBA သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင်မှ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရေးတို့အတွက် ရည်ရွယ်လျက် စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်း (Global MBA) အတွက် လျှောက်လွှာတွေခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို ကုန်သည်စက်မှုအသင်းချုပ်နဲ့ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိပြီး ယခု Global MBA (Batch-14) သင်တန်းကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသင်းချုပ်မှာ သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Global MBA သင်တန်းလျှောက်ထားလိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၂ ရက်အထိ၊ ရုံးချိန်အတွင်း နောက်ဆုံးထား လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက် (Program Outline) နဲ့ […]

Read More
Education
News

အစိုးရနည်းပညာအထက်တန်း အောင်မြင်သူများ AGTI ညနေပိုင် းသင်တန်းလျှောက်ထားနိုင်

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I no ဒီပလိုမာ ညနေပိုင်း (ပထမနှစ်) သင်တန်းသားများခေါ်ယူရာမှာ အစိုးရနည်းပညာအထက်တန်း အောင်မြင်ပြီးသူများပါ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။ လျှောက်ထားသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်တဲ့ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်နဲ့ သင်္ချာ စုစုပေါင်းရမှတ်ပေါ်မူတည်ကာ ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်ကြားပေးမယ့် သင်တန်း‌ေတွက မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနဲ့ သုတနည်းပညာတို့ဖြစ်ပြီး သင်တန်းကာလ (၃) နှစ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာအောင်လက်မှတ်ပေးအပ်မှာ […]

Read More
Education
News

ဥရောပသမဂ္ဂမှ ပေးအပ်မည့် Eramus Mundus Full Scholarship အတွက် လျှောက်လွှာခေါ်ယူ

ဥရောပသမဂ္ဂရဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Eramus Mundus ပညာသင်ဆုကို မြန်မာကျောင်းသား၊ ကျောင်းသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ (၁) ရက်က ဥရောပသမဂ္ဂမှ ကြေညာထားပါတယ်။ ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များမှာ မဟာတန်းနဲ့ ပါရဂူတန်း တက်ရောက်မယ့် မြန်မာကျောင်းသား/သူတွေအတွက် ပညာသင်ဆု ပံ့ပိုးမှာဖြစ်ပြီး ဒီနေရာမှ တစ်ဆင့် ပညာသင်ဆု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာသာရပ်များ၊ အနုပညာဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုအစီအစဉ်မှာ ရွေးချယ်ခံရပါက လစဉ် နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နဲ့ အာမခံကြေးများ […]

Read More
Education
News

မန္တလေးတက္ကသိုလ် လူမှုသုတေသန ဒီပလိုမာသင်တန်း ၁/၂၀၁၉ သင်တန်းလျှောက်လွှာခေါ်ယူ

မန္တလေးတက္ကသိုလ် မနုဿဗေဒဌာန မှ လူမှုသုတေသနဒီပလိုမာသင်တန်း (Diploma in Social Research – DSR) ၁/၂၀၁၉ အတွက် သင်တန်းလျှောက်လွှာခေါ်ယူနေပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး လျှောက်ထားလိုသူတွေဟာ တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ ဖြစ်ရပါမယ်။ သင်တန်းကာလမှာ ၁၈ လဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ၊ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ မှ ၂၀၂၀ မေ အထိ ပထမနှစ်ဝက်၊ ၂၀၂၀ ဇွန် မှ ၂၀၂၀ ဒီဇင်ဘာ အထိ ဒုတိယနှစ်ဝက်၊ ၂၀၂၀ ဒီဇင်ဘာ မှ ၂၀၂၁ မေ အထိ […]

Read More