Home » 

Word Of The Day

Tuesday, 16 Jun 2015

Live USB ဆိုသည်မှာ ကွန်ပျူတာတစ်ခုရှိ universal serial bus (USB) port တွင် တပ်ဆင်နိုင်သော portable device တစ်ခုတွင် ရှိသည့် operating system (OS) တစ်ခု၏ distribution တစ်ခုဖြစ်သည်။

Monday, 15 Jun 2015

Intrapreneur ဆိုသည်မှာ ထုတ်ကုန်တစ်ခုက ကုမ္ပဏီအတွက် ဝင်ငွေရရှိမည့် ရင်းမြစ်တစ်ခု ဖြစ်မလာမည်ကို စိုးရိမ်ရန် မလိုဘဲ ထုတ်ကုန်သစ်တစ်ခု ဖန်တီးရာတွင် လုပ်ပိုင်ခွင့်နှင့် အထောက်အပံ့ပေးနိုင်သည့် ဝန်ထမ်းတစ်ဦးကို ခေါ်ဆိုသည်။

Friday, 12 Jun 2015

The right to be forgotten ဆိုသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို အင်တာနက်ပေါ်မှ ဖယ်ရှားရန် တောင်းဆိုသည့် လူ့အခွင့်အရေး အယူအဆ သဘောတရားဖြစ်သည်။

Thursday, 11 Jun 2015

In-app purchase (IAP) ဆိုသည်မှာ စမတ်ဖုန်း သို့မဟုတ် အခြား မိုဘိုင်းထုတ်ကုန်တစ်ခုပေါ်တွင် မိုဘိုင်း application တစ်ခုအတွင်းမှ တစ်စုံတစ်ခုကို ဝယ်ယူခြင်း ဖြစ်သည်။

Wednesday, 10 Jun 2015

DNA storage ဆိုသည်မှာ binary data ကို encode နှင့် decode ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။

Tuesday, 9 Jun 2015

Predictive text ဆိုသည်မှာ မိုဘိုင်းထုတ်ကုန် တစ်ခုပေါ်တွင် စာရိုက်သည့်အခါ စာလုံးများကို ခန့်မှန်းဖော်ပြပေးသည့် input နည်းပညာတစ်ခု ဖြစ်သည်။

Monday, 8 Jun 2015

Cold storage ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုတွင် လက်ရှိ အသုံးမပြုတော့ခြင်း မရှိသော အချက်အလက်ကို သိုလှောင်သိမ်းဆည်းထားခြင်း ဖြစ်သည်။ ထိုသို့သိမ်းဆည်းထားသောကြောင့် အချက်အလက်များကို ပြန်လည် အသုံးပြုနိုင်သည်။

Friday, 5 Jun 2015

TrueCrypt ဆိုသည်မှာ file နှင့် full disk encryption အတွက် open source cross-platform program တစ်ခု ဖြစ်သည်။

Thursday, 4 Jun 2015

Hardware emulation ဆိုသည်မှာ hardware ထုတ်ကုန်တစ်ခုကို အခြား hardware ထုတ်ကုန် တစ်ခုကဲ့သို့ အသုံးပြုနိုင်သည့် အသွင်ဖြင့် တုပပြုလုပ်ခြင်း ဖြစ်သည်။

Wednesday, 3 Jun 2015

Vorbis သည် open source audio compression format တစ်ခု ဖြစ်သည်။ ၎င်းကို MP3, VQF နှင့် AAC ကဲ့သို့သော digital audio encoding format များအတွက် အစားထိုးရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Pages