Home » 

Word Of The Day

Wednesday, 1 Jul 2015

Microsoft Windows Update for Business ဆိုသည်မှာ administrator များက client device များ လက်ခံရရှိမည့် update များကို fast ring, slow ring, update cycle စသည်ဖြင့် ထိန်းချုပ်စေနိုင်မည့် Windows 10 တွင် ပါဝင်သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

Tuesday, 30 Jun 2015

Windows Sharepoint Services (WSS) သည် document များ ဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်း၊ ဝေမျှခြင်းနှင့် ဝက်ဘ်ဝန်ဆောင်မှုများ အတွက် ပေါ်တယ်အခြေခံ platform တစ်ခု ဖြစ်သည်။

Friday, 26 Jun 2015

Clipboard သည် သုံးစွဲသူက တစ်နေရာမှ အခြားတစ်နေရာသို့ copy ကူးလိုသည့် အချက်အလက်ကို ယာယီသိုလှောင်သိမ်းဆည်းပေးသည့် နေရာတစ်ခုဖြစ်သည်။

Thursday, 25 Jun 2015

iCloud ဆိုသည်မှာ Apple ၏ email, storage နှင့် data synchronization အခပေး ဝန်ဆောင်မှုဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အခမဲ့ 5GB သိုလှောင်မှုပမာဏဖြင့် သုံးနိုင်သည်။

Wednesday, 24 Jun 2015

Applications on tap ကို အတိုကောက် ခေါ်ဆိုသော apps-on-tap သည် စီးပွားရေးလုပ်ငန်းများနှင့် လူသုံးကုန်အတွက် အွန်လိုင်းတွင် ရရှိနိုင်သော application program များနှင့် အခြားဝန်ဆောင်မှုများ၏ ကွန်ပျူတာနယ်ပယ်သုံး ဗန်းစကား ဖြစ်သည်။

Tuesday, 23 Jun 2015

ကွန်ပျူတာနယ်ပယ်တွင် middleware သည် ဆော့ဖ်ဝဲအစိတ်အပိုင်းများနှင့် လုပ်ငန်းသုံး application များကို ချိတ်ဆက်သည့် ဆော့ဖ်ဝဲဖြစ်သည်။

Bug
Monday, 22 Jun 2015

ကွန်ပျူတာနည်းပညာတွင် bug သည် ကွန်ပျူတာပရိုဂရမ်တစ်ခု၏ coding error ဖြစ်သည်။

Friday, 19 Jun 2015

Parse ဆိုသည်မှာ တစ်စုံတစ်ခုကို စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ပိုင်းခြားစိတ်ဖြာခြင်း ဖြစ်သည်။

Thursday, 18 Jun 2015

DuckDuckGo (DDG) ဆိုသည်မှာ စိတ်ကြိုက် ရှာဖွေမှုပြုလုပ်ခြင်းကြောင့် filter bubble ဟုခေါ်သော ရှာဖွေမှုရလဒ်များ တလွဲတချော်ဖြစ်ခြင်းမှ ရှောင်လွှဲစေနိုင်ပြီး သုံးစွဲသူ၏ privacy ကို ကာကွယ်ရန် ရည်ရွယ်ဖန်တီးထားသော search engine တစ်ခု ဖြစ်သည်။

Wednesday, 17 Jun 2015

Linux Mint သည် x-86 x-64 သုံးနိုင်သော ကွန်ပျူတာများအတွက် Ubuntu နှင့် Debian တွင် အခြေခံထားသည့် အခမဲ့နှင့် open source operating system (OS) distribution တစ်ခုဖြစ်သည်။

Pages