Home » 

Word Of The Day

Monday, 24 Aug 2015

Clean install ဆိုသည်မှာ ယခင် မည်သည့်ဗားရှင်းကိုမဆို အပြီးသတ်ဖယ်ရှားကာ ပြုလုပ်သော software installation တစ်ခု ဖြစ်သည်။

Friday, 21 Aug 2015

Mirror driver ဆိုသည်မှာ extended desktop များ၊ remote desktop software နှင့် assistive နည်းပညာတွင် အသုံးပြုသော Windows device driver တစ်ခုဖြစ်သည်။

Thursday, 20 Aug 2015

တည်နေရာအခြေခံ ဝန်ဆောင်မှု (LBS) ဆိုသည်မှာ IP ဖြင့်သုံးနိုင်သော မိုဘိုင်းထုတ်ကုန်တစ်ခု တည်ရှိသည့် နေရာကို သိရှိနိုင်သော software application တစ်ခုဖြစ်သည်။

Wednesday, 19 Aug 2015

Dark Web ဆိုသည်မှာ အတိအကျသတ်မှတ်ထားသည့် software နှင့် အသုံးပြုနိုင်မည့် ခွင့်ပြုချက် လိုအပ်သော အများသုံး အင်တာနက်ကို အလွှာထပ်အုပ်ထားသည့် ကွန်ရက်များဖြစ်သော darknet ပေါ်ရှိ World Wide Web content ဖြစ်သည်။

Tuesday, 18 Aug 2015

Flash sales နှင့် one deal a day ဟူ၍လည်း ခေါ်ဆိုကြသော deal of the day ဆိုသည်မျာ ၂၄ နာရီမှ ၃၆ နာရီ ကာလအပိုင်းအခြားအတွက် ထုတ်ကုန်တစ်ခုကို ရောင်းချသော ဝက်ဘ်ဆိုက်တစ်ခု၏ ecommerce လုပ်ငန်းပုံစံတစ်ခု ဖြစ်သည်။

Monday, 17 Aug 2015

XO သည် သုံးစွဲသူ အများအပြားထံ ရောင်းချရန် ရည်မှန်းထုတ်လုပ်ခဲ့သော ဒေါ်လာ ၁၀၀ တန် laptop ၏ ပထမဦးဆုံး ဗားရှင်းဖြစ်သည်။

Thursday, 13 Aug 2015

Aakash သည် ယူကေအခြေစိုက် ကုမ္ပဏီ DataWind နှင့် အိန္ဒိယနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ ဖန်တီးထားသော Android tablet computer တစ်ခု ဖြစ်သည်။

Wednesday, 12 Aug 2015

Offline backup ဟူ၍လည်း ခေါ်ဆိုနိုင်သော cold backup ဆိုသည်မှာ database က offline ဖြစ်နေပြီး update အတွက် လုပ်ဆောင်နိုင်ခြင်း မရှိချိန်တွင် ပြုလုပ်သည့် database backup တစ်ခုဖြစ်သည်။

Monday, 10 Aug 2015

Anti-spyware software ဆိုသည်မှာ အချက်အလက်များကို လျှို့ဝှက်ရယူသော ပရိုဂရမ် ထည့်သွင်းခြင်းကို တားဆီးခြင်း၊ ရှာဖွေခြင်းနှင့် အကယ်၍ install လုပ်ထားပါက ပရိုဂရမ်များ ဖယ်ရှားပေးခြင်းတို့ကို ပြုလုပ်နိုင်သော ပရိုဂရမ်တစ်ခု ဖြစ်သည်။

Thursday, 6 Aug 2015

Runlevel ဆိုသည်မှာ Unix နှင့် Unix အခြေခံ operating system တစ်ခုတွင် လည်ပတ်လုပ်ဆောင်သည့် အခြေအနေတစ်ခုကို ခေါ်ဆိုသည်။ Runlevel များကို 0 မှ 6 အထိ ခွဲဝေသတ်မှတ်နိုင်သည်။

Pages