Home » 

Word Of The Day

Wednesday, 16 Sep 2015

Blogswarm ဆိုသည်မှာ တူညီသည့် သတင်းဆောင်းပါးပေါ်တွင် blogger ထောင်ပေါင်းများစွာက ထင်မြင်သုံးသပ်ချက်ပေးသည့် အခြေအနေတစ်ခု ဖြစ်သည်။

Tuesday, 15 Sep 2015

ဝက်ဘ်ကြော်ငြာတွင် click rate သည် HTML စာမျက်နှာတစ်ခုပေါ်ရှိ ကြော်ငြာတစ်ခုကို နှိပ်သော အကြိမ် အရေအတွက်နှင့် စာမျက်နှာတစ်ခုနှင့်အတူ အဆိုပါ ကြော်ငြာကို download ပြုလုပ်သော အရေအတွက်၏ ရာခိုင်နှုန်းတစ်ခု ဖြစ်သည်။

Thursday, 10 Sep 2015

Blogroll ဆိုသည်မှာ blog တစ်ခု၏ sidebar တွင် ပုံမှန်တွေ့မြင်ရလေ့ရှိသော blog စာရင်းတစ်ခု ဖြစ်သည်။

Monday, 7 Sep 2015

Catfish ဆိုသည်မှာ အစစ်အမှန်မဟုတ်သော အွန်လိုင်းအထောက်အထားတစ်ခု ဖန်တီးသူကို ခေါ်ဆိုသည်။

Tuesday, 1 Sep 2015

Windows Registry Editor (regedit) ဆိုသည်မှာ Windows operating system ရှိ graphical tool တစ်ခု ဖြစ်ပြီး ၎င်းသည် အခွင့်ရှိသည့် သုံးစွဲသူများက Windows registry ကို ကြည့်ရှုပြီး ပြောင်းလဲမှုပြုလုပ်စေနိုင်သည်။

Monday, 31 Aug 2015

Windows 10 Mobile သည် မိုဘိုင်းထုတ်ကုန်များအတွက် Microsoft ၏ operating system ဖြစ်သည်။ ၎င်းသည် Windows Phone 8 နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Friday, 28 Aug 2015

Microblogging ဆိုသည်မှာ အမည်စာရင်းသွင်းပြီး သုံးစွဲသူများက ဝန်ဆောင်မှု၏ အခြားသုံးစွဲသူများထံ message တိုများ ပေးပို့နိုင်သော ဝက်ဘ်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။

Thursday, 27 Aug 2015

Edutainment သည် ဝေါဟာရသစ်တစ်ခု ဖြစ်ပြီး လုပ်ငန်းတစ်ခု သို့မဟုတ် တယ်လီဗွီးရှင်း အစီအစဉ်တစ်ခုနှင့် ဝက်ဘ်ဆိုက်တစ်ခု ကဲ့သို့သော တင်ဆက်မှုတွင် ပညာရေးနှင့် ဖျော်ဖြေရေးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

Wednesday, 26 Aug 2015

Bluejacking ဆိုသည်မှာ မိုဘိုင်းသုံးစွဲသူများ အကြား Bluetooth ကြိုးမဲ့စနစ်ချိတ်ဆက်မှုတစ်ခုကို အသုံးပြုကာ message များ ပေးပို့သည့် နည်းလမ်းဖြစ်သည်။

Tuesday, 25 Aug 2015

Cupertino effect ဆိုသည်မှာ စာလုံးပေါင်းစစ်ဆေခြင်းနှင့် အလိုအလျောက် စာလုံးပေါင်းပြင်ဆင်သည့် ပရိုဂရမ် သို့မဟုတ် စမတ်ဖုန်း predictive text feature ၏ မမှန်ကန်သော ခန့်မှန်းမှုနှင့် အစားထိုးခြင်းကို ခေါ်ဆိုသည်။

Pages