Home » 

Word Of The Day

Tuesday, 8 Nov 2016

စမတ်ကတ် တစ်ခုဆိုသည်မှာ ချစ်ပ်တစ်ခု ထည့်သွင်းထားတဲ့ security token တစ်ခုဖြစ်ပါတယ်။

Monday, 31 Oct 2016

File synchronization (file sync) ဆိုတာကတော့ မတူညီတဲ့ တည်နေရာတွေမှာ ဖိုင်တွေကို update ဖြစ်နေအောင် သိမ်းဆည်းပေးတဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။

Monday, 10 Oct 2016

Snapchat  ဆိုတာကတော့  သုံးစွဲသူများက ကြည့်ရှုပြီးသည့်အခါ ပျောက်ကွယ်သွားမယ့် “self-destructing” ဓာတ်ပုံများနဲ့ ဗီဒီယိုများကို ပေးပို့ခြင်းနဲ့ လက်ခံခြင်းတို့ ပြုလုပ်နိုင်မယ့် မိုဘိုင်း app တစ်ခုဖြစ်ပါတယ်။

Thursday, 6 Oct 2016

Metro apps ဆိုတာကတော့ Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Surface tablet ကွန်ပျူတာများအတွက် ရေးဆွဲထားပြီး touch-screen နဲ့အသုံးပြုနိုင်တဲ့ app များကို ခေါ်ဆိုပါတယ်။ Windows RT နဲ့

Windows 8 အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်မယ့် Metro app တွေကို Windows store ကနေ ရယူနိုင်ပါတယ်။

Monday, 19 Sep 2016

Clonezilla ဆိုတာကတော့ Debian ပေါ်မှာ အခြေခံထားတဲ့ အခမဲ့ open source disk cloning application တစ်ခု ဖြစ်ပါတယ်။

Monday, 12 Sep 2016

Microsoft Windows 10 Continuum ဆိုတာကတော့ ထုတ်ကုန်တစ်ခုရဲ့ user interface ကို ကွဲပြားခြားနားတဲ့ ထုတ်ကုန် အရွယ်အစားတွေနဲ့ ဝင်ဆံ့အောင် ချိန်ညှိပေးတဲ့ feature တစ်ခုဖြစ်ပါတယ်။

Tuesday, 6 Oct 2015

Whaling ဆိုသည်မှာ C-level အမှုဆောင်အရာရှိများ၊ နိုင်ငံရေးသမားများနှင့် နာမည်ကျော်ကြားသူများ ကဲ့သို့သော နာမည်ကျော် end user များထံ ပစ်မှတ်ထားသည့် လိမ်လည်မှု အမျိုးအစားတစ်ခု ဖြစ်သည်။

Thursday, 1 Oct 2015

Wi-Fi Protected Access 2 ကို အတိုကောက်ခေါ်ဆိုသည့် WPA2 သည် ပိုမိုစိတ်ချရသည့် အချက်အလက် ကာကွယ်ခြင်းနှင့် ကွန်ရက်ထိန်းချုပ်အသုံးပြုခြင်းတို့ကို ထောက်ပံ့ပေးသော လုံခြုံရေးနည်းလမ်းဖြစ်သည်။

Tuesday, 29 Sep 2015

UNIX အခြေခံ operating system တစ်ခုတွင် chmod (change mode) သည် ဖိုင်ပိုင်ရှင် သို့မဟုတ် administrator တစ်ဦးက ဖိုင်တစ်ခု သို့မဟုတ် ဖိုင်များကို အသုံးပြုနိုင်သည့် ခွင့်ပြုချက်များအား ပြောင်းလဲရာတွင် အသုံးပြုသည့် command တစ်ခုဖြစ်သည်။

Thursday, 17 Sep 2015

Cybrarian ဆိုသည်မှာ cyber နှင့် librarian ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး အင်တာနက်ကို ရင်းမြစ် tool တစ်ခုအဖြစ် အသုံးပြုကာ စာကြည့်တိုက်နှင့် အချက်အလက်သိပ္ပံ အတတ်ပညာဆိုင်ရာကို အထူးပြုဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်။

Pages