Home » 

Street Fighter V

By: 

နေအောင်လတ် (mmgamers.com)

ကစားသူတစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်တိုက်ခိုက်ရတဲ့  Versus fighting ဂိမ်းတွေဟာ ၁၉၉၀ ကျော်ကာလတွေမှာ အကြွေစေ့ထည့်ကစားရတဲ့ Arcade game center တွေမှာ အရမ်းလူကြိုက်များအောင်မြင်ခဲ့ပါတယ်။ ၁၉၉၁ မှာ စတင်ထွက်ရှိလာတဲ့ Street Fighter II ကြောင့် Arcade game လောကမှာရော home console လောကမှာပါ Versus fighting ဂိမ်းတွေ အလွန်ခေတ်စားခဲ့ပါတယ်။ Street Fighter ရဲ့ အောင်မြင်မှုကြောင့်ပဲ King of Fighters, Dark Stalkers, Virtual Fighters နဲ့ Tekken တို့လို Versus fighting ဂိမ်းတွေ Arcade နဲ့ Console တွေမှာ အမြောက်အမြား ထွက်ရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ကာလတွေမှာတော့ နှစ်ယောက်ထဲသာ အများစုကစားရတဲ့ Versus ဂိမ်းတွေ အရင်လောက်ခေတ်မစားတော့ဘဲ လူအများကြီးတပြိုင်တည်းကစားလို့ရတဲ့ အခြားဂိမ်းအမျိုးအစားတွေကို အာရုံပိုစိုက်လာကြပါတယ်။ ဒါပေမဲ့ ၂၀၀၈ မှာ Street Fighter IV (SF IV) ထွက်ရှိလာပြီး အထူးအောင်မြင်ပြီးနောက်မှာတော့ Versus fighting  ဂိမ်းအသစ်တွေကို အရင်ကထက်ပိုပြီး  ပြန်လည် ထုတ်လုပ်လာကြပါတယ်။ ယခုနောက်ဆုံးထွက်ရှိထားတဲ့ Street Fighter V Deluxe Edition ကတော့ Street Fighter ဂိမ်းစီးရီးရဲ့ နောက်ဆုံးထွက် ဂိမ်းသစ်ဖြစ်သလိုမူရင်း ဇာတ်ကောင် ၁၆ ယောက်အပြင် ဇာတ်ကောင်သစ် ၆ ကောင်ထပ်ပါတဲ့ Season 1 Character Pass နှင့် ၂၀၁၇ အတွက် Season 2 Character Pass တွေ ပါဝင်ထားပါတယ်။

Developer/Publisher Capcom က Street Fighter ဂိမ်းတော်တော်များများကို characters အသစ်နဲ့ game balance များ ထပ်ထည့်ပြီး version မျိုးစုံထုတ်လေ့ရှိတဲ့ အတိုင်း Street Fighter IV တုန်းကတော့ Ultra တွေ၊ Super Edition တွေကို မျိုးစုံနေအောင် ထုတ်ထားပေမယ့် အခု SF V မှာတော့ ပုံစံပြောင်းသွားပြီး online ကနေပဲ update patch အသစ်တွေ ထပ်ပေါင်းထားတာ တွေ့ရပါတယ်။ အရင် Nintendo နဲ့ Arcade machine တွေအတွက် Street Fighter II ထွက်တုန်းကဆိုရင် Street Fighter II, SF II Champion Edition, SF II Turbo, Super Street Fighter II, SSF II Turbo, SSF II Turbo Revival ဆိုပြီး Edition မျိုးစုံထုတ်လုပ်ခဲ့ပါတယ်။ အခုခေတ်မှာတောင် SSF II Turbo HD Remix ဆိုပြီး ပြန်ထွက်လိုက်ပါသေးတယ်။ အရင်ကလိုရှိပြီးသား အခွေတွေရဲ့ Edition မျိုးစုံကို ထပ်ခါတစ်လဲလဲ ဝယ်စရာမလိုအောင်ရယ်၊ အခုပိုပိုပြီး နည်းပညာနဲ့ အွန်လိုင်းအသုံးပြုသူ ကစားသမားကျယ်ပြန့်လာတဲ့ခေတ်မှာ ဇာတ်ကောင်အသစ်တွေသာမကတော့ဘဲ Characters တွေရော၊ Updates တွေရော၊ Game Mode အသစ်ထည့်တာကအစ အားလုံးကိုအွန်လိုင်းကပဲ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အခုထွက်လာတဲ့ Street Fighter V Deluxe Edition ကိုလည်း digital version အဖြစ်ရောင်းချပေးလာပါတယ်။ မူရင်း physical release ကို ဝယ်ထားသူတွေကတော့ Character Pass တွေကို သီးသန့်ဝယ်ယူနိုင်မှာပါ။

Story Mode, Survival Mode နဲ့ Online Mode တွေပါဝင်ပြီး အစောပိုင်းထွက်ခါစက Story Mode နည်းနည်းတိုနေပေမယ့် နောက်ပိုင်းမှာ story mode chapters အသစ်တွေ၊ ဇာတ်လမ်းအသစ်တွေ ထည့်ပေးလာသလို update patches တွေလည်း ဆက်တိုက်လုပ်ပေးနေတာကြောင့် အပျော်တမ်းကစားဖို့ရော ၂၀၁၆ ခုနှစ် ဒီဇင်ဘာအစောပိုင်းက PlayStation experience ပွဲမှာ ကျင်းပခဲ့တဲ့ e-sports tournament ပုံစံမျိုးတွေအတွက်ပါ အဆင်ပြေတဲ့အဆင့်ကို ရောက်လာတာတွေ့ရမှာပါ။ ဇာတ်ကောင်တွေ အနေနဲ့ကတော့ Ryu, Chun-Li နဲ့ M.Bison လိုမျိုး classics characters တွေနဲ့အတူ ဇာတ်ကောင်သစ်တွေအဖြစ် Necalli, Laura နဲ့ F.A.N.G လိုမျိုးဇာတ်ကောင်တွေလည်း ထပ်ပါလာပါတယ်။ Character Pass Season 1 မှာတော့ Alex, Ibuki နှင့် Juri လို ဇာတ်ကောင်တွေ ပါဝင်ထားပြီး 2017 Season 2 အ
တွက်တော့ Akuma နဲ့ စတင်ထားပါတယ်။ ဂိမ်းထဲမှာ ပွဲတွေကစားရင်ရတဲ့ in-game money တွေနဲ့ နောက်ပိုင်းဇာတ်ကောင်သစ်တွေကို ဝယ်နိုင်မှာဖြစ်ပြီး အစောပိုင်းကတော့ in-game challenge တွေကြောင့် in-game money ရဖို့လွယ်ပေမယ့် နောက်ပိုင်းမှာတော့ ပွဲများများ ကစားမှပိုရနိုင်မှာဖြစ်ပါတယ်။

Gameplay ကတော့ Versus Fighting ဂိမ်းတွေထုံးစံအတိုင်းပဲ one by one တိုက်ခိုက်ရတဲ့ Gameplay ဖြစ်ပြီး 2D Level plane ပေါ်မှာ 3D Character Models တွေနဲ့ ကစားရမယ့် 2.5D Game ဖြစ်ပါတယ်။ Street Fighter III ကနေစပြီးတော့ မိတ်ဆက်ပေးခဲ့တဲ့ EX gauge ကိုထည့်ထားပေမယ့် Ultra Combo တစ်မျိုးတည်း မဟုတ်တော့ဘဲ V-Skills၊ V-Reversals နှင့် V-Triggers ဆိုပြီး သုံးမျိုးထည့်ထားပါတယ်။ ပုံမှန် attack တွေ projectiles တွေသုံးပြီးတော့ ရန်သူကို damage ထိရင်ပဲဖြစ်စေ၊ ကိုယ့်ကို damage လာထိရင်ပဲဖြစ်စေ V-Gauge ကိုတဖြည်းဖြည်းပြည့်သွားမှာဖြစ်ပြီး V-Skills ကတော့ ရန်သူတွေရဲ့ projectiles တွေကို ပြန်ပစ် ထုတ်တာတွေ၊ ရန်သူတွေရဲ့တိုက်ခိုက်မှုကို ပြန်ပြီး parry ကာတာတွေမှာ သုံးနိုင်ပါတယ်။ V-Reversals ကတော့ ရန်သူတွေရဲ့ combo တွေလာထိနေရင် အမြန်ပြန်ဖျက်ထုတ်နိုင်ပါတယ်။ အဓိက တိုက်စစ်နေရာမှာ သုံးရမှာဖြစ်ပြီး ဝင်သွားတဲ့အခါမှာ ပွဲတစ်ခုလုံးရဲ့ အခြေအနေကိုပြောင်းစေနိုင်တဲ့ V-Trigger ကတော့ ကြည့်လို့လည်းကောင်းပြီး damage လည်း အများကြီးထိမယ့် တိုက်ကွက်တွေကို ထုတ်နိုင်ပါတယ်။

Street Fighter V Deluxe Edition ဟာ main version တစ်ခုတည်း ထွက်ကာစမှာ လိုအပ်ချက်တွေရှိခဲ့ပေမယ့် နောက်ပိုင်း updates တွေမှာတော့ ဇာတ်ကောင်တွေလည်း ပိုစုံလာသလို လောလောဆယ်လည်း bundle discount ချနေတော့ original ခွေဝယ်ပြီး နိုင်ငံတကာက ကစားသမားတွေနဲ့ ကစားရတာ တန်တဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။

Tags: