Home » 

v7.00 Xin the Ember Spirit

By: 

yahooyeeha

Dota Hero တွေဟာ ခေတ်တစ်ခုရဲ့အပြောင်းအလဲမှာ Playstyle, Item build စတာတွေအားလုံး အသစ်ဖြစ်သွားလေ့ရှိပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့အခါ ယခင်က အသုံးပြုခဲ့တဲ့ Play Style တွေကို အပြီးတိုင်မေ့လျော့ပစ်လိုက်ပြီး သိသာခဲ့တဲ့ အပြောင်းအလဲတွေကတော့ Tiny (Dagon Build > Aghanim Build), Naga Siren (Vanguard + Sange Yasha > Radiance + Octarine Core), Lycan (Desolator + Offering > Necronomicon, Drum build), Shadow Fiend (Shadow Blade > Dagger + Eul + Aghanims Build) စတာတွေဖြစ်ပါတယ်။ ယခုလက်ရှိ Hero Talent များစွာအသစ်ပါဝင်လာတဲ့ v7.00 မှာတော့ Hero အများစုဟာ ယခင်နဲ့မတူတော့တဲ့ Item Build တွေ၊ Ability Build ပေါင်းများစွာကိုပြောင်းလဲစဉ်းစားနိုင်လာတာကိုလည်း တွေ့ရပါ တယ်။ ဒီလို အပြောင်းအလဲတွေထဲကမှ Average 7k, 8k Mmr တန်း ကစားသမားတွေကနေ 2k, 3k Pub Game များအထိ Playstyle တစ်ခုလုံး သိသိသာသာပြောင်းလဲသွားတဲ့ Hero တစ်ကောင်ကတော့ Agility Melee Hero တစ်ကောင်ဖြစ်တဲ့ Ember Spirit ပဲဖြစ်ပါတယ်။

Ember Spirit ဟာ ၁ဝဝ% carry hero တစ်ကောင်လို့ပြောလို့ မရပေမယ့် Semi-carry ရော Carry လို့ပါ သတ်မှတ်လို့ရတဲ့ Agility Hero တစ်ကောင်ဖြစ်ပြီး Escape, Survive, Harass, Disable, Nuke, Dps စတဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ၎င်းဟာများသောအားဖြင့် Lvl depend Hero တစ်ကောင်ဖြစ်လို့ Mid Lane မှာ ကစားလေ့ရှိကာ သူ့ရဲ့ Sleight of Fist ကြောင့် Damage Build Item တွေကိုသာ ဆက်တိုက် ထည့်လေ့ရှိပါတယ်။ Battle Fury,
Daedalus, Divine Rapier စတဲ့ Item Build တွေအပြင် Escape အတွက် ပိုမိုကောင်းမွန်အောင် Linken Sphere, Manta Style စတဲ့ Item တွေနဲ့ ကောင်းမွန်တဲ့ Mobile Ultimate ကြောင့် Boots of Travel စတဲ့ Item တွေနဲ့ အသားကျနေခဲ့တဲ့ Carry Hero တစ်ကောင်ဖြစ်ပါတယ်။

Ember Spirit ဟာ ၂ဝ၁၄၊ ၂ဝ၁၅ လောက်မှာ အရမ်းပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ TI4, TI5 တို့မှာလည်း Tournament Choice Hero တစ်ကောင်ဖြစ်ခဲ့ပေမယ့် ၂ဝ၁၆ မှာတော့ ၎င်းဟာ Unit Hero တွေဖြစ်တဲ့ Meepo, Broodmother, Chen, Nature's Prophet စသည်တို့ ပါဝင်လာမှသာ Pick ဖို့စဉ်းစားခံရတဲ့ Situational Hero တစ်ကောင်
အဖြစ်သို့ မသိမသာ ကျရောက်ခဲ့ပါတယ်။ အခုချိန်မှာတော့ Ember Spirit ဟာ ပြောင်းလဲလာတဲ့ Talent အခြေအနေတွေကြောင့် ယခင်ထက် ပိုမိုရွေးချယ်ခံရတဲ့အပြင် Item Build ဟာလည်း လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

အပြောင်းအလဲ

Ember Spirit ရဲ့ Talent Board ဖွဲ့စည်းပုံတစ်ခုလုံးဟာ Ember Spirit ကို Damage Build ကနေ Damage per Second Build အဖြစ် လုံးဝပြောင်းလဲသွားစေပါတယ်။
+2s Searing Chains 25     +500 Flame Guard Absorption +8 Armor 20 15% Cooldown Reduction +6 All Stats  15  +20 Movement Speed +20 Damage     10 +15% Spell Amplification lvl 10 talent ဖြစ်တဲ့ +15% Spell Amplification ဟာ Ember Spirit ရဲ့ Searing Chain, Flame Guard နဲ့ Fire Remnant တို့ရဲ့ Magic Damage တွေအားလုံးကို တိုးသွားစေတာကနေစပြီး Ember Spirit ရဲ့ Playstyle အားလုံးကို အပြောင်းအလဲဖြစ်သွားစေတာဖြစ်ပါတယ်။ (ဒီဆောင်းပါးမှာတော့ Ember Spirit ရဲ့ Ability တွေအားလုံးကို lvl max အခြေအနေနဲ့ အကြမ်းဖျဉ်းတွက်ချက်သွားမှာ ဖြစ်ပါတယ်။)

ပထမဦးစွာ ပြောင်းလဲသွားတဲ့ Item တွေအကြောင်းကို ဆွေးနွေးချင်ပါတယ်။ ပုံမှန် Damage Item များထက် Magic Damage Ability ၃ ခုနဲ့ဖွဲ့စည်းထားတဲ့ Ember Spirit ကို Magic Damage Amplifi-cation Item ဖြစ်တဲ့ Veil of Discord, AoE Dps Item Radiance, Cooldown Reduction Item Octarine Core တို့နဲ့ လုံးဝပြောင်းလဲ ဆော့ကစားတာကို မြင်တွေ့ရပါတယ်။

Recommended Talent

lvl 10 = +15% Spell Amplification
lvl 15 = +20 Movement Speed
lvl 20 = 15% Cooldown Reduction
lvl 25 = +2s Searing Chains  

Searing Chains

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း Ember Spirit ရဲ့ Magic Damage သက်ရောက်တဲ့ Ability ၃ မျိုးစလုံးကို 0.15 ဆစီ တိုးသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် Searing Chains ဟာ ပုံမှန် 100 Damage နှုန်းထိမှာဖြစ်ပေမယ့် +15 Amplification ကြောင့် 115 Damage ကို သက်ရောက်သွားစေမှာဖြစ်လို့ 3 seconds duration ရှိတဲ့အခြေအနေမှာ စုစုပေါင်း 45 Magic Damage ပိုသက်ရောက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Veil of Discord ရဲ့ +25% Magic Amplification ကိုပါ ပေါင်းစပ်လိုက်တဲ့အခါ 115 Damage ရဲ့ 0.25 ဆဖြစ်တဲ့ 28.75 Damage ကြောင့် တစ်စက္ကန့်မှာ စုစုပေါင်း 143.75 Damage သက်ရောက်စေမှာပါ။ ဒါကြောင့် 3 seconds Duration အတွက် မူလ (300)
Damage အစား 431 Damage, lvl 25 +2s Searing Chains ကို ယူထားရင်တော့ 718.75 Damage ကို သက်ရောက်စေမှာပါ။ 15% Cooldown Reduction နဲ့ Octarine Core တို့ကြောင့် Searing Chains ဟာ နောက်ဆုံးအဆင့်မှာ 5.1 seconds သာ Cooldown ရှိတော့မှာဖြစ်လို့ perma root ability တစ်ခုဖြစ်သွားစေမှာပါ။ (131 Damage ပိုများ)

Flame Guard

400 AoE အတွင်းမှာ 60 Dps ကို သက်ရောက်စေမယ့် Flame Guard ကတော့ 15% Amplification ကြောင့် 72 Dps, Veil of Discord ကြောင့် 90 Dps, သက်ရောက်စေမယ့်အပြင် Radiance ကိုပါ ထည့်သွင်းတွက်ချက်တဲ့အခါ မူလ 60 Dps, Veil of Discord ကြောင့် 75 Dps ဆိုပြီး သက်ရောက်စေမှာပါ။ ဒါကြောင့် Flame Guard သုံးပြီး Radiance စပ်ထားတဲ့ Ember Spirit အနေနဲ့ Veil of Discord ပါသုံးလိုက်မယ်ဆိုရင် 400 AoE အတွင်းမှာ စုစုပေါင်း 90 + 75 = 165 Dps ကို သက်ရောက်နေစေမှာဖြစ်ပြီး Octarine Core ကြောင့် Spell Lifesteal ကိုလည်း ပြန်လည်ရနေမှာဖြစ်လို့ လိုတာထက်ပိုတဲ့ durabi-lity ကိုလည်း ရရှိနေမှာဖြစ်ပါတယ်။ (30 dps ပိုများ)

Ultimate Fire Remnant

Ultimate Fire Remnant ဟာ နောက်ဆုံးအဆင့်မှာ 300 Damage per Remnant ရှိပါတယ်။ ဒါကြောင့် သင်က Remnant ၃ ခုစလုံးကို တပြိုင်နက်တည်းသုံးပြီး ဝင်ရောက် တိုက်ခိုက်မယ်ဆိုရင် 300 x 3 = 900 AoE Magic Damage ကို သက်ရောက်စေမှာဖြစ်ပါတယ်။ အခု Talent တွေမှာပါဝင်လာတဲ့ 15% Amplification ကြောင့် Remnant တစ်ခုစီဟာ 345 Damage, Veil of Discord သုံးထားရင် 431.25 Damage ဆိုပြီး သက်ရောက်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ သင်က Remnant  ၃ ခုစလုံးကို တစ်ပြိုင်နက်တည်း သုံးလိုက်တဲ့အခါ 1293.75 Magic Damage ဖြစ်ပေါ်စေမှာပါ။ (393.75 Damage ပိုများ)

ဒါကြောင့် အခု လက်ရှိ Meta မှာမြင်နေရတဲ့အတိုင်း Veil of Discord, Radiance, Octarine Core စပ်ထားတဲ့ Ember Spirit ဟာဆိုရင်ဖြင့် သူ့ရဲ့ Magic Damage Ability ၃ ခုကြောင့် ယခင်လို Damage Item ကြီးတွေအထိစောင့်နေစရာမလိုတော့ဘဲ Team Fight ဝင်လို့ရတဲ့ Ember Spirit ဖြစ်သွားပါပြီ။ တကယ်လို့ သင်က lvl 12 Ember Spirit ဖြစ်ပြီး Searing Chains max, Flame Guard max, Fire Remnant lvl 1 ယူထားတဲ့အခြေအနေကနေ Veil of Discord တစ်ခုတည်းသုံးပြီး တိုက်ခိုက်မယ်ဆိုရင်တောင် Searing Chains ကနေ 431 Damage, Flame Guard ကနေ 4 seconds စာအတွက် 90 x 4 = 360 Damage, 3 Fire Remnant ကနေ 431 Damage ဆိုပြီး သက်ရောက်စေမှာဖြစ်လို့ ဒီအခြေအနေလောက်နဲ့တင် 1222.5 Magic Damage လောက်ကို သက်ရောက်နိုင်စေတာကိုတွေ့ရမှာပါ။ ဒီ Damage ပမာဏဟာ Support Hero တွေနဲ့ Carry များကို Mid Game မတိုင်ခင်မှာကတည်းက လုံလုံလောက်လောက် သေအောင်သတ်နိုင်တဲ့ပမာဏဖြစ်နေတဲ့အတွက် Ember Spirit ဟာ Late Game ထက် Mid Game မှာတင် တစ်ပွဲလုံးကိုပတ်မွှေလို့ရတဲ့ Aggressive Carry တစ်ကောင်အဖြစ်ပြောင်းလဲသွားရခြင်းပဲဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Tags: