Home » 

Nvidia Shield K1 Tablet

By: 

သီဟ

တန်ဖိုး - ၁၉၉.၉၉

အားသာချက်

ဈေးနှုန်းချိုသာပြီး ဂိမ်းကစားဖို့အတွက် အထူးကောင်းမွန်အောင် စီစဉ်ထားတာက ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ကြံ့ခိုင်ပြီး ချောမွတ်တဲ့ ဒီဇိုင်းနဲ့ပြုလုပ် ထားတာကလည်း သုံးစွဲသူကို စိတ်ကျေနပ်စေမယ့် ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

အားနည်းချက်

အားသွင်းဖို့အတွက် အားသွင်းကြိုးကို သပ်သပ်ထပ်မံ ဝယ်ယူရမှာဖြစ်ပြီး Fingerprint လည်း ပါဝင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

ဈေးနှုန်းချိုသာတဲ့ gaming tablet အမျိုးအစားတစ်ခုဖြစ်ပြီး ကိုယ်ထည်ပိုင်းကလည်း ကြံ့ခိုင်တဲ့ tablet အမျိုးအစားတစ်ခုဖြစ်ပါတယ်။ tablet ပေါ်ကနေ ဂိမ်းကစားရတာကို ဝါသနာပါသူများ အတွက်တော့ ရွေးချယ်သင့်တဲ့ tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Tegra K1 Quad-Core Processor ကို အသုံးပြုထားပြီး Pro-cessor မြန်နှုန်းကတော့ 2.2 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 2GB  ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16 GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.1.1 ကို အသုံးပြုထားတာပါ။  Screen အရွယ်အစားက ၈ လက်မရှိပြီး Resolution ကတော့ 1920 x 1200 resolution ရှိပါတယ်။ ကင်မရာပိုင်းမှာ အနောက်ဘက် ကင်မရာရော အရှေ့ဘက်ကင်မရာဟာ 5 Megapixels ဖြစ်ပြီး အနောက်ဘက် ကင်မရာမှာ Autofocus, HDR အစရှိတာတွေ ပါဝင်မှာဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာမှာလည်း HDR ကို အသုံးပြုနိုင်ပါတယ်။ အရှေ့ဘက်မှာ စပီကာတပ်ဆင် ပေးထားပြီး Bluetooth 4.0 ကို အထောက်အပံ့ ပေးထားပါတယ်။ Storage များများ သုံးစွဲချင်သူတွေ အတွက်လည်း MicroSD ထည့်သွင်း အသုံးပြုနိုင်မှာပါ။

ဒီဇိုင်း

ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ပြုလုပ်ထားပြီး Mini HDMI, USB Port အစရှိတာတွေကို tablet ရဲ့အပေါ်ဘက်မှာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အပေါ်ဘက်အခြမ်းနားမှာ စပီကာ ပါဝင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: trustedreviews