Home » 

Lycan Reworked (v7.00)

By: 

yahooyeeha

v7.00 ရဲ့အပြောင်းအလဲတွေထဲမှာ Dota သက်တမ်းတစ်လျှောက်တစ်ခါမှ မရှိခဲ့ဖူးတဲ့ အပြောင်းအလဲတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Illusion တွေနဲ့ပတ်သက်တဲ့ Exp and Gold System ဖြစ်ပါတယ်။ ယခုအခါ Illusion Unit တိုင်းကို Last Hit လုပ်လိုက်တဲ့အခါ Illusion Unit Owner ရဲ့ Lvl + 5 ဆိုတဲ့ Calculation အတိုင်း Gold နဲ့ Experience ကို ရရှိမှာဖြစ်ပါတယ်။ ဥပမာ Enemy Naga Siren ဟာ Lvl 11 ရှိနေပြီး ၎င်းရဲ့ Illusion ကို Last Hit လုပ်လိုက်မယ်ဆိုရင် 11 + 5 = 16 gold နဲ့ 16 Experience ကို ရရှိစေမှာဖြစ်ပါတယ်။ ဒီပမာဏဟာ နည်းတယ်လို့ထင်ရပေမယ့် Illusion Unit တွေရဲ့အသုံးပြုနှုန်းကို အနည်းငယ် ထိခိုက်စေမှာဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ pick rate ဟာ အတိုးအကျမသိသာနိုင်ပေမယ့် R.A.T Hero  အချင်းချင်းနှိုင်းယှဉ်လိုက်တဲ့အခါမှာ Illusion Hero တွေရဲ့စိတ်ဝင်စားခံရမှုဟာ သိသာသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီ v7.00 မှာ Illusion Unit တွေကို သိသိသာသာ Nerf ခြင်းတွေကိုလည်း တွေ့ရပါတယ်။ ၎င်းတို့ကတော့

- Illusion Unit များဟာ Tower တွေကိုတိုက်ခိုက်တဲ့အခါ Damage Output ရဲ့ ၅၀ ရာခိုင်နှုန်းကိုသီးသန့်လျှော့ချဦးမှာဖြစ်ပါတယ်။ (v6.88 အထိ ၃၀ ရာခိုင်နှုန်းသာ လျှော့ချပေးပါတယ်)

- Illusion Unit များဟာ Attack Speed bonus တွေကို မရရှိနိုင်တော့ပါဘူး။ (Drum)
- Magic Resistance bonus တွေကို မရရှိနိုင်တော့ပါဘူး။ (Rubick's Null Field AoE Bonus) ဒီလို Illusion တွေအပေါ်ကို သိသာတဲ့ Nerf တွေကြောင့် လက်ရှိ v7.00 Version မှာတော့ Illusion နဲ့ R.A.T တဲ့အခါမှာ ရွေးချယ်စရာ Option Hero တွေဖြစ်တဲ့ Terrorblade, Phantom Lancer, Shadow Demon, Chaos Knight တို့ရဲ့အသုံးဝင်မှုဟာ R.A.T ထက် Team Fight ကို ပိုမိုအာရုံစိုက်သွားစေမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Illusion မပါတဲ့ R.A.T Hero တွေဖြစ်တဲ့ Nature's Prophet, Lycan, Death Prophet, Clinkz, Morphling, Meepo စတဲ့ Hero တွေကတော့ Talent Tree ပေါ်မူတည်ပြီး ဒီ Version မှာ ပိုမိုအသုံးဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို R.A.T Hero တွေထဲကမှ သိသိသာသာ Rework လုပ်ခံရပြီး Captain's Mode ကနေ ခေတ္တ
ဖယ်ရှားခံလိုက်ရတဲ့ နာမည်ကြီး R.A.T Hero တစ်ကောင်ကတော့ Banehallow, The Lycan ပဲဖြစ်ပါတယ်။

Lycan ဟာ Strength Melee Hero တစ်ကောင်ဖြစ်ပြီး Ability ဖွဲ့စည်းပုံအရ R.A.T Hero တွေကြားမှာ လူကြိုက်များတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Premium တန်းမှာ Mid Lane Hero တစ်ကောင်အဖြစ်မြင်တွေ့ခဲ့ရပြီး Pub မှာတော့ Safe Lane Hero တစ်ကောင်အဖြစ်ဆော့ကစားကြပါတယ်။ TI4 အပြီးနောက်ပိုင်းမှာ Lycan ရဲ့ Meta ဟာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်းများစွာသိခဲ့တဲ့ Attack Speed နဲ့ Damage အသားပေး Playstyle ကနေ Hp, Tank Style အဖြစ် ဒီတစ်ခေါက် Update မှာ သိသိသာသာပြောင်းလဲပေးခဲ့တာကို တွေ့ရပါတယ်။

Abilities
Summon Wolves

Lycan ရဲ့ ဝံပုလွေ ၂ ကောင်ဆင့်ခေါ်တဲ့ Summon Wolves ကတော့ ဒီ Ability တစ်ခုတည်းကိုသာကြည့်မယ်ဆိုရင် Nerf ထားသယောင် ထင်ရပါတယ်။ Lycan ရဲ့ ဒုတိယ Ability ဖြစ်တဲ့ Howl Rework နဲ့တွဲဖက်လိုက်တဲ့အခါမှာတော့ Lycan ဝံပုလွေတွေဟာ ယခင်ကထက် ပိုမို Tanky ဖြစ်သွားစေမှာပါ။ Wolves တွေဟာ ပုံသေ Magic Resistance ၈၀ ရာခိုင်နှုန်းနဲ့ 1 Armor ရှိမှာဖြစ်ပြီး 200/ 240/ 280/ 320 Hp ရှိမှာဖြစ်ပါတယ်။ lvl 1 နဲ့ 2 မှာတော့ Wolves တွေမှာ မည်သည့် Ability မျှပါဝင်ဦးမှာ မဟုတ်ဘဲ lvl 3 မှာ Cripple (Enemy's Attack Speed Slow and Dps) နဲ့ lvl 4 အရောက်မှာတော့ Invisible ကို ရရှိစေမှာဖြစ်ပါတယ်။ ယခင်က +15 Hp Regeneration ကို ဖယ်ရှားလိုက်ပြီဖြစ်ပေမယ့် အဆိုပါ Hp Regen ကို Feral Impulse ကနေ ပြန်လည် ရရှိစေမှာဖြစ်ပါတယ်။ Feral Impulse ဟာ Attack Speed
ကိုမပေးတော့ပေမယ့် Wolves တွေ အနေနဲ့ Base Attack Time ကို 1.2/1.1/1.0/0.9 အဖြစ်လျှော့ချလိုက်တဲ့အတွက် ယခင်နီးပါးလျင်မြန်တဲ့ Attack Speed ကို ပိုင်ဆိုင်ထားဦးမှာပဲဖြစ်ပါတယ်။

Howl

Rework လုပ်လိုက်တဲ့ Howl ကတော့ ရာဇဝင်တွေထဲက သမန်းဝံပုလွေအတိုင်း ညဘက်မှာ ပိုမိုအစွမ်းထက်စေတဲ့ပုံစံအဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ယခင်က Allied Heroes တွေနဲ့ Lycan Control Units တွေကို Physical Damage တက်ခဲ့ပေမယ့် ယခု Howl ကတော့ Physical Damage အပြင် Hp ကိုပါ တိုးစေတော့မှာဖြစ်ပါတယ်။ နေ့ဘက်မှာ Howl ကို အသုံးပြုပေးတဲ့အခါ Allied Heroes တွေကို 10/ 15/ 20/ 25 Damage နဲ့ 50/ 100/ 150/ 200 Hp ကို တိုးစေမှာဖြစ်
ပြီး ညဘက်မှာ အသုံးပြုရင်တော့ အထက်ပါ Bonus တွေရဲ့ ၂ ဆအဖြစ် 20/ 30/ 40/ 50 Damage နဲ့ 100/ 200/ 300/ 400 Hp ကို ရှိစေမှာဖြစ်ပါတယ်။ အလားတူပင် Lycan Control Units တွေအနေနဲ့လည်း နေ့ဘက်အတွက် 4/ 6/ 8/ 10 Damage နဲ့ 25/ 50/75/ 100 Hp ကိုတိုးစေကာ ညဘက်ကတော့ အဆိုပါ Bonus တွေရဲ့
၂ ဆဖြစ်စေမှာဖြစ်ပါတယ်။

Feral Impulse

Lycan နဲ့ ၎င်းရဲ့ Units တွေကို 1/ 4/ 7/ 10 Hp Regen နှင့် 15%/ 26%/ 37%/ 48% ခန့်ရှိသော Bonus Damage တွေကိုပေးစွမ်းမယ့် Passive Ability ဖြစ်သွားပြီဖြစ်ပါတယ်။ အဆိုပါ Bonus ကို Lycan ရဲ့ 900 AoE အတွင်းက Controlled Units တွေသာ ရရှိမှာဖြစ်ပါတယ်။

Ultimate Shapeshift

ယခင် v6.88 ကအတိုင်း အပြောင်းအလဲမရှိတဲ့ Ultimate Shapeshift ကတော့ Lycanကို 650 Movement Speed, 40% Critical Chance, 1.4/ 1.6/ 1.8 critical rate, 1000 Night Vision စတဲ့ အားသာချက်တွေကိုပေးမယ့် Zoan Type Ultimate ဖြစ်ပါတယ်။ ပုံသေ Duration 18 seconds ရှိမှာဖြစ်ပြီး ပုံသေ Mana 100 နဲ့များများ
ယူလေ 120/ 90/ 60 Cooldown ကျသွားမှာဖြစ်ပါတယ်။ အားသာချက်ကတော့ Shapeshift ပြောင်းထားစဉ်ကာလအတွင်းမှာ Wolves တွေနဲ့ Lycan Controlled Units တွေအားလုံးဟာ 650 Movement Speed ကို ရရှိနေမယ့်အပြင် အဆိုပါ MS ကို မည်သည့် Slow debuff နဲ့မှ ဟန့်တားလို့ မရနိုင်ပါဘူး။

Talent

ကစားပွဲအခြေအနေကိုကြည့်ပြီး Talent ရယူပုံကလည်း ကွဲလွဲနိုင်ချေရှိပါတယ်။

Level 10: +15 Damage OR +150 Health

ပွဲထိန်းဆော့ပြီး R.A.T မယ့် Lycan Player တွေအနေနဲ့ကတော့ +15 Damage ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်သလို Team Fight လိုက်ပေးမယ့် Lycan အတွက်တော့ +150 Hp ဟာ lvl 10 မှာ ရွေးချယ်ခွင့်ရခြင်းက ကြီးမားတဲ့ အားသာချက်တစ်ခုဖြစ်စေမှာပါ။

Level 15: -20s Respawn Time OR +12 Strength

ဒီအပိုင်းမှာတော့ +12 Strength ဟာ များစွာ ထိရောက်မှုပိုရှိပါတယ်။ 240 Hp,+12 Damage ဟာ ကစားပွဲမှာခဏခဏမသေအောင် အနေအထိုင်တတ်တဲ့ Lycan Player တွေအတွက်တော့ အဖိုးထိုက်တန်တဲ့ Talent တစ်ခုဖြစ်ပါတယ်။

Level 20: 15% Evasion OR 15% Cooldown
Reduction

Lycan လို Strength Hero တစ်ကောင်အတွက် Cooldown Reduction က ရခဲတဲ့ရွေးချယ်မှုဖြစ်ပါတယ်။ Lycan ရဲ့ Ability ၃ ခုစလုံးကို ပျမ်းမျှ 7~9 seconds ဝန်းကျင်ခန့်လျော့စေခြင်းက Situational အခြေအနေမဟုတ်ရင် ဦးစားပေးယူသင့်ပါတယ်။

Level 25: +15s Shapeshift Duration OR +2 Wolves Summoned

Lvl 25 ရောက်နေတဲ့ Lycan အနေနဲ့ Aggressive Item Build ဆိုလျှင် ဘယ်ဘက် Talent, R.A.T item Build ဆိုလျှင်တော့ ညဘက် Talent ကို စိတ်ချ လက်ချရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Overview

Lycan ကစားသမားတိုင်းအတွက် အရေးအကြီးဆုံး Basic Item ကတော့ Vladmir's Offering ဖြစ်ပါတယ်။ အကြောင်းက Aura Ability ၄ ခုခန့်ပါဝင်တဲ့ Lycan ဟာ Wolves ၂ ကောင်အပြင် Summon Units အနေနဲ့အသုံးဝင်တဲ့ Necronomicon ကိုလည်း ရွေးချယ်လေ့ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Damage အနေနဲ့ Howl နဲ့ Feral Impulse ကနေ 20 Damages + 30% Damage ကို ရရှိထားပြီး Offering ကနေနောက်ထပ် 15% Bonus Damage ကို ရရှိစေပါမယ်။ Attack Speed အတွက် Feral Impulse ကနေ 30 Attack Speed နဲ့ Necro Archer ကနေ 9 Attack Speed Bonus တို့ကို ရရှိနိုင်ပါသေးတယ်။ တကယ်လို့ Push ဖို့အားသန်လို့ Drum ကို ထပ်မံရွေးချယ်မယ်ဆိုရင် Drum ကနေ 18% Movements Speed နဲ့ 30 Attack Speed ကို ရစေပါမယ်။ အခြား Item Build တွေကတော့ ကစားပွဲရဲ့ အခြေအနေကိုကြည့်ပြီး၊ မိမိရွေးချယ်ထားတဲ့ Pusher, Team fight Role ကိုကြည့်ပြီး မိမိနှစ်သက်သလို ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Tags: