Home » 

v7.01 Techies Reworked

By: 

yahooyeeha

Dota 2 ရဲ့ v7.00 Version အပြောင်းအလဲမှာ အားလုံးသိတဲ့အတိုင်း Hero တွေမှာ ထည့်သွင်းစဉ်းစားရမယ့် Talent အပြောင်းအလဲတွေကြောင့် ကစားပွဲတွေက ပိုမိုမြိုင်ဆိုင်လာခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒီလို version အကူးအပြောင်းမှာ Rework အလုပ်ခံရတဲ့ Hero ၄ ကောင်ရှိခဲ့ပါတယ်။ ဒီထဲကမှ ယခင်ကအခြေအနေထက် သိသာစွာပြောင်းလဲသွားတဲ့ Hero တစ်ကောင်ကတော့ Techies ပဲဖြစ်ပါတယ်။ Techies ဟာ Dota Hero တွေထဲမှာမှ Defence လုပ်တဲ့အပိုင်းမှာ သိသိသာသာ အသုံးဝင်တဲ့ Ability ဖွဲ့စည်းပုံကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Professional အဆင့်မှာတော့ ဒီလို Defence Hero ကိုပဲ Aggressive Play Style ဖြစ်အောင်ကစားခြင်းခံရတဲ့အတွက် ဆက်တိုက်ဆိုသလို Nerf ခံထိနေတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ဘယ်လိုပြောင်းပြောင်း Public Game တွေမှာတော့ စိတ်ပျက်စရာကောင်းတဲ့ Hero တစ်ကောင်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဒီ Version 7.00 အကူးအပြောင်းမှာ Rework လုပ်ခံလိုက်ရတဲ့ Techies ကတော့ ယခင်လိုမိမိအသင်းသားတွေကို ထိခိုက်စေတဲ့၊ Playstyle လုံးဝကွဲပြားနေတဲ့ Techies မျိုးမဟုတ်တော့တဲ့အပြင် Teamfight တွေအထိပါ လိုက်လံဆော့ကစားနိုင်ပြီဖြစ်တဲ့ Hero တစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါတော့တယ်။

Proximity Mines (Reworked)

ယခင်က Land Mines ဆိုပြီး ဆက်တိုက်သိလာခဲ့တဲ့ ဒီ Nuke Bombing Ability ဟာ အခုချိန်မှာတော့ နာမည်နဲ့အတူ အသုံးပြုပုံပါလုံးဝပြောင်းလဲသွားခဲ့ပါပြီ။ ယခင် Land Mines ဟာ တစ်နေရာတည်းမှာ Limit မရှိဘဲ စိတ်တိုင်းကျထောင်လို့ရပြီး Mines အရေအတွက် များရင်များသလောက် Damage ကလည်းလိုက်ပြီး များနိုင်ပါတယ်။ ဒါပေမဲ့ ဒီ Proximity Mines မှာတော့ အဲ့လို လုပ်လို့မရတော့ပါဘူး။ အကြောင်းက Proximity Mines ဟာ တစ်လုံးထောင်ထားတဲ့နေရာရဲ့ AoE 400 အတွင်းမှာ နောက်ထပ် Proximity Mines တစ်လုံးထောင်လို့မရခြင်းဘဲဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ Proximity Mines တစ်လုံးရဲ့ Damage ဟာ 225/ 400/ 575/ 750 ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ Lvl 7 Hero တစ်ကောင်အနေနဲ့ 750 Damage Output ရှိခြင်းက အရမ်းများတဲ့ပမာဏလို့ ပြောလို့ရပါတယ်။

Proximity Mines ရဲ့ထူးခြားချက်တစ်ခုကတော့ AoE 400 အတွင်းကို Enemy Hero တစ်ကောင်ကခြေချထားမယ်ဆိုရင် 1.6 seconds အကြာမှပေါက်ကွဲမှာဖြစ်ပါတယ်။ ဒါ့အပြင် Proximity Mines ဟာ Invisible  Mines အမျိုးအစားမဟုတ်တော့ဘဲ Mine ထောင်ထားတဲ့ 400 AoE အတွင်းကို ဝင်ကြည့်တော့မှ ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Mines ရှိတဲ့နေရာကို Gem of True Sight, Sentry Ward ထောင်ပြီး Range Hero တွေက အဝေးကနေလှမ်းကာ ဖျက်ဆီးနိုင်တော့မှာ မဟုတ်ပါဘူး။ အားနည်းချက်နောက်တစ်ခုကတော့ ပုံသေ Cooldown 12 seconds ရှိနေတဲ့အတွက် ယခင်လို Mines ပဲလှည့်ပတ်ထောင်နေတဲ့ ကစားပုံနဲ့ဆော့ဖို့ မလွယ်ကူတော့ပါဘူး။

Stasis Trap

ယခင်က Duration 6 minutes ရှိခဲ့တဲ့ Stasis Trap ဟာ အခုအချိန်မှာတော့ Permanent Duration ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် ယခင်လို Stun Debuff ကို မဖြစ်ပေါ်စေတော့ဘဲ version 7.00 မှာ တိုးတက်လာတဲ့ Root Debuff ကိုပဲ သက်ရောက်စေတော့မှာဖြစ်ပါတယ်။ Stasis Trap ထောင်ထားတဲ့ AoE 400 အတွင်းကို Enemy Hero တစ်ကောင်ကောင်က 2 seconds ခန့်ကြာမြင့်အောင် လာမတ်တတ်ရပ်နေတဲ့အခါ Activate ဖြစ်မှာဖြစ်ပြီး ပေါက်ကွဲသွားမယ့် AoE ကတော့ 600 ခန့်ရှိမှာဖြစ်ပါတယ်။ Stasis Trap ကတော့ Invisible Trap အမျိုးအစားဖြစ်ပေမယ့် Trap ပေါ်တက်နင်းတဲ့ Enemy Hero ကပါ Invisible ဖြစ်နေမယ်ဆိုရင် Stasis Trap ကို Activate မဖြစ်နိုင်ပါဘူး။ Level များများတင်တဲ့အခါ Root Duration က 2/ 3/ 4/ 5 seconds ဆိုပြီး တက်လာမယ့်အပြင် Cooldown ကတော့ ယခင်အတိုင်း 20/ 16/ 13/ 10 ဆိုပြီး ကျဆင်းသွားမှာဖြစ်ပါတယ်။

Blast Off! (Reworked)

ယခင် Suicide Squad, Attack! နေရာမှာ ပြောင်းလဲသွားတဲ့ Blast off ကတော့ Techies အတွက် အကောင်းမွန်ဆုံး အပြောင်းအလဲတစ်ခုလို့ ပြောလို့ရသွားပါတယ်။ Cast Range 100 တည်းရှိတဲ့ ယခင် Sucide Squad ကို အသုံးပြုပါက အနည်းငယ်ခက်ခဲခဲ့ပေမယ့် ယခု Blast Off! ကတော့ Cast Range 1000 အထိ အသုံးပြုနိုင်တဲ့ AoE Nuke Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့နေရာကို Techies ကခုန်သွားပြီးဖောက်ခွဲမှာဖြစ်သလို အဆိုပါနေရာကိုရောက်ဖို့အတွက် 1 second Cast Time ရှိမှာဖြစ်ပါတယ်။ မြေပေါ်ကျသွားတဲ့နေရာရဲ့ 400AOE အတွင်းမှာ 300/ 400/ 500/ 600 Magical Damage ကို သက်ရောက်စေရုံတင်မကဘဲ 4/ 5/ 6/ 7 seconds Silence ကိုပါ သက်ရောက်စေမှာက အလွန်ကောင်းတဲ့ အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ Blast Off! အသုံးပြုဖို့အတွက် 100/ 125/ 150/175 Mana အပြင် Techies ရဲ့ 50% သော HP ကိုပါစတေးပေးရမှာဖြစ်ပါတယ်။ ဒီလိုလျော့သွားတဲ့ Hp ကြောင့် Techies ဟာ Suicide ဖြစ်သွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ တစ်ချက်ကတော့ လက်ခံနိုင်တဲ့ပုံသေ Cooldown 35seconds သာရှိခြင်းပဲဖြစ်ပါတယ်။

Ultimate Remote Mines

Remote mines ကတော့ ယခင်ကထက် ထွေထွေထူးထူးပြောင်းလဲသွားခြင်းမရှိပေမယ့် ဖောက်ခွဲလိုက်တဲ့အခါမှာ ယခင်လိုချက်ချင်းမပေါက်ကွဲတော့ဘဲ 0.25 second Delay ရှိသွားမှာဖြစ်ပါတယ်။ Cast Time ကတော့ 1 second သာရှိတော့မှာဖြစ်ပါတယ်။ ယခင်အတိုင်း အစုလိုက်အပြုံလိုက်ထောင်လို့ရပြီး AoE အလိုက်ဖောက်ခွဲလို့ရတဲ့ Focus Detonate, Aghanims Scepter စပ်ပြီးချိန်မှာ Minefield sign တို့ကြောင့် မိမိရဲ့ Mine များကို ဖုံးကွယ်ထားနိုင်ခြင်းများကတော့ ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပါတယ်။ Talent Level 10: +20 Movement Speed OR +2 Mana Regen Level 15: +25% XP Gain OR +200 Cast Range Level 20: +120 Gold/Min OR -60s Respawn Time Level 25: +400 Blast Off Damage OR 25% Cooldown Reduction Talent တွေကတော့ ကစားပွဲပေါ်မူတည်ပြီး မိမိဘာသာအပြောင်းအလဲကို ကြည့်လုပ်နိုင်ပါတယ်။ အဓိကကတော့ lvl 15 မှာရမယ့် ဒုတိယအဆင့် Talent ဟာ Techies ရဲ့ Playstyle ကိုပြောင်းလဲစေမှာပါ။ ပုံမှန်အတိုင်း မိုင်းထောင်ပြီးလျှောက်သွားနေမယ့် Techies Player တွေကတော့ +25% XP gain ကိုယူသင့်ပြီး Teamfight လိုက်တဲ့ ကစားသမားတွေကတော့ +200 Cast Range ကို ယူသင့်ပါတယ်။ အကြောင်းက နောက်ဆုံးအဆင့် Talent မှာရရှိမယ့် +400 Blast Off! Damage ဟာ Cast Range ဝေးဝေးခုန်နိုင်လေ၊ Techies ကို ကောင်းမွန်တဲ့ Initiator တစ်ကောင်ဖြစ်စေမှာဖြစ်ပါတယ်။ ကစားပွဲက အားသာနေရင်တော့ တတိယအဆင့် Talent မှာရမယ့် +120 Gold/ Minute က Techies Item Build ကို များစွာ အထောက်အကူဖြစ်စေမှာပါ။

Items

ပြောင်းလဲသွားတဲ့ Ability Rework တွေနဲ့ Talent Board ကြောင့် Techies ရဲ့ Item Build ဟာလည်း အနည်းငယ်ပြောင်းလဲသွားနိုင်ပါတယ်။ ယခင်လို မိုင်းလိုက်ထောင်ပြီး Defensive ဆော့တဲ့ ကစားသမားတွေအနေနဲ့ ပုံမှန်အတိုင်း Eul Staff, Bloodstone, Arcane Boots, Aghanim’s Scepter, octarine core စသဖြင့် Base Mana နဲ့ Mana Regen ကို အသားပေးစပ်နိုင်သလို Aggressive Techies တွေ အနေနဲ့ကတော့ Force Staff, Drum, Glimmer Cape, Guardian Greaves, Hex, Pipe, Necronomicon, Shiva’s Guard စသဖြင့် ပုံမှန် Hero တစ်ကောင်လို စပ်ပြီး Team Fight ဆော့လို့ရသွားမှာလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Tags: