Home » 

Sun Wukong the monkey king

By: 

yahooyeeha

Dota ကစားသမားတွေနဲ့အတူ ၁၁ နှစ်ကြာအောင် ဖြတ်သန်းလာပေးခဲ့တဲ့ Defense of the Ancient Version 6 ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်၊ မနက် ၇ နာရီခန့်မှာ အဆုံးသတ်သွားခဲ့ပါပြီ။ တကယ်တော့ 6 ဆိုတဲ့ ကိန်းဂဏန်းကနေ 7 ဆိုတဲ့ ဂဏန်းကိုပြောင်းလဲသွားတာဖြစ်ပြီး “The New Journey Update” ဆိုတဲ့အတိုင်း ခရီးအသစ်တစ်ခုကို စတင်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့ v7.00 Version Update မှာတော့ Map, Rune, Talent, Backpack, HUD design, pre-game interface စသဖြင့် အပြောင်းအလဲတွေ ပါဝင်ပြီး အထူးခြားဆုံး အပြောင်းအလဲတစ်ခုကတော့ Dota 2 စတင် ကစားခွင့်ရခဲ့တဲ့ ၆ နှစ်ကျော်ကာလအတွင်းမှာ ပထမဦးဆုံးအဖြစ် Dota 1 နဲ့လုံးဝမသက်ဆိုင်တဲ့ New Hero တစ်ကောင်ပါဝင်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ New Hero ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Sun WuKong, The Monkey King ပဲဖြစ်ပါတယ်။ Monkey King ဟာ Agility  Hero တစ်ကောင်ဖြစ်လာခဲ့ပြီး ကစားပွဲအစ Lvl မတင်ခင်ကတည်းက အသုံးပြုစရာ Active Ability တစ်ခုပါဝင်လာတဲ့ Hero လည်းဖြစ်ပါတယ်။ version 7.00 ထွက်လာခဲ့ပြီး ယခုအချိန်မှာတော့ ပွဲတိုင်းနီးပါးမြင်တွေ့နေရတဲ့ Hero သစ်တစ်ကောင်ဖြစ်တဲ့ Monkey King နဲ့ပတ်သက်တဲ့အချက်အလက်အချို့ကို စုစည်းဖြော်ပလိုက်ပါတယ်။

Abilities
Mischief

Level မတင်ခင်ကတည်းက စပြီးအသုံးပြုလို့ရတဲ့ Mischief ဟာ Mana မလိုတဲ့ Instant Ability တစ်ခုဖြစ်ပါတယ်။ Wukong ဟာ အသုံးပြုလိုက်တဲ့နေရာရဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပုံစံပြောင်းသွားမှာဖြစ်ကာ Minimap ပေါ်က Hero Icon ပါပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ လမ်းပေါ်တွေမှာသုံးရင်တော့ Courier (350 MS), Ironwood Branch, Healing Salve, Clarity Potion, Banana, Peel Banana, Town Portal, Tango စတာတွေထဲကတစ်ခုကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Roshan Pit ထဲမှာသုံးရင် Aegis of the Immortal (သို့မဟုတ်) Cheese, သစ်ပင်နားမှာသုံးရင် သစ်ပင်တစ်ပင်ပုံ၊ Rune Spot နားမှာသုံးရင် Rune ပုံစသည်ဖြင့် ကိုယ်ယောင်ဖျောက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါပုံစံပြောင်းထားချိန်မှာ Wukong ဟာ 200 Movement Speed ရှိနေမှာဖြစ်ပြီး Tower, Fountain, Creeps များက သင့်ကိုတိုက်ခိုက်ဖို့ သတိထားမိကြမှာမဟုတ်ပါဘူး။

Boundless Strike

အကြမ်းဖျင်းကြည့်ရရင် Earthshaker ရဲ့ Fissure နဲ့ ပုံစံဆင်တူပြီး Damage တွက်ချက်ပုံကတော့ Monkey King လက်ရှိ Physical Damage ရဲ့ ၂ ဆဖြစ်ပါတယ်။ ယူထားတဲ့ အဆင့်အလိုက် 0.5/ 1/ 1.5/ 2 seconds stun ပါရှိမှာဖြစ်ပြီး ပုံသေ Cooldown 25 seconds နဲ့ ပုံသေ Mana 100 ရှိမှာဖြစ်ပါတယ်။ Physical Damage Type ဖြစ်ပြီး Wukong ရဲ့ Normal Attack တစ်ခုအဖြစ် သတ်မှတ်ထားကာ Cast Point 0.4 second ခန့်ရှိပါတယ်။ Boundless Strike ဟာ Monkey King ရဲ့ Damage ပေါ်တွက်ချက်တာဖြစ်လို့ အစောပိုင်း Item နည်းနေစဉ်မှာတော့ Damage ပမာဏအရမ်းများဦးမှာ မဟုတ်ပါဘူး။ Tree Dance နဲ့ သစ်ပင်ပေါ်တက်နေတုန်းမှာလည်း သုံးခွင့်ရှိပြီး Cooldown များတဲ့အပြင် Jingu Mastery ကနေရရှိမယ့် Critical Rate ကိုလည်း ထည့်သွင်းတွက်ချက်မှာဖြစ်လို့ အလောတကြီးသုံးစရာမလိုတဲ့ Ability တစ်ခုဖြစ်ပါတယ်။ (Jingu Mastery ကနေရရှိမယ့် +200 Damage ရရှိနေပြီးမှ Boundless Strike ကိုအသုံးပြုမယ်ဆိုရင် ပုံမှန်ထက် 400 Physical Damage ပိုပြီး Critical ထစေမယ့်အတွက်ဖြစ်ပါတယ်။)

Tree Dance

Tree Dance ကတော့ Dota မှာ ဘယ် Hero မှာမှ မရှိသေးတဲ့ သစ်ပင်တွေပေါ် ခုန်ပျံကျော်လွှားပြီးသွားနိုင်စေမယ့် No Mana Cost Ability တစ်ခုဖြစ်ပါတယ်။ Tree Dance ကို lvl တင်သမျှဟာ Primal Spring ကို lvl တက်သွားစေမှာဖြစ်ပါတယ်။ Cast Range 1000 ရှိပြီး သစ်ပင်တွေပေါ်မှာခုန်ပျံသွားတဲ့အခါ Wukong က Flying Vision ကို ရရှိနေမှာဖြစ်သလို Flying Vision ရရှိတဲ့ Enemy တွေမှသာ Wukong ကို မြင်နိုင်မှာဖြစ်ပါတယ်။ အားသာချက်ကတော့ Damage ထိနေတဲ့အချိန်မှာတောင် သစ်ပင်ပေါ်ခုန်တက်ကာ ထွက်ပြေး လွတ်မြောက်နိုင်ခြင်းပဲဖြစ်ပြီး အားနည်းချက်ကတော့ Wukong နင်းထားတဲ့ သစ်ပင်အချိုးခံရပါက မြေပေါ်သို့ပြုတ်ကျကာ 4 seconds ခန့် Stun ဖြစ်နေမယ့် အချက်ပါပဲ။ ဒါကြောင့် ဒီတိုင်းထွက်ပြေးလွတ်မြောက်တာထက်စာရင် မိမိအသင်းအတွက် Vision ကြည့်ပေးခြင်း၊ Warding လုပ်ပေးခြင်း၊ Defense နဲ့ Gank များအတွက် အသုံးပြုဖို့ ပိုပြီးသင့်တော်ပါတယ်။

Primal Spring

Tree Dance ဟာ lvl ဘယ်လောက်တင်တင် ထူးထူးခြားခြား မပြောင်းလဲပေမယ့် ဒီ Primal Spring ရဲ့ Damage, Slow Rate တို့ကို တိုးသွားစေမှာဖြစ်ပါတယ်။ ပုံသေ Cooldown 16 seconds, AoE 375, Cast Range 1000 နဲ့ Slow Duration 4 seconds ရှိမှာဖြစ်ပြီး တင်ထားတဲ့ အဆင့်အလိုက် 100/ 180/ 260/ 340 Damage ခန့်တိုးလာကာ Slow Rate ဟာလည်း 40%/ 50%/ 60%/ 70% ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ Damage နဲ့ Slow Rate ကိုအပြည့်အဝသက်ရောက်စေဖို့ 3 seconds ခန့်စောင့်ဖို့လိုပြီး “S” key နှိပ်ပေးခြင်းဖြင့် 3 seconds အထိ စောင့်စရာမလိုဘဲရသလောက် Damage နဲ့လည်း တိုက်ခိုက်လို့ရပါတယ်။ Primal Spring ဟာ Monkey King အနေနဲ့ သစ်ပင်တစ်ပင် ပင်ပေါ်မှာရှိနေတဲ့အချိန်မှာသာ အသုံးပြုနိုင်စွမ်းရှိမှာဖြစ်ပြီး အားနည်းချက်ကတော့ Primal Spring သက်ရောက်မယ့် AoE မှာပေါ်လာမယ့် Yin and Yang AoE Indicator ဟာ Enemy အသင်းသားတွေပါ မြင်နိုင်စွမ်းရှိခြင်းပဲဖြစ်ပါတယ်။

Jingu Mastery

Passive Ability တစ်ခုဖြစ်တဲ့ Jingu Mastery ကတော့ Wukong အနေနဲ့ Enemy Hero တစ်ကောင်တည်းကို ၄ ချက်ခန့် Normal Attack ဖြင့် တိုက်ခိုက်ပြီးတဲ့အခါမှ ရရှိမယ့် Bonus Damage + Lifesteal Ability ဖြစ်ပါတယ်။ Enemy Hero တစ်ကောင်ကို ၄ ချက်ခန့် တိုက်ခိုက်ပြီးတဲ့အခါ Wukong အနေနဲ့ Charge ၄ ခုရရှိပါလိမ့်မယ်။ အဆိုပါ Charge ၄ ခုကတော့ Wukong ထပ်မံတိုက်ခိုက်မယ့် Normal Attack ၄ ချက်မှာ +80/ 120/ 160/ 200 Bonus Damage အပြင် 20%/ 30%/ 40%/ 50% Lifesteal ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ Jingu Mastery Charge တွေရရှိနေပြီးမှ Boundless Strike ကို အသုံးပြုပေးခြင်းဖြင့် Boundless Strike ရဲ့ Critical Damage ကိုလည်း တိုးစေမှာဖြစ်ပါတယ်။

Ultimate Wukong’s Command

AoE Ability တစ်ခုဖြစ်ပြီး 1050 AoE အတွင်းမှာ WuKong ရဲ့ Illusion ၁၄ ကောင်ကို လွှတ်ပေးလိုက်မှာဖြစ်ပါတယ်။ အဆိုပါ Illusion တွေဟာ ၎င်းတို့နားကပ်လာသမျှ Enemy Hero တိုင်းကို 2 seconds ခြားတစ်ခါစီတိုက်ခိုက်မှာဖြစ်ပြီး Wukong ရဲ့ Physical Damage အတိုင်း၊ Item Buff တွေအတိုင်း တိုက်ခိုက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ Illusion တွေကတော့ Jingu Mastery Buff ကိုရရှိမှာမဟုတ်ပါဘူး။ Wukong သေသွားခဲ့ရင် (သို့မဟုတ်) AoE 1050 ရဲ့အပြင်ဘက်ကိုထွက်သွားခဲ့ရင် Wukong’s Command ရဲ့ Duration 14/ 15/ 16 seconds မပြီးဆုံးခင် ရပ်တန့်သွားမှာဖြစ်ပါတယ်။

Overview

Boundless Strike ဟာ များများတင်မှ stun duration အနည်းငယ်စီသာ တိုးသွားမှာဖြစ်လို့ အစောပိုင်းမှာ တစ်ဆင့်လောက်ယူထားလဲ လုံလောက်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Massive Bonus Damage ကိုပေးမယ့် Jingu Mastery ကို အရင်ဆုံးတင်ပြီး Primal Spring ကိုတော့ ဒုတိယဦးစားပေးတင်သင့်ပါတယ်။ Wukong ဟာ Attack Range 300 ရှိတဲ့ ထူးထူးခြားခြား Melee Hero တစ်ကောင်ဖြစ်သလို Strength Grow နည်းပါးတဲ့ Hero တစ်ကောင်လည်းဖြစ်ကာ သွေးနည်းနည်း ခပ်ပျော့ပျော့ Hero တစ်ကောင်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းရဲ့ Talent Tree မှာတော့ lvl 15 မှာ +275 Health, lvl 20 မှာ +15 strength နဲ့ lvl 25 မှာ +25% Magic Resistance တို့ပါဝင်နေခြင်းက Wukong အတွက် အနည်းငယ်ပြန်လည် Tank သွားစေမှာဖြစ်ပါတယ်။ Jingu Mastery ဟာ Wukong ရဲ့အဓိကအသက်ဖြစ်လို့ Echo Sabre  ဟာ အခြေခံစဉ်းစားသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Cooldown သိပ်မများတဲ့ Ultimate ဟာလည်း Item Buff တွေသယ်ဆောင်နိုင်စွမ်းရှိလို့ Mjollnir, Desolator, Abyssal Blade, Diffusal Blade, Skadi တို့ကိုရွေးချယ်နိုင်ပြီး Espace အတွက် ပိုမိုလုံလောက်ဖို့အတွက် Shadow Blade, Silver Edge တို့ကိုလည်းရွေးချယ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ Wukong ဟာ Support Hero တစ်ကောင်အဖြစ် သတ်မှတ်ဖို့ မလွယ်ကူသေးဘဲ ကစားပွဲအစောပိုင်းမှာ အနည်းငယ် Tank ကာ Attack Speed ရစေမယ့် Item တွေနဲ့ အစပြုကာ Core Carry Hero တစ်ကောင်
အဖြစ်ဆော့ကစားသင့်တဲ့ Hero တစ်ကောင်ပဲဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Tags: