Home » 

Xiaomi Redmi 4a

By: 

ကိုသက်

အားသာချက်

ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာထည့် သွင်းအသုံးပြုပေးထားတဲ့ မှတ်ဉာဏ်ပိုင်း၊ ကင်မရာပိုင်းနဲ့ Graphic GPU ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တယ်လို့ ဆိုရမယ့်ဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ ပါဝါအသုံးပြုခြင်းအတွက်လည်း သိုလှောင်နှိုင်မှု ပမာဏ သင့်တင့်ကောင်းမွန်တဲ့ ဘက်ထရီပါဝင်ပါတယ်။

အားနည်းချက်

Sim Card နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုး အစားဖြစ်ပေမယ့် Sim 2 နေရာဟာ SD Card နဲ့ တွဲထားတဲ့အတွက် SD Card အသုံးပြုမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးနိုင်ပါလိမ့်မယ်။ အခြား Xiaomi ဖုန်းတွေ တော်တော်များများမှာ ပါဝင်တဲ့ Fingerprint စနစ်ကိုလည်း ဒီဖုန်းမှာ တွေ့ရမှာ မဟုတ်ပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ Redmi 3s နဲ့ ဆင်တူတယ် လို့ ထင်ရပါတယ်။ ဖုန်းရဲ့ ထောင့်အနားလေးဖက် အနည်းငယ် ဝန်းဝိုင်းတဲ့ ပုံစံမျိုး ရှိနေပြီး စပီကာတွေကိုတော့ ဖုန်းရဲ့ ကျောဘက်ကာဗာ အောက်နားမှာ တပ်ဆင် ပေးထားပါတယ်။ ဖုန်းကိုယ်ထည်ကတော့ ပ လတ်စတစ် ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်မှု ပုံစံမျိုးဖြစ်ပြီး ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၃.၉၅ စင်တီမီ တာ၊ ဘေးတိုက်အကျယ် ၇.၀၄ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၅ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၃၁.၅ ဂရမ်ဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်မှာတော့ ပေါ့ပါးခြင်းကို ခံစားရမှာပါ။ Home, Back, Menu Key တွေအားလုံးကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး Resolution ကတော့ 720 x 1280 pixels (~294 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

တန်ဖိုးသင့်တင့်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ Android OS 6.0 နဲ့ Xiaomi ရဲ့ MIUI 8 ကိုအတူ တွဲဖက် အသုံးပြုရမှာ ဖြစ်တဲ့အတွက် MIUI 8 မှာပါဝင်တဲ့ စနစ်တွေဖြစ်တဲ့ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်၊ ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll Screenshot စနစ်၊ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင်တော့ Redmi 4a ဟာ ရှေ့ကထွက်ခဲ့တဲ့ Redmi 4 ထက် မှတ်ဉာဏ်ပိုင်း၊ Screen Resolution ပိုင်း၊ CPU ပိုင်းတွေမှာ အနည်းငယ် နိမ့်နေပေမယ့် ဈေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်နေတဲ့အတွက် ငွေကြေးချွေတာ လိုသူတွေအနေနဲ့ ရွေးချယ်နိုင်မဲ့ ဖုန်းတစ်ခု ဖြစ်နိုင်ပါတယ်။ MIUI 8 ဟာ တရုတ်ဗားရှင်း ဖြစ်နေတဲ့အတွက် မြန်မာစာနဲ့ Google Services တွေကို ပြန်ထည့်ပြီး သုံးရမှာဖြစ်ပေမယ့် သိပ်တော့အခက်အခဲ မရှိနိုင်ပါဘူး။ သင့်တင့်တဲ့ မှတ်ဉာဏ်ပမာဏ ပါဝင်ပြီး ကင်မရာပိုင်းမှာ ဆိုရင်တော့ အဆင်ပြေ ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။ Fingerprint မပါတာကို မကြိုက်ဘူးဆိုရင်တော့ ဒီဖုန်းက အဆင်ပြေမှာ မဟုတ်ပါဘူး။

Network    GSM - 2G/ 3G/ 4G
SIM            Single SIM (Nano & Micro Sim Dual Standby)
OS              Android OS, v6.0.1
CPU            Quad-core 1.4 GHz Cortex-A53
GPU            Adreno 308
Memory     Internal 16GB, 2GB RAM, Micro SD 256GB
Camera     13 MP, f/2.2, autofocus, LED flash, Geo- tagging, touch focus, face/smile detection,
                   HDR, panorama, Video, Front 5 MP, f/2.2
Wi-Fi          Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth  v4.1, A2DP, LE
Battery      Li-Ion 3120 mAh Battery

သူတို့အမြင်

ကိုကျော်မျိုးဆန်း (စမ်းသပ်အသုံးပြုသူ)

ပြောရမယ်ဆိုရင်တော့ Redmi 4a က Redmi 4 လောက် Memory ပိုင်းတွေ၊ CPU ပိုင်းတွေနဲ့ Screen Resolution ပိုင်းတွေမှာ မမြင့်ပေမယ့် ရှိသင့်ရှိထိုက်တဲ့ မှတ်ဉာဏ်ပမာဏနဲ့ CPU တွေ ပါဝင်တယ်လို့ပဲ ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းရဲ့ ဈေးနှုန်းကလည်း သက်သာတယ်လေ။ အဲဒီအတွက် ဒီဈေးနှုန်းလောက်နဲ့ ဒီလောက် Specification ဆိုရင် မဆိုးဘူးလို့ပဲ  ပြောရမှာပေါ့။ ဒါပေမယ့် သူ့ရှေ့က ထွက်ခဲ့တဲ့ Redmi 3 Pro နဲ့ သိပ်မကွာဘူးလို့လည်း ပြောလို့ ရတယ်။ ပြောစရာရှိတာ တစ်ခုကတော့ အရင်တုန်းက Xiaomi ဆိုရင် ဈေးနှုန်း သက်သက်သာသာလေးနဲ့ Fingerprint ပါတယ်၊ ကင်မရာလည်း မဆိုးဘူး၊ မှတ်ဉာဏ်ပိုင်းမှာလည်း မဆိုးဘူးဆိုပြီး ပြောကြတယ်။ ဒီဖုန်းမှာတော့ Fingerprint မပါတော့တာ တစ်ခုကတော့ နည်းနည်း အားနည်းသွားသလို ခံစားရတယ်။

မ၀တ်ရည်အောင် (စမ်းသပ်အသုံးပြုသူ)

သူ့ရဲ့ဈေးနှုန်းနဲ့ Specification ကိုကြည့်မယ် ဆိုရင်တော့ တန်ပါတယ်လို့ပဲ ပြောရမယ်။ ကင်မရာကလည်း 13 Megapixels ဆိုတော့ မဆိုးပါဘူး။ MIUI 8 နဲ့ သုံးလို့ရမယ်။ အလေးချိန်လေးကလည်း မဆိုးပါဘူး ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။ သူ့ရဲ့ Specification က ဟိုးအရင်က ထွက်ခဲ့တဲ့ Xiaomi ရဲ့ Redmi 3 Pro နဲ့ သိပ်မကွာလှဘူးလို့ ထင်တယ်။ ဒါပေမယ့် စထွက်လာတဲ့ ဈေးကတော့ Redmi 3 Pro ထက် အများကြီး သက်သာနေတာ တစ်ခုကလည်း သုံးတဲ့သူတွေအတွက် ရွေးချယ်စရာ တစ်ခုလို ဖြစ်နိုင်ပါတယ်။ ဖုန်းမှာရှိနေတဲ့ အချက်အလက်တွေ အားလုံးအဆင်ပြေနေ ပေမယ့် Fingerprint မပါတော့တာ တစ်ခုကိုတော့ နည်းနည်းဘ၀င် မကျသလိုပဲ။

ကိုထွန်းထွန်း (စမ်းသပ်အသုံးပြုသူ)

4a က ရှေ့ကထွက်ခဲ့တဲ့ Redmi 3 Pro နဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် စထွက်လာတဲ့ ဈေးကတော့ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ Redmi 3 Pro စထွက်တုန်းက ၂ သိန်းနား နည်းနည်းနီးတယ်။ ခု 4a ကတော့ တစ်သိန်းကို စွန်းရုံလေးပဲဆိုတော့ ဈေးကတော့ ပြောစရာသိပ်မလိုဘူး။ ဖုန်းရဲ့ Specification ပိုင်းကိုကြည့်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် Redmi 3 Pro ထက်တော့ Memory, CPU, GPU ပိုင်းတွေမှာ နည်းနည်းလေး နိမ့်နေတာတော့ ရှိတာပေါ့နော်။ ဒါပေမယ့် သူ့ဈေးနဲ့ သူ့ဟာသူကတော့ မဆိုးဘူးပြောရမယ်။ Fingerprint မပါတာတစ်ခု ကတော့ Customer အတွက် နည်းနည်း စဉ်းစားစရာ ဖြစ်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Xiaomi ထဲမှာကိုပဲ Fingerprint ပါတဲ့ Redmi 4 16GB တို့ Redmi Note 3 တို့နဲ့ ဈေးသိပ်မကွာတော့ဘူး ဖြစ်နေတာတော့ ရှိတယ်။

Dual App ဆိုတဲ့ စနစ်ကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ App တွေကို နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ Facebook App ကို Dual App စနစ်ထဲမှာ မှတ်သားလိုက်ရင် Facebook App ကို နှစ်ခုအသုံးပြုနိုင်မှာဖြစ်ပြီး အကောင့်နှစ်ခုကိုလည်း တစ်ပြိုင်တည်း ဖွင့်ထားလို့ ရနိုင်ပါတယ်။

  

Second Space ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ အကောင့်နှစ်ခု ခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို Setting ထဲမှာစဖွင့်ပြီး အသုံးပြုလိုက်တာနဲ့ ဖုန်းရဲ့ Screen ပေါ်မှာ Switch ဆိုတဲ့ Icon က အဆင်သင့် အသုံးပြုနိုင်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

  

Quick Ball စနစ်ကိုတော့ Additional settings ဆိုတဲ့ စနစ်ထဲမှာ မြင်တွေ့ နိုင်ပါတယ်။

  

One Handed mode ဆိုတဲ့ စနစ်ကို အသုံးပြုတဲ့ အခါမှာလည်း တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ပုံစံမျိုးမဟုတ်ပဲ One handed စနစ်မှာ အသုံးပြုတဲ့သူရဲ့ စိတ်ကြိုက် အရွယ်အစားအတိုင်း ချိန်ညှိအသုံးပြု နိုင်ပါတယ်။

  

Screenshot လုပ်မယ် ဆိုရင်တော့ Screenshot ကို ဖုန်းရဲ့ထိပ်ပိုင်းမှာ ဖော်ပြထားမှာဖြစ်ပြီး အဲဒီ Screenshot ပုံကို နှိပ်လိုက်ရင်တော့ Scroll ဆိုတဲ့ ရှည်လျားတဲ့ Screenshot စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

  

ကင်မရာ ပိုင်းမှာတော့ ရှေ့ကင်မရာမှာ ထူးခြားတဲ့ ဓာတ်ပုံ အသုံးပြု Effect စနစ်တွေ ပါဝင်တာမတွေ့ရပါဘူး။  Timer နဲ့ Beauti Mode နှစ်ခုပဲ ပါဝင်ပါတယ်။ နောက်ဘက် ကင်မရာမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာ Mode တွေ ပါဝင်ပါတယ်။

  

Home, Back, Menu အစရှိတဲ့ Android Key တွေကို ကိုယ်အသုံးပြုချင်တဲ့ပုံစံ မျိုးတွေပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ဆိုရင်တော့ Home Key ကိုအသုံးပြုတဲ့အခါမှာ Home ကိုပြန်သွားအောင် အသုံးပြုနိုင်သလို Home Key ကိုဖိထားရင် Recent App တွေကို ခေါ်ပြီး ဖျက်နိုင်တာမျိုးတွေ ပြုလုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုပဲ Back Key ကိုလည်း Back စနစ်အပြင် အခြား မိမိအသုံးပြုလိုတဲ့ Shortcut တစ်ခုကိုထပ်မံ ဖြည့်စွက်ပေါင်းထည့်ပြီး အသုံးပြုနိုင်ပါတယ်။

Additional Settings ထဲက Buttons ဆိုတဲ့ စနစ်ထဲမှာ အသုံးပြုနိုင်ပါတယ်။ Buttons ထဲမှာ Home, Back, Recents ဆိုပြီး ရှိပါတယ်။ ဒီစနစ် တစ်ခုချင်းစီထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ ရှိနေပါတယ်။

  

  

  

SIM Slot