Home » 

Xiaomi Redmi 4 Prime

By: 

ကိုသက်

Price : 187,000

အားသာချက်

မှတ်ဉာဏ် ပိုင်းမြင့်မားတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး ကင်မရာပိုင်းမှာ လည်း Megapixels တွေက သင့်တင့်ကောင်းမွန်တာတွေ့ရမှာပါ။ ဖုန်းအချက်အလက် လုံခြုံရေးအတွက်လည်း Fingerprint စနစ်ပါဝင် ပြီး MIUI 8 နဲ့ အသုံးပြုနိုင်တဲ့အတွက် ပြည်တွင်း အသုံးပြုမြန်မာစာ စနစ်အတွက်လည်း သိပ်မခက်ခဲနိုင်ပါဘူး။ CPU နဲ့ GPU ပိုင်းတွေက လည်း သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်

Sim Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုး အစားဖြစ်ပေမယ့် Sim 2 နေရာဟာ SD Card နဲ့ အတူတွဲထားတာ ကြောင့် SD Card ကိုအသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင် ပါလိမ့်မယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ နောက်ဘက်ကာဗာ အနားအခုံး ပုံစံမျိုးရှိတဲ့ ဖုန်း ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့တည် ဆောက်ထားတာဖြစ်ပြီး ရှေ့ဘက်မျက်နှာပြင် အနားဘေးဘောင် တွေဟာလည်း ပါးပါးလျားလျားရှိတဲ့ ဖုန်းပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၁၃ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၆.၉၆ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၉ စင်တီမီတာပါ။ အတိုင်းအ ထွာအရတော့ ထုထည်က အနည်းငယ် ထူတယ်လို့ ခံစားရပေမယ့် နောက်ဘက်ကာဗာ အနားခုံးထားတာကြောင့် ကိုင်တွယ် အသုံးပြုချိန်မှာတော့ အဆင်ပြေပါတယ်။ အလေးချိန်ကတော့ ၁၅၆ ဂရမ်ရှိပြီး အလေး ချိန်အနည်းငယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ Fingerprint Sensor ကို တော့ ဖုန်းရဲ့ကျောဘက် ကင်မရာ အောက်နားမှာ တပ်ဆင်ထားတာပါ။

မြင်ကွင်း

၅.၀ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~441 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မယ့် Quick Ball ဆိုတဲ့ စနစ်လည်း ပါဝင်လာတဲ့အပြင် Screnshot ပြုလုပ်တဲ့ အခါမှာလည်း  ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll စနစ်ပါဝင်ပါတယ်။ MIUI 8 ရဲ့ ဆန်းသစ်မှုတွေကို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။  ကွန်ပျူတာတွေမှာ Guest အကောင့်ခွဲပြီး အသုံးပြုတဲ့ ပုံစံမျိုးသုံးနိုင်မယ့် Second Space (Switch) ဆိုတဲ့ စနစ်နဲ့ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Redmi 4 ဟာ ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ဖြစ်ပြီး ဖုန်းမှာအသုံးပြု ထားတဲ့ Hardware ပိုင်းတွေမှာ ဆိုရင်လည်း သင့်တင့် ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ ဖုန်းရဲ့ အသုံးပြုနိုင်မှု ပုံစံတွေနဲ့ ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်လည်း သုံးပျော်တယ်လို့ ဆိုရမှာပါ။ မှတ်ဉာဏ်ပိုင်း နဲ့ ကင်မရာ Megapixels ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။ MIUI 8 ကိုအသုံးပြုနိုင်မယ်ဆိုပေမယ့် တရုတ်ဗားရှင်းကိုပဲ အသုံးပြုနိုင်အုံးမှာပါ။ ဒါပေမယ့် Google Service တွေနဲ့ မြန်မာစာ အသုံးပြုနိုင်ဖို့အတွက်တော့ အဆင်ပြေအောင် ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Screen Resolution က Full HD ဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှု ပမာဏ မြင့်မားတဲ့အတွက် ဖုန်းကို အချိန်ကြာကြာ အသုံးပြုနိုင်ပါ လိမ့်မယ်။

Network       GSM - 2G/ 3G/ 4G
SIM              Single SIM (Nano Sim Dual Standby)
OS               Android OS, v6.0.1
CPU             Octa-core 2.0 GHz Cortex-A53
GPU             Adreno 506
Memory      Internal 32GB, 3GB RAM, Micro SD 256GB
Camera       13 MP, f/2.2, phase detection autofocus,
                    LED flash, Geo-tagging, touch focus, face/
                   smile detection, HDR, panorama, Video, Front 5 MP, f/2.2
Wi-Fi           802.11 a/b/g/n, Wi-Fi Direct, hotspot
Bluetooth   v4.1, A2DP, LE
Battery        Li-Ion 4100 mAh Battery

သူတို့အမြင်

D Mobile (YGN)
ပြောရမယ်ဆိုရင်တော့ သူ့ဈေးနှုန်းနဲ့ Specification က မဆိုးဘူး တန်တယ်လို့ ပြောရမယ်။ ဈေးက တစ်သိန်းကျော်ပဲ ရှိပြီး Memory ပိုင်းမှာရော ကင်မရာပိုင်းမှာပါ တော်တော်လေး အဆင်ပြေပါ တယ်။ MIUI8 က တရုတ်ဗားရှင်းပဲ ရသေးတယ်။ Official ဗားရှင်း မရသေးဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တရုတ်ဗားရှင်းမှာလည်း Google Service တွေသုံးနိုင်ဖို့နဲ့ မြန်မာစာ သုံးလို့ ရအောင်လုပ်ရ တာလည်း သိပ်မခက်ပါဘူး။ ချက်ချင်းရပါတယ်။ ဒီဇိုင်းလေးလည်း မဆိုးပါဘူး။ Customer တွေကတော့ ဈေးရော ဖုန်းရဲ့ Specification တွေကိုရော သဘောကျကြပါတယ်။ ဘက်ထရီကလည်း တော်တော်လေး မြင့်တယ်ဗျ။ Screen Resolution ကလည်း သိပ်မများတော့ ဘက်ထရီက အချိန်ကြာကြာလေး သုံးလို့ ရတယ်။

My Mobile / MI Corner (YGN)

Redmi 4 Prime ကတော့ Redmi 3S ထက်သူကပိုပြီး ကောင်း တယ်လို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးနှုန်းချင်းက သိပ်ပြီးမကွာပေမယ့် Memory ပိုင်း၊ ဘက်ထရီ ပိုင်းတွေကအစ ပေါ့နော် Specification ပိုင်းတွေမှာ 4 Prime ကပိုပြီး ကောင်းနေတယ်လေ။ Screen ကလည်း Full HD Screen ဆိုတော့ သုံးတဲ့သူတွေကလည်း ကြိုက်ကြပါတယ်။ ဈေးနှုန်း တစ်သိန်း ကျော်ကျော်လောက်နဲ့ Memory များများသုံးနိုင်တယ်။ Fingerprint လည်းပါ တယ်။  ကင်မရာကလည်း အရမ်းအမြင့်ကြီး မဟုတ်ပေမယ့် 13 Megapixels ဆိုတော့ သူ့ဈေးနှုန်းနဲ့ ယှဉ်လိုက်ရင် တန်တယ်လို့ ပြောလို့ရပါတယ်။

ကိုကျော်သူအောင် (စမ်းသပ်အသုံးပြုသူ)

Redmi 4 Prime ကိုကြိုက်ပါတယ်။ အဓိကကတော့ သူ့ရဲ့ဈေးနှုန်းနဲ့ Specification ပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးပျော် တယ်လို့ ပြောလို့ရတယ်။ Memory ပိုင်းမှာလည်း 32GB / RAM 3GB ဆိုတော့ ဒါကလည်း တော်တော်လေး အဆင်ပြေတဲ့ မှတ်ဉာဏ်မျိုးပါပဲ။ ကင်မရာကလည်း ဈေးနှုန်း တစ်သိန်းကျော်နဲ့ 13 Megapixels ကင်မရာကို သုံးထားတဲ့အတွက် ဒါကလည်း ကောင်းတဲ့အချက်တစ်ခုလို့ ပြောလို့ရတယ်။ Fingerprint လည်းပါ တယ်။ MIUI 8 က တရုတ်ဗားရှင်းပဲ ဖြစ်နေသေးတာ တစ်ခုတော့ရှိ တာပေါ့နော်။ တရုတ်ဗားရှင်း ဖြစ်နေတဲ့အတွက် Google Service တွေနဲ့ မြန်မာစာ သုံးနိုင်ဖို့အတွက်တော့ ပြန်လုပ်ရတယ်။ ဒါပေမယ့် ဒါကလည်း သိပ်တော့ အခက်အခဲမရှိပါဘူး။

ဖုန်းရဲ့ အောက်ခြေမှာ ပါဝင်တဲ့ Home, Back, Menu အစရှိတဲ့ Android Key တွေကို ကိုယ်အသုံးပြုချင်တဲ့ပုံစံ မျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီစနစ်ဟာ အခြားဖုန်းတွေမှာ ပါဝင်တဲ့ Home, Back, Menu တွေကို ဘယ်ညာ လိုအပ်သလို ရွှေ့ပြောင်း အသုံးပြုတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ဥပမာ အနေနဲ့ဆိုရင်တော့ Home Key ကိုအသုံးပြုတဲ့အခါမှာ Home ကိုပြန်သွားအောင် အသုံးပြုနိုင်သလို Home Key ကိုဖိထားရင် Recent App တွေကို ခေါ်ပြီး ဖျက်နိုင်တာမျိုးတွေ ပြုလုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုပဲ Back Key ကိုလည်း Back စနစ်အပြင် အခြား မိမိအသုံးပြုလိုတဲ့ Shortcut တစ် ခုကို ထပ်မံ ဖြည့်စွက်ပေါင်းထည့်ပြီး အသုံးပြုနိုင်ပါတယ်။

ဖော်ပြပါ စနစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Additional Settings ထဲက Buttons ဆိုတဲ့ စနစ်ထဲမှာ အသုံးပြုနိုင်ပါတယ်။ Buttons ထဲမှာ Home, Back, Recents ဆိုပြီးရှိပါတယ်။ ဒီစနစ် တစ်ခုချင်းစီထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ ရှိနေပါတယ်။

  

  

  

Second Space ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ အကောင့်နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို Setting ထဲမှာစ ဖွင့်ပြီး အသုံးပြုလိုက်တာနဲ့ ဖုန်းရဲ့ Screen ပေါ်မှာ Switch ဆိုတဲ့ Icon က အဆင်သင့် အသုံးပြုနိုင်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

  

Dual App ဆိုတဲ့စနစ်ကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ App တွေကို နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ Facebook App ကို Dual App စနစ်ထဲမှာ မှတ်သားလိုက်ရင် Facebook App ကို နှစ်ခု အသုံးပြုနိုင်မှာဖြစ်ပြီး အကောင့်နှစ်ခုကို လည်း တစ်ပြိုင်တည်း ဖွင့်ထားလို့ ရနိုင်ပါတယ်။

  

Screenshot လုပ်မယ်ဆိုရင်တော့ Screenshot ကို ဖုန်းရဲ့ထိပ် ပိုင်းမှာ ဖော်ပြထားမှာဖြစ်ပြီး အဲဒီ Screenshot ပုံကို နှိပ်လိုက်ရင် တော့ Scroll ဆိုတဲ့ရှည်လျားတဲ့ Screenshot စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

  

One Handed mode ဆိုတဲ့ စနစ်ကို အသုံးပြုတဲ့ အခါမှာလည်း တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ပုံစံမျိုးမဟုတ်ပဲ One handed စနစ်မှာ အသုံးပြုတဲ့သူရဲ့ စိတ်ကြိုက် အရွယ်အစားအတိုင်း ချိန်ညှိအသုံးပြု နိုင်ပါတယ်။

  

ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာမှာ ထူးခြားတဲ့ ဓာတ်ပုံအသုံးပြု Effect စနစ်တွေ ပါဝင်တာမတွေ့ရပါဘူး။  Timer နဲ့ Beauti Mode နှစ်ခုပဲ ပါဝင်ပါတယ်။ နောက်ဘက် ကင်မရာမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာ Mode တွေ ပါဝင်ပါတယ်။

  

SIM Slot