Home » 

Corpse Party 3DS

By: 

နေအောင်လတ် (mmgamers.com)

Nintendo 3DS အတွက် အသစ်ထွက်ရှိထားတဲ့ Corpse Party Horror ဂိမ်းဟာ နာမည်ကြီး RPG Maker software နဲ့ ၁၉၉၆ က ရေးဆွဲထားတဲ့ Corpse Party PC version ရဲ့ remake ဖြစ်ပြီး storyline အသစ်တွေ၊ chapters အသစ်တွေ ပါဝင်သလိုအရင် PSP နဲ့ iOS version တွေထက် functions တွေ ပိုစုံအောင် ပြုလုပ်ပေးထားတဲ့ definitive version လို့ ပြောနိုင်ပါတယ်။ Corpse Party မှာ ရန်သူကို တိုက်ခိုက်ရတဲ့ combat gameplay လုံးဝပါဝင်ခြင်းမရှိဘဲ စာဖတ်ပြီး အဓိက ကစားရတဲ့ Visual Novel style ဂိမ်းဖြစ်ပေမယ့် puzzle တွေ လိုက်လံဖြေရှင်းရတာ၊ items ရှာရတာ၊ ကိုယ်တိုင် သွားလာ စုံစမ်းရတာတွေ ပါဝင်တဲ့ အတွက် Visual Novels ပရိသတ်ရော Survival Horror ဂိမ်းပရိသတ်ပါ အကြိုက်တွေ့မယ့်ဂိမ်းဖြစ်ပါတယ်။ Corpse Party ရဲ့ graphics ပိုင်းကတော့ 2D sprite တွေနဲ့ anime style သရုပ်ဖော်ပုံတွေ ပါဝင်ပြီး အမှတ်တမဲ့ကြည့်လိုက်ရင် Super Nintendo က Final Fantasy VI လိုလို Game Boy Advance က Poke’mon Ruby လိုလိုထင်ရတဲ့ အတွက်ကြောင့် ကြောက်ဖို့ကောင်း မှာ မဟုတ်ဘူးထင်ရပေမယ့် အခုနောက်ပိုင်း ၂၀၁၆ မှာပဲထွက်လာတဲ့ Yomawari: Night Alone လိုမျိုးပဲ 2D graphics လေးတွေဆိုပေမယ့် ချောက်ခြားဖွယ် storyline တွေနဲ့နောက်ခံ ဂီတတွေအပြင် အသက်ပါတဲ့ အသံ သရုပ်ဆောင်မှုတွေကြောင့်  ကြောက်စရာကောင်းတဲ့ ဂိမ်းတစ်ခုအဖြစ် တွေ့ရမှာပါ။

Corpse Party မှာ အဓိက ဇာတ်ကောင် ကိုးယောက်ပါဝင်ပြီး Chapter တွေပေါ် မူတည်ကာ မိမိထိန်းချုပ်ရမယ့် character ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Corpse Party ဇာတ်လမ်းကို Kisaragi Academy ကျောင်းမှ သူငယ်ချင်းတစ်စုဟာ အခြားကျောင်းသို့ ပြောင်းရွှေ့တော့မဲ့ MayuSuzumoto အတွက် နှုတ်ဆက်ပွဲ ကျင်းပနေစဉ် Sachiko
ဆိုတဲ့ အဆောင်အရုပ်လေးကြောင့် ကျိန်စာသင့်နေတဲ့ Heavenly Host မူလတန်း ကျောင်းသို့ ရောက်ရှိသွားပုံဖြင့် စတင်ထားပါတယ်။ Heavenly Host သို့ရောက်ရှိအပြီး လူစုကွဲ သွားတဲ့အတွက်ကြောင့် ပျောက်ဆုံးနေတဲ့ သူငယ်ချင်းတွေ ကို ရှာဖွေရမှာဖြစ်သလို ပြန်လည် တိုက်ခိုက်လို့မရတဲ့ မကောင်းဆိုးဝါးတွေ ရန်မှလည်း လွှတ်မြောက်အောင် ထွက်ပြေးရမှာ ဖြစ်ပါတယ်။ 3DS exclusive features အနေနဲ့ကတော့ မျက်မှန်မလိုဘဲ အရုပ်တွေ ကြွနေမယ့် stereoscopic 3D effect တွေကို cutscenes တွေနဲ့ စကားပြောခန်းတွေမှာ ထည့်သုံးထားပါတယ်။

Puzzle ပိုင်းများတဲ့ Resident Evil 1 တို့ Rules of Rose တို့လိုပဲ items တွေ လိုက်ရှာပြီး ဇာတ်လမ်း တက်အောင်လုပ်ရမယ့် အပိုင်းတွေ ပါဝင်သလို ဇာတ်ကောင်တွေရဲ့ dialogue တွေကိုလည်း ရွေးချယ်ပြီး ဆုံးဖြတ်ချက်ချရမယ့် အပိုင်းတွေလည်း ပါဝင်ပါတယ်။ မိမိ ရွေးချယ်မှုပေါ်မူတည်ပြီး ကောင်းမွန်တဲ့ဇာတ်သိမ်း Good Ending သုံးမျိုး ပါဝင်သလို မိမိဇာတ်ကောင်တွေ နည်းမျိုးစုံနဲ့ မရှုမလှ သေဆုံးရတဲ့  Bad Ending က ၂၄ မျိုးပါဝင်ပါတယ်။ Corpse Party ဆိုတဲ့ အမည် နဲ့လိုက်အောင် Heavenly Host
School မှာ အလောင်း ၈၀ ကျော်ကို မြင်တွေ့ရမှာပါ။ Voice Actors တွေအနေနဲ့ နာမည်ကျော် ဂျပန်အသံ သရုပ်ဆောင် seiyū များဖြစ်တဲ့ Hiro Shimono (Keima / The World God Only Knows, Rina Sat - (Misaki / A Certain Scientific Railgun) နဲ့ Tomokazu Sugita (Kyon from The Melancholy of HaruhiSuzumiya) တို့ ပါဝင်ပါတယ်။ Storyline နဲ့ အသံ သရုပ်ဆောင် Voice Acting ပိုင်းအပြင် တင်ဆက်ပုံ Presen tation ပါ ချောက်ချားဖို့ ကောင်းသလို မထင်မှတ်ထားတဲ့ လှည့်ကွက် များစွာလည်း ပါဝင်လို့ ဆက်ပဲ ကစားရတော့မလို save လုပ်ပြီး ခဏနားရမလို စဉ်းစားမိစေမယ့် အခန်းတွေ ပါဝင်ပါတယ်။ 3DS ရဲ့ features သစ်တွေအဖြစ်ကတော့ dual screen ဖြစ်လို့ gameplay ပိုင်းကို အပေါ်ပိုင်း screen မှာ အေးဆေးကစားနိုင်ပြီး menu text တွေ ရှုပ်မနေတော့ဘဲ ကျန်တဲ့ information အားလုံးကို အောက်ပိုင်း screen မှာ ပို့ထားလို့ ကစားရတာပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ Horror ဂိမ်းလည်း ဖြစ်သလို 3DS ရဲ့ audio speaker ကလည်း volume တော်တော်တိုးတဲ့အတွက် earphone နဲ့ကစားရင်တော့ ပိုအဆင်ပြေမှာပါ။

Corpse Party 3DS edition ရဲ့ဇာတ်လမ်းပိုင်းရော characters တွေပါ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့် ပရိသတ် အများစုကတော့ Good Ending သာမက Bad Ending တွေပါ ရရှိအောင်တမင်တကာ လိုက်လံကစားမိမှာပါ။ Live Action ရုပ်ရှင်နဲ့ Anime ဇာတ်လမ်းတွေ ထွက်တဲ့အထိအောင်မြင် ပြီးဖြစ်တဲ့ Corpse Party ဂိမ်းဟာ Horror ဂိမ်းတွေ၊ ဇာတ်လမ်း အသားပေးဂိမ်းတွေ ကြိုက်တယ် ဆိုရင် မဖြစ်မနေကစားသင့်တဲ့ ဂိမ်းစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

Tags: