Home » 

Huawei GR5 2017

ဒီဖုန်းကတော့ Huawei ကနေ ပြည်တွင်းဈေးကွက်ကို မကြာခင်အချိန်မှာ အသစ်ထပ်မံ တင်သွင်းမိတ်ဆက်လာတော့မဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီဖုန်းက ပြည်တွင်းအတွက် GR5 2017 ဆိုပြီး ၀င်ရောက်လာမှာဖြစ်ပါတယ်။

ဒီဖုန်းမှာတော့ ကျောဘက်ကင်မရာနှစ်လုံးတပ်ဆင်ပေးထားမှာဖြစ်ပြီး ဈေးနှုန်းကလည်း အလယ်အလတ်တန်းဈေးနှုန်းနဲ့ ထွက်ရှိလာမယ်လို့ဆိုထားပါတယ်။ ကျောဘက်ကင်မရာနှစ် လုံးမှာတော့ တစ်လုံးဟာ 12 Megapixels ကင်မရာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ 2 Mega- pixels ကင်မရာပါ။ ကျောဘက်ကင်မရာနှစ်လုံးဟာ ဓာတ်ပုံတွေကို နောက်ခံ Background တွေ ၀ါးအောင်ပြုလုပ်ပြီးရိုက်နိုင်တဲ့စနစ်အတွက် အသုံးပြုဖို့ပုံစံမျိုးဖြစ်နိုင်ပါတယ်။ ရှေ့ဘက် ကင်မရာကတော့ 8 Megapixels ကင်မရာပါ။

သတ္တုကိုယ်ထည်ဖုန်းအမျိုးအစားဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံးရဲ့အောက်ဘက်မှာ လက်ဗွေဖတ်စနစ် Fingerprint စနစ်ကိုတပ်ဆင်ပေးထားတာပါ။ Sim Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားအဖြစ် ထွက်ရှိလာမှာဖြစ်ပေမယ့် Sim 2 နေရာဟာ SD Card နဲ့အတူတွဲထားမှာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Octa-core (4x2.1 GHz Cortex-A53 & 4x1.7 GHz Cortex-A53) CPU နဲ့ Mali-T830MP2 GPU, HiSilicon Kirin 655 Chipset တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားမှာဖြစ်ပြီး မှတ်ဉာဏ်အတွက်ကတော့ 32GB နဲ့ 3GB/ 4GB RAM နဲ့ 64GB နဲ့ 4GB RAM ဆိုပြီး ရွေးချယ်နိုင်ပါလိမ့်မယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၅.၅ လက်မအရွယ်အစားရှိမှာဖြစ်ပြီး အသုံးပြုထားတဲ့ Screen ကတော့ IPS LCD အမျိုးအစားပါ။ Screen Resolution ကတော့ 1080 X 1920 Pixels ရှိပါတယ်။ Android OS 6.0, Emotion UI 4.1 နဲ့ထွက်ရှိလာမယ်လို့ဆိုပါတယ်။