Home » 

HP Chromebook 13

By: 

စိုးထက်

USD- 549.00

အားသာချက်

HP Chromebook 13 သည်အလေးချိန် ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်နိုင်သည်။ သပ်ရပ်လှပသော အလူမီနီယမ် ဒီဇိုင်းကို အသုံးပြုထားသည်။

အားနည်းချက်

အခြား Chromebook များထက် ဈေးနှုန်းမြင့်မားသည်။ Chrome OS မှာ အသုံးပြုရာတွင်လည်း အကန့်အသတ်ရှိသည်။

အသေးစိတ်ဖော်ပြချက်

HP Chromebook 13 သည်ဒီဇိုင်းပိုင်း လှပပြီး cloud အခြေခံ Chrome OS တို့ပါဝင်သည်။ HP Chromebook 13 သည် Apple MacBook Air ဒီဇိုင်းနှင့် ဆင်တူသည်။ HP laptop သည်ပါးလွှာပြီး သပ်ရပ်သည့် အလူမီနီယမ်ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။ ကိုယ်ထည်မှာ သတ္တုဖြစ်ကာ အကြမ်းခံနိုင်သည်။ ပလတ်စတစ် ကိုယ်ထည်များဖြင့် ပြုလုပ်ထားသော Chromebook များထက် ဈေးနှုန်းမြင့်မားသည်။

HP Chromebook 13 ကို ၄၉၉ ဒေါ်လာဖြင့် စတင်ရောင်းချသည်။ Acer Chromebook 11 မှာ ၂၉၉ ဒေါ်လာရှိပြီး Hisense Chromebook မှာ ၁၄၉ ဒေါ်လာရှိသည်။

Chromebook 13 ၏မျက်နှာပြင် ၁၃.၃ လက်မ ရှိပြီး ရုပ်ထွက်အရည်အသွေး 1,920x 1,080 pixel ရှိသည်။ ရုပ်ထွက်အရည်အသွေး 3,200x 1,800 pixel ဗားရှင်းကိုလည်း ရှိသေးသည်။ ထို့
အပြင် HP ၏ Bang & Olufsen အမှတ်တံဆိပ် စပီကာကို အသုံးပြုထားသည်။

Laptop ကို အလုပ် သို့မဟုတ် ကျောင်းသို့ နေ့စဉ် ယူဆောင်နိုင်သည်။ မျက်နှာပြင် ၁၃ လက်မထက် သေးငယ်သော laptop တွင်ပါဝင်သော keyboard ခလုတ်များမှာ ပြည့်ကျပ်နေလေ့ရှိသည်။ သို့သော်လည်း HP Chromebook 13 ၏ခလုတ်များမှာ စာရိုက်ရာတွင် သက်တောင့်သက်သာရှိသည်။ နောက်ခံမီးရောင်လည်း ပါဝင်လာသည်။ အလင်းအားနည်းသည့် နေရာများတွင် အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်သည်။

HP Chromebook 13 တွင် Chrome OS 64 အသုံးပြုထားပြီး internal storage 32GB, USB port 3.1, USB-C port ၂ ခုနှင့် SD card reader တို့ပါဝင်လာသည်။ Chrome OS တွင် Photoshop သို့မဟုတ် Final Cut ကဲ့သို့ ပရိုဂရမ်များ အသုံးပြု၍မရပေ။ Chrom OS သည်အခမဲ ဖြစ်သောကြောင့် Windows သို့မဟုတ် Apple laptop များထက် ဈေးသက်သာသော်လည်း browser မှတစ်ဆင့် လုပ်ဆောင်ချက်များစွာ ပြုလုပ်ရပြီး cloud အခြေခံဖြစ်သည်။

HP သည် Chromebook 13 တွင် Core m5 ပရိုဆက်ဆာကို အသုံးပြုထားသည်။ Acer Chromebook 14 တွင်မူ ဈေးနှုန်းသက်သာသော Celeron ချစ်ပ်များကို အသုံးပြုထားသည်။ ထို့ကြောင့်
စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်သည်။ ဝက်ဘ်ဆိုက် tab များကို ပြောင်းလဲအသုံးပြုခြင်းနှင့် HD ဗီဒီယိုများကို ချောမွေ့စွာ ကြည့်ရှုနိုင်သည်။

ဘက်ထရီ

HP Chromebook 13 ၏ဘက်ထရီမှာ စိတ်ကျေနပ်ဖွယ်ဖြစ်သည်။ တစ်ရက်ခွဲခန့် တာရှည်ခံပြီး ပျှမ်းမျှ ဘက်ထရီ သက်တမ်းမှာ ၉ နာရီခန့်ရှိသည်။

Ref: CNET