Home » 

Hybrid မော်ဒယ်အဖြစ် ရနိုင်မယ့် Lexus ES 300h

By: 

လင်းထက် (IA)

Lexus ရဲ့ မော်ဒယ် အများစုကို ဇိမ်ခံတွေရဲ့ ရုပ်ထွက်အတိုင်း ဖန်တီးထားတတ်တာ တွေ့ရပေမယ့် အခုမော်ဒယ်ကိုတော့ Sport ဆန်တဲ့ ရုပ်ထွက်မျိုးနဲ့ ဖန်တီးထား တာတွေ့ရပါတယ်။ BMW ရဲ့ ကိုယ်ထည်ပိုင်း ချိုးဆစ်ပုံနဲ့ ဆင်တူချင်ပြီးတော့ hybrid အနေနဲ့ ဆီစားနည်းနည်း၊ စွမ်းဆောင်ရည်သင့်သင့်နဲ့ ဖန်တီး ထုတ်လုပ် လာတာ ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းကတော့ တခြား Hybrid တွေထက်မြင့်နေလို့နည်းနည်းတော့ စဉ်းစားစရာ ဖြစ်နေစေပေမယ့် အရည်အသွေးနဲ့ နည်းပညာ ပိုင်း ကောင်းမွန်မှုတွေကတော့ တကယ်ကို နှစ်သက်စရာပါ။  ရှေ့ဘက် မျက်နှာစာမှာလည်း Lexus ရဲ့ သိသာတဲ့ သဲနာရီ ပုံစံ လေဝင်ပေါက် ပုံစံနဲ့ ကြည့်လို့ ကောင်းပါတယ်။ အမေရိကနဲ့ ဥရောပ ဈေးကွက်အတွက် အလေးပေး ဖန်တီးထားတာဖြစ်ပြီး ဇိမ်ခံ မော်ဒယ်စစ်စစ်အနေနဲ့ သုံးနိုင်လောက်အောင် ကောင်း မွန်ပါတယ်။ ကောင်းပါပြီ၊ ဒါဆို ES 300h ကို လေ့လာထားကြည့်ရအောင်ပါ။

အားသာချက် …

Hybrid အနေနဲ့ ထုတ်လုပ်ထားလို့ ဆီစားနည်းစေချင်တာ သိသာပေမယ့် မထင်မှတ်ဘဲ မော်ဒယ်က ပြိုင်ဘက် မော်ဒယ်တွေထက်ကိုပဲ ဆီစားနှုန်းပိုပြီး ချိုသာနေတာ တစ်ချက်က အားရစရာပါ။ အထူးသဖြင့်တော့ လျှပ်စစ်စွမ်းအင်ပိုင်း သိုလှောင်နိုင်မှုနဲ့ ပြန်လည် အသုံးချမှု အပိုင်း နည်းပညာ ကောင်းမွန်တာကြောင့် ဆီစား အထူးနည်း သွားတာ ဖြစ်ပါတယ်။ အတွင်းခန်း အပြင်အဆင်က ဇိမ်ခံ စစ်စစ်မော်ဒယ်တွေရဲ့ အတွင်းခန်းအတိုင်း  အကောင်းဆုံး ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒီဇိုင်း၊အရည်အသွေး၊ တပ်ဆင် ပစ္စည်း၊ အသုံးပြုရမှု အားလုံး စိတ်ကြိုက်ပါပဲ။ နောက်ပြီးတော့ မော်ဒယ်က အတွင်းခန်းလည်း အထူးကျယ်ဝန်း ကောင်းမွန်ပါသေးတယ်။ အထူးသဖြင့်တော့ ကိုယ်ထည် နည်းနည်း နိမ့်ချင်ပေမယ့် အလျားရှည်လို့ အတွင်းခန်း အနေအထားက ခရီးဝေးစီးနင်းရမှုအတွက်ပါ သက်သောင့်သက်သာ ရှိစေမှာပါ။

အားနည်းချက် …

သတင်းအချက်အလက်ပြစနစ်နဲ့ တွဲဖက်ထားတဲ့ ထိန်းချုပ်စနစ်ကို ကုမ္ပဏီက အကောင်းဆုံးပုံစံဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကောင်းမွန်ပြီး အဆင့်မြင့်တဲ့ ဖန်တီးမှုပါပဲ၊ ဒါပေမဲ့ သဘောမကျတာ တစ်ခုက ကားမောင်းရင်း သုံးဖို့ အဆင်မပြေချင်သလို ဖြစ်နေပါတယ်။ နည်းနည်း ရှုပ်ချင်တယ်၊ သုံးရ နည်းနည်း ခက်နေစေချင်တယ်၊ ထိုင်ခုံကနေ အသုံးပြုရမှု ဟန်မကျချင်ဘူး၊ အဲဒီလို ခံစားမိနေစေပါတယ်။ နောက်တစ်ချက်ကတော့ မော်ဒယ်ရဲ့ မောင်းနှင်ရမှု အပိုင်းပါ၊ ဈေးနှုန်းပိုပြီး ချိုသာတဲ့ မော်ဒယ်တွေ ရဲ့ မောင်းနှင်ရမှု ပုံစံမျိုး ခံစားနေရစေပါတယ်။ တကယ်ဆို အခုထက်ပိုပြီး စီးနင်းလို့ ကောင်းသင့်တယ်လို့ မြင်မိပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်က အရောင်အပိုင်းမှာ အပြင်ဘက် အရောင်ကို ၁၀ ရောင်ပဲ ထုတ်လုပ်ရောင်းချပြီးတော့ အတွင်းဘက်ကတော့ သားရေကို ဦးစားပေး ဖန်တီးထားတဲ့ ပုံစံ အရောင် တွဲ ၈ မျိုးထိအောင် ရနိုင်ပါတယ်။ အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အလျားက ၁၆ ပေနဲ့ ၁.၃ လက်မ ရှိပါတယ်။ မျက်နှာစာအကျယ်က ၅ ပေနဲ့ ၁၁.၇ လက်မ ရှိပေမယ့် အမြင့်ကတော့ ၄ ပေနဲ့ ၉.၁ လက်မပဲရှိလို့ ပုံမှန်ထက်ကိုပဲ နိမ့်နေချင်ပါသေးတယ်။ Su-spension နဲ့ အောက်ဘက်အ ထိုင်ကို အတတ်နိုင်ဆုံး နှိမ့်ထားပြီး Sport ဆန်တဲ့ကိုယ်ထည်နဲ့အ တွင်းခန်း ကျယ်ဝန်းအောင်ဖန်တီးထားတာတော့ တွေ့ရပါတယ်။ အတွင်းခန်း အကျယ်ကတော့ ရှေ့ဘက်ခန်းက ၅၇.၆ လက်မ ကျယ်မှာဖြစ်ပြီး နောက်ဘက်ခန်းကတော့ ၅၅ လက်မပါ။ ဒါက တန်းတူ မော်ဒယ်တွေထက်ရှေ့ဘက်ခန်း အကျယ်ဝန်း တူပေမယ့် နောက်ဘက်ခန်း တစ်လက်မလောက် ကျဉ်းသွားချင်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၅ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာတွေ့ရပါတယ်။  ၃၆၈၂ ပေါင်လေးမယ့် ES 300h ကို လမ်းကြောင်းပေါ်မှာ ပြေးလွှားစေဖို့အတွက် အင်ဂျင်က လည်ပတ်အား တစ်မိနစ်မှာ အပတ်ရေ ၅၇၀၀ မှာ စွမ်းအင် မြင်းကောင်ရေ ၂၀၀ အားထိအောင် ထွက်ရှိ လာစေမှာဖြစ်ပါတယ်။ အခြေခံလည်ပတ်အား များနေတာ တစ်ချက်က ဆီစားနည်းနည်း ပိုစေချင်ပေမယ့် Hybrid ဖြစ်နေတာ တစ်ခုက နည်းနည်းတော်ပါသေးတယ်။ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းကတော့ စွမ်းဆောင်ရည်ဦးစားပေး မော်ဒယ် မဟုတ်လို့ မိုင် ၁၀၀ကျော်အထိပဲ အကောင်းဆုံး ဖြစ်မှာပါ။

Lexus ES 300h မော်ဒယ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၇.၈ စက္ကန့်ထိအောင် ကြာနေပါတယ်။ ဒါဟာ ဇိမ်ခံ ဆီဒင်တစ်စီး
အတွက် အားနည်းတဲ့ စွမ်းဆောင်ရည်ပါ။ ပျမ်းမျှအနေနဲ့တော့ ၆ စက္ကန့် ဝန်းကျင်ထက် ပိုပြီးမကြာသင့်တာပါ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်ဂါလံကို မိုင် ၄၀ ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး ဇိမ်ခံ Hybrid အတွက်ကတော့ အကောင်းဆုံး နှုန်းပါပဲ။ မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာဖြစ်ပြီး ဂီယာပိုင်းက CVT စနစ်နဲ့မို့ အမျိုးသမီး ကားမောင်းသူတွေအတွက်ပါ အဆင်ပြေစေနိုင်ပေမယ့် ခရီးဝေး မောင်းနှင်မှုမှာ ဒီလောက် ပြဿ      နာမရှိပေမယ့် တောင်တက်လမ်းနဲ့ လမ်းကြမ်း ပိုင်း မောင်းနှင်မှုမျိုး ဆိုရင်တော့ အဆင်မပြေစေလောက်ပါဘူး။

သုံးသပ်ချက် …

မော်ဒယ်က ဆီစားနှုန်း ချိုသာတယ်၊ ရုပ်ထွက်က ဆွဲဆောင်မှု ကောင်းတယ်၊ Auto Guide ရဲ့ အဆိုအရ အခုနှစ်ထဲမှာ စိတ်အချရဆုံး ကားအမှတ် တံဆိပ်အဖြစ် ကမ္ဘာနဲ့ အဝှမ်းစစ်တမ်းတွေအရ သိထားရတဲ့ Lexus ကို လက်ခံနိုင်စရာပါ။ ဈေးနှုန်းလေး တစ်ချက်များ လျော့လာမယ်ဆိုရင် ပိုပြီး အဆင်ပြေစေမှာပါ။ CVT က အခုမှ ကားမောင်း မယ့်သူတွေအတွက်ပါ အဆင်ပြေပေမယ့် လမ်းကြောင်းပိုင်းမှာ ရွေးချယ်မှု ရှိလာတာကြောင့် လူတိုင်း လက်ခံနိုင်ဖို့တော့ နည်းနည်း တွေးရပါမယ်။ အရည်အသွေး ကောင်း လို့၊ စွမ်းဆောင်ရည် သင့်သင့်ပြနိုင်လို့ မော်ဒယ်ကောင်းတစ်ခုလို့ ဆိုချင်ပါတယ်၊ ဒါပေမဲ့ ဂီယာပိုင်းနဲ့ ဈေးနှုန်းတွေအရ အကောင်းဆုံး မော်ဒယ်အဖြစ်တော့ မဆိုချင်ပါဘူး။ Hybrid နဲ့ ဇိမ်ခံမော်ဒယ် လိုချင်သူတွေအတွက်တော့ အကောင်းဆုံး ဖြစ်ပါလိ့မ်မယ်ဗျာ။

Ref: www.edmunds.com

Tags: