Home » 

Acer Swift 7

By: 

စိုးထက်

USD- 1,049

အားသာချက်

Acer Swift 7 သည် အလွန်ပါးလွှာသော ၁၃ လက်မ laptop ဖြစ်သည်။ ၎င်းကို မီးခိုးနှင့်ရွှေရောင်ဟူ၍ ထုတ်လုပ်ထားပြီး အလွန်ပြန့်ပြူး ကျယ်ဝန်းသော touchpad ပါဝင်လာသည်။ ထို့အပြင် Intel ၏ CPU သစ်လည်း အသုံးပြုထားသည်။

အားနည်းချက်

Laptop ၏ keyboard ခလုတ်များမှာ သေးငယ်လွန်းသည်။ ရုပ်ထွက် အရည်အသွေး 1,920x1,080 pixel မျက်နှာပြင်တွင် touch ထောက်ပံ့မှု မပါဝင်ပေ။ USB-C port တစ်ခုသာ ပါဝင်သည်။

အသေးစိတ်ဖော်ပြချက်

Acer Swift 7 ၏အထူမှာ ၉.၉၈ မီလီမီတာရှိကာ Intel ၏ သတ္တမမြောက်မျိုးဆက် Core i-series CPU ကို အသုံးပြုထားသည်။ Laptop တွင် Core i5-7Y54 CPU အသုံးပြုထားသည်။ အဆိုပါ ပရိုဆက်ဆာမှာ စွမ်းအင်အသုံးပြုမှု နည်းပါးပြီး RAM 8GB နှင့် solid state hard drive 256GB တို့နှင့် တွဲဖက်ထားသည်။ ထို့ကြောင့် laptop အပူချိန်ကို လျှော့ချပေးမည့် ပန်ကာမလိုအပ်သလို ဘက်ထရီ သက်တမ်းမှာလည်း ပိုမိုကောင်းမွန်လာသည်။

Acer Swift 7 သည်ပေါ့ပါးပြီး နေ့စဉ်အင်တာနက် အသုံးပြုခြင်း၊ မီဒီယာမျိုးစုံ အသုံးပြုခြင်းနှင့် ရုံးလုပ်ငန်းများကို အခက်အခဲမရှိ ပြုလုပ်နိုင်သည်။

အထူပါးလွှာသော laptop များ၏ပြဿနာမှာ port ပါဝင်မှု နည်းပါးခြင်း ဖြစ်သည်။ Swift 7 တွင် HDMI display မှ USB ခလုတ်များကို အသုံးပြုနိုင်ရန် dongle များဆောင်ထားရန် လိုအပ်သည်။ Acer Swift ၏ keyboard မှာ အလွန်ကောင်းမွန်သည်။

ဘက်ထရီ

Acer Swift 7 သည် အွန်လိုင်းဗီဒီယိုများကို ၆ နာရီနှင့် ၅၄ မိနစ် အသုံးပြုနိုင်ကြောင်း သိရသည်။ ဘက်ထရီ သက်တမ်းမှာ သင့်တင့်လျောက်ပတ်မှု ရှိသည်။

-Ref: CNET