Home » 

Asus ZenPad 3S 10

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၂၉၉.၉၉

အားသာချက်

စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ခြင်း၊ display ပိုင်းမှာတောက်ပခြင်းနဲ့ လှပတဲ့ဒီဇိုင်းတို့အပြင် အသံပိုင်း ကောင်းမွန်မှုတွေဟာ ဒီ Tablet ရဲ့အားသာချက်တွေ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီကို အချိန်ကြာကြာ သုံးစွဲချင်သူတွေ အတွက်တော့ အဆင်ပြေစေလောက်မယ့် Tablet အမျိုးအစားတစ်ခု မဟုတ်တဲ့အပြင် ကင်မရာပိုင်းမှာလည်း ဆွဲဆောင်မှု သိပ်မရှိပါဘူး။

သုံးသပ်ချက်

ဈေးနှုန်းသင့်တင့်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး လုပ်ငန်းအတွက် သုံးစွဲမယ်ဆိုရင်လည်း သင့်တော်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်သလို Display Screen အရွယ်အစားကလည်း Screen အရွယ်အစား ကြီးကြီးမားမား သုံးစွဲချင်သူတွေ အတွက်တော့ ကြိုက်နှစ်သက်စေမယ့် tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Mediatek MT8176 Chip, Hexa-core Processor တွေကို တပ်ဆင်ပေးထားပြီး Processor မြန်နှုန်းကတော့ 2.1 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 4 GB  ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64 GB ပမာဏရှိတဲ့ Storage နဲ့ MicroSD  256 GB အထိ အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Android 6.0 Marshmallow ပါ။ Screen အရွယ်အစားကတော့ ၉.၇ လက်မရှိပြီး Resolution ကတော့ 2048 x 1536 resolution ရှိမှာဖြစ်ပါတယ်။ USB 2.0 နဲ့ USB Type-C ပါဝင်မှာဖြစ်ပြီး ကင်မရာပိုင်းမှာတော့ အနောက်ဘက်ကင်မရာ 8 Megapixels နဲ့ အရှေ့ဘက်ကင်မရာကတော့ 5 Megapixels ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ ဘက်ထရီကတော့ Li-Po battery အမျိုးအစား 5900 mAh ကိုအသုံးပြုထားပါတယ်။

ဒီဇိုင်း

ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ဖွဲ့စည်းထားတဲ့ Asus ZenPad 3S 10 ဟာ Silver နဲ့ Grey ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ Power button နဲ့ အသံအတိုးအလျှော့ ခလုတ်ကို Tablet ရဲ့ ညာဘက်အခြမ်းမှာ တပ်ဆင်ပေးထားပြီး Headphone အသုံးပြုမယ့် 3.5mm Jack ကို Tablet ရဲ့ အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။

-Ref: laptopmag