Home » 

Xiaomi Redmi Pro

By: 

ကိုသက်

Price : 225,000

အားသာချက်

ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ Xiaomi ကနေပြီး နောက်ဘက်ကင်မရာ နှစ်လုံးနဲ့ စတင် ထုတ်လုပ်ခဲ့တဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး MIUI 8 နဲ့ အသုံးပြုနိုင်တဲ့အတွက် ပြည်တွင်းအ သုံးပြု မြန်မာစာ စနစ်အတွက်လည်း သိပ်မခက်ခဲနိုင်ပါဘူး။ ဒါ့အပြင် မှတ်ဉာဏ်ပိုင်းနဲ့ CPU, GPU ပိုင်းတွေမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီကလည်း သိုလှောင် နိုင်မှုပမာဏ မြင့်မားတဲ့အတွက် ပါဝါသုံးစွဲမှု အပိုင်းမှာလည်း အဆင်ပြေနိုင်မှာပါ။

အားနည်းချက်

Sim Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုး အစားဖြစ်ပေမယ့် Sim 2 နေရာဟာ SD Card နဲ့ အတူတွဲထားတာကြောင့် SD Card ကို အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင် ပါလိမ့်မယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ နောက်ဘက်ကာဗာ အနားအခုံး ပုံစံမျိုးရှိတဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့တည် ဆောက်ထားတာဖြစ်ပြီး စပီကာတွေကတော့ ဖုန်းရဲ့အောက်ခြေအနား ဘောင်ပေါ်မှာ တပ်ဆင်ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၁၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၂ စင်တီမီတာပါ။ အတိုင်းအထွာအရတော့ ထုထည်က အနည်းငယ် ထူတယ်လို့ ခံစားရပေမယ့် နောက်ဘက်ကာဗာ အနားခုံးထားတာကြောင့် ကိုင်တွယ် အသုံးပြုချိန်မှာတော့ အဆင်ပြေပါတယ်။ အလေးချိန်ကတော့ ၁၇၄ ဂရမ်ရှိပြီး အလေး ချိန်အနည်းငယ် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ ဖုန်းရဲ့ရှေ့ဘက် မျက်နှာပြင် အောက်ခြေမှာ Home Button နဲ့အ တူ တွဲဖက်တပ်ဆင်ထားပြီး ကျောဘက် ကာဗာပေါ်မှာတော့ ကင်မရာနှစ်လုံးကို အထက်အောက်ပုံစံမျိုး တပ်ဆင်ပေးထားပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ LTPS-AMOLED Screen အမျိုးအစား ဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~401 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

နည်းပညာပိုင်းမှာတော့ UI 8 ရဲ့ ဆန်းသစ်မှုတွေကို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။  ကွန်ပျူတာတွေမှာ Guest အကောင့်ခွဲပြီး အသုံးပြုတဲ့ ပုံစံမျိုးသုံးနိုင်မယ့် Second Space (Switch) ဆိုတဲ့ စနစ်နဲ့ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မယ့် Quick Ball ဆိုတဲ့ စနစ်လည်း ပါဝင်လာတဲ့အပြင် Screnshot ပြုလုပ်တဲ့ အခါမှာလည်း  ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll စနစ် ပါဝင်ပါတယ်။ နောက်ဘက် ကင်မရာ နှစ်လုံးပါဝင်တဲ့အတွက် ကိုယ်လိုချင်တဲ့ Subject ကို Focus ပြုလုပ်ထားပြီး ကျန်တဲ့နောက်ခြမ်း တွေကို ဝါးထားတဲ့ ပုံစံမျိုးတွေကို ဒီဖုန်းမှာ အသုံးပြုနိုင် ပါလိမ့်မယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Redmi Pro ဟာ ကင်မရာပိုင်း၊ မှတ်ဉာဏ်၊ CPU, GPU, Screen Resolution ပိုင်း တွေမှာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းတွင်း အသုံးပြု စနစ်တွေမှာလည်း ကောင်းမွန်တဲ့ ဖုန်းပါပဲ။ MIUI 8 ကိုအသုံးပြုနိုင်မယ် ဆိုပေမယ့် Global ROM မရသေးပဲ China ROM နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ပုံစံဒီဇိုင်း ပိုင်းမှာလည်း အနည်းငယ် ရိုးရှင်းနေပြီးတော့ SD Card အသုံးပြုမယ် ဆိုရင်လည်း Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။

Network      GSM - 2G/ 3G/ 4G
SIM              Dual SIM (Nano, Micro Sim Dual Standby)
OS                Android OS, v6.0
CPU              Deca-core 2.3 GHz - High edition
GPU              Mali-T880 MP4
Memory         Internal 64GB, 3GB RAM, Micro SD 256GB
Camera         Dual 13 MP + 5MP, f/2.0, phase detection autofocus, dual-LED (dual tone) flash,
                      Geo-tagging, touch focus, face detection, HDR, panorama Video,  Secondary 5 MP, f/2.0,
Wi-Fi             Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth      v4.2, A2DP, LE
Battery          Li-Ion 4050 mAh Battery


သူတို့အမြင်

ကိုအာကာလင်း (စမ်းသပ်အသုံးပြုသူ)

အဓိက ကတော့ ဖုန်းရဲ့ ဈေးနှုန်းနဲ့ သူ့ရဲ့ Specification ပိုင်းတွေ ကိုကြိုက်ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ Specification အမြင့်ကိုင် ရတဲ့အတွက် ဒါကစိတ်ကျေနပ်စရာပါပဲ။ ကင်မရာကလည်း နောက်ဘက်ကင်မရာ နှစ်လုံးနဲ့ဆိုတော့ ကောင်းတယ်လို့ပဲ ပြောရမယ်။ ဒါပေမယ့် ကိုင်ရတာ ဖုန်းက နည်းနည်းအလေးချိန် ရှိနေသလိုတော့ ခံစားရတယ်။ ထုလည်း နည်းနည်းလေး ထူသလိုပဲ။ ဒီဇိုင်းကလည်း နည်းနည်း ရိုးတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် သူ့ဟာနဲ့သူတော့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ MIUI8 ဆိုပေမယ့် China ROM နဲ့ပဲဆိုတော့ မြန်မာစာကတော့ သိပ်မခက်ဘူးဆိုပေမယ့် Download တော့ ပြန်လုပ်ပြီး ထည့်ရတယ်။ ကျန်တာတွေကတော့ ကောင်းပါတယ်။

ကိုစည်သူမောင် (စမ်းသပ်အသုံးပြုသူ)

Xiaomi ရဲ့ ပထမဆုံး နောက်ဘက်ကင်မရာ နှစ်လုံး ထည့်ထားတဲ့ ဖုန်းဆိုတော့ စိတ်ဝင်စားတယ်။ ကင်မရာ နှစ်လုံးက Megapixels တူတူ မဟုတ်ပဲ ဒုတိယ ကင်မရာက နောက်ခံ Background ကို Blur လုပ်ပေးဖို့အတွက် ထည့်ပေးထားတဲ့ ပုံစံမျိုးပါပဲ။ သက်သာတဲ့ ဈေးနှုန်းနဲ့ Dual Camera သုံးနိုင်အောင် လုပ်ပေးထားတဲ့အတွက် ဒါကလည်း ကောင်းတဲ့အချက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဖုန်းမှာပါတဲ့ Memory, CPU, ဘတ်ထရီပိုင်းတွေ၊ Screen Resolution ပိုင်း တွေနဲ့ သုံးထားတဲ့ Screen တွေကလည်း ကောင်းပါတယ်။ ပြောရမယ်ဆိုရင်တော့ ဈေးနှုန်းနဲ့ ဖုန်းရဲ့ Specification ကို ယှဉ်ကြည့်ရင် တန်တယ်လို့ ပြောလို့ ရတယ်။ MIUI 8 ကို Global ဗား ရှင်းရမယ် ဆိုရင်တော့ ဒီထပ်ပိုပြီးတော့ ကောင်းမယ်လို့ ထင်တယ်။

D Mobile (YGN)

Redmi Pro ကတော့ ကင်မရာ နှစ်လုံးဆိုတော့ ဒါကလည်း စိတ်ဝင်စားစရာ အချက်တစ်ခုလို ဖြစ်နေတယ်လို့ ပြောရမယ်။ နောက်ဘက်ကင်မရာ နှစ်လုံးဖြစ်သွားတယ်၊ ဓာတ်ပုံတွေကို နောက်ဘက်ကို ဝါးသွားအောင်ရိုက်လို့ရတဲ့ စနစ်တွေ ပါလာတယ်။ ကျန်တာကတော့ အရမ်းထူးထူးခြားခြားတွေ သိပ်မရှိပါဘူး။ MIUI 8 နဲ့ လာတာဖြစ်တဲ့အတွက် MIUI 8 မှာပါဝင်တဲ့ ကောင်းမွန်ထူးခြားတဲ့ စနစ်တွေကိုတော့ သုံးစွဲသူတွေ တွေ့ရမှာပေါ့နော်။ ဒါပေမယ့် Customer တွေ သိပ်သဘော မတွေ့လှဘူးလို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ အဓိကအနေနဲ့ဆိုရင် သူ့ရဲ့ အပြင်အဆင်နဲ့ ပုံစံဒီဇိုင်းကြောင့်လို့တော့ အကြမ်းဖျင်း သိထားတယ်။ ဒီဇိုင်းက နည်း နည်းရိုးတော့ သိပ်သဘောမကျကြဘူး။ ဖုန်းကတော့ သူ့မှာပါတဲ့ Specification တွေနဲ့ ဈေးကတော့ တန်ပါတယ်။

Second Space ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ အကောင့်နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို Setting ထဲမှာစဖွင့်ပြီး အသုံးပြုလိုက်တာနဲ့ ဖုန်းရဲ့ Screen ပေါ်မှာ Switch ဆိုတဲ့ Icon က အဆင်သင့် အသုံးပြုနိုင်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

  

Dual App ဆိုတဲ့ စနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ App တွေကို နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ Facebook App ကို Dual App စနစ်ထဲမှာ မှတ်သားလိုက်ရင် Facebook App ကို နှစ်ခု အသုံးပြုနိုင်မှာဖြစ်ပြီး အကောင့်နှစ်ခုကို လည်း တစ်ပြိုင်တည်း ဖွင့်ထားလို့ ရနိုင်ပါတယ်။

  

Screenshot လုပ်မယ်ဆိုရင်တော့ Screenshot ကို ဖုန်းရဲ့ထိပ် ပိုင်းမှာ ဖော်ပြထားမှာဖြစ်ပြီး အဲဒီ Screenshot ပုံကိုနှိပ်လိုက်ရင်တော့ Scroll ဆိုတဲ့ ရှည်လျားတဲ့ Screenshot စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

  

Quick Ball စနစ်ကိုတော့ Additional settings ဆိုတဲ့ စနစ်ထဲမှာ မြင်တွေ့ နိုင်ပါတယ်။

  

SIM Slot