Home » 

Acer Aspire Switch Alpha 12

By: 

သီဟ

တန်ဖိုး - ကန်ဒေါ်လာ ၉၂၉.၉၉

အားသာချက်

ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်ထားတဲ့ Acer Aspire Switch Alpha 12 Tablet ဟာ စွမ်းဆောင်ရည် ကောင်းမွန်မှုက ဒီ Tablet ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Keyboard ကို တစ်ခါတည်း ထည့်သွင်းပေးထားတဲ့အတွက် Laptop လိုအသုံးပြုနိုင်ရန် keyboard သပ်သပ် ထပ်ဝယ်စရာ မလိုအပ်တော့ပါဘူး။

အားနည်းချက်

ဘက်ထရီကတော့ ကြာရှည်ခံသုံးစွဲနိုင်တဲ့ စာရင်းထဲမှာ မပါဝင်ပေမယ့် ပုံမှန်အသုံးပြုနေကျ Tablet များ နည်းပါးလောက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Acer Aspire Switch Alpha 12 Tablet ဟာ Liquid cooling စနစ် ပါဝင်မှာဖြစ်ပြီး၊ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ Tablet အမျိုးအစား ဖြစ်ပါတယ်။ Display မှာတောက်ပပြီး Vivid display စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 2 in 1 အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Laptop လိုရော Tablet ပုံစံပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core i5-6200U CPU ကိုအသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 2.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 8GB  ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB ပမာဏရှိတဲ့ SSD Storage ပါဝင်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Windows  10 Home ကို အသုံးပြုထားတာပါ။ Resolution ကတော့ 2160 x 1440 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၁၂ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ USB 3.0 စနစ်ပါဝင်မှာဖြစ်ပြီး MicroSD ကိုလည်း အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ Graphic အတွက်ကတော့ Intel HD Graphic 520 chip ကိုအသုံးပြုထားပြီး Bluetooth 4.0 စနစ်ပါဝင်ပါတယ်။ USB Type C ကိုလည်း ထည့်သွင်းထားတဲ့အတွက် USB Port ၂ ခုကို ဒီ tablet မှာတွေ့မြင်ရမှာဖြစ်ပြီး ဘက်ထရီ သိပ်သည်းဆကတော့ 4870mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း

Laptop အနေနဲ့ အသုံးပြုမယ်ဆိုရင် အနောက်ဘက်မှာ kickstand ပါဝင်မှာ ဖြစ်တဲ့အတွက် ထောင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB Port တွေနဲ့ Headphone/Mic Jack တွေကို Tablet ရဲ့ ညာဘက်အခြမ်းနားမှာ တွေ့မြင်ရပါမယ်။ MicroSD card slot နဲ့ power button တွေကတော့ tablet ရဲ့ဘယ်ဘက် အခြမ်းနားမှာ တပ်ဆင်ပေးထားပါတယ်။

 -Ref: laptopmag