Home » 

OPPO A39

By: 

ကိုသက်

Price : 219,000

အားသာချက်

ရှေ့ကထွက်ခဲ့တဲ့ OPPO ရဲ့ A37 ထက် မှတ်ဉာဏ်ပိုင်းမှာတော့ သိသိသာသာ ပိုကောင်းမွန်လာတဲ့ အားသာချက် ရှိနေပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာ ဆိုရင်လည်း ရှေ့ကင်မရာဟာ A37 နဲ့ တူညီနေပေမယ့် နောက်ဘက် ကင်မရာပိုင်းမှာတော့ A39 က Megapixels ပိုင်းမှာပိုပြီး ကောင်းမွန်လာတာကို တွေ့ရမှာပါ။ CPU ပိုင်းမှာလည်း A37 ထက်ပို ပြီး မြင့်မားပါတယ်။

အားနည်းချက်

နောက်ပိုင်းထွက် စမတ်ဖုန်း တော်တော်များများမှာ မြင်တွေ့နေရတဲ့ Fingerprint စနစ်ကိုတော့ ဒီဖုန်းမှာ မြင်တွေ့ရမှာ မဟုတ်သလို Android OS ရဲ့ ဗားရှင်းကလည်း အနည်းငယ် နိမ့်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်း သေသပ်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းဖြစ်ပြီး အရွယ်အစားက လည်း ကိုင်တွယ် အသုံးပြုရတာ အဆင်ပြေပါတယ်။ ရှေ့မျက်နှာပြင်မှန်ဟာ အနားလုံးမှန်အခုံး ပုံစံမျိုးဖြစ်ပြီး ဖုန်းကိုယ်ထည်ကတော့ သတ္တုနဲ့ တည်ဆောက်ထားတာပါ။ ပထမရှေ့ကထွက်ခဲ့တဲ့ A37 နဲ့ ပုံစံချင်း တူပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၉၁ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂၉ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၇ စင်တီမီတာရှိပြီး အလေးချိန်က တော့ ၁၄၇ ဂရမ်ရှိပါတယ်။ စပီကာတွေကို ဖုန်းရဲ့ အောက်ခြေဘောင် ပေါ်မှာ တပ်ဆင်ပေးထားပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်လို့တပ်လို့ မရတဲ့ ကာဗာအသေပါပဲ။ A37 ထက် အရွယ်အစား အနည်းငယ်လေး ကြီးပြီး အလေးချိန်ကလည်း A37 ထက် နည်းနည်းလေး ပိုပါတယ်။

မြင်ကွင်း

၅.၂ လက်မရှိတဲ့ IPS LCD Screen အမျိုးအစား ဖြစ်ပြီး Resolution ကတော့ 720 x 1280 pixels (~294 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

နည်းပညာ ပိုင်းမှာတော့ ထူးခြားတဲ့ နည်းပညာတွေကို အများအပြား ထည့်သွင်းထားတာမျိုး သိပ်မရှိပေမယ့် ရှေ့ကထွက်ခဲ့တဲ့ OPPO ဖုန်း တွေမှာပါဝင်တဲ့ ပုံမှန်နည်းပညာတွေကိုတော့ ဒီဖုန်းမှာထိတွေ့အသုံးပြု နိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ OPPO F1s နဲ့ အသုံးပြု ပုံစံတွေ တူညီနေတာကိုတွေ့ရမှာပါ။ Screen ပိတ်ထားချိန်မှာ သတ်မှတ်ထားတဲ့ သင်္ကေတ တွေကို Screen ပေါ်မှာ ရေးဆွဲပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကို ၀င်နိုင်တဲ့ Screen Off Gesture စနစ်၊ ဖုန်းကို Screen ဖွင့်ပိတ်အလွယ် တကူအသုံးပြုနိုင်တဲ့ Double Tap စနစ်တွေ ပါဝင်တဲ့ Quick Gesture စနစ်၊ Smart Call အစရှိတဲ့ စနစ်တွေကို မြင်တွေ့နိုင်ပါတယ်။ ရှေ့ကင် မရာမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပိုမိုပါဝင်လာပြီး ကင်မရာရဲ့ အလင်း သိရှိမှုနှုန်းကလည်း ပိုမိုကောင်းမွန် လာတာတဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်ဖို့ ပိုမိုအဆင်ပြေ လာစေပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင်တော့ A39 ဟာ ရှေ့ကထွက်ခဲ့တဲ့ A37 ထက် CPU ပိုင်း၊ မှတ်ဉာဏ်ပိုင်းနဲ့ နောက်ဘက်ကင် မရာပိုင်း၊ ဘက်ထရီပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့ အားသာချက် ရှိနေပါတယ်။ ဈေးနှုန်းအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း A37 ထက် ဈေးနှုန်း ၂ သောင်းဝန်း ကျင်ပဲ ကွာဟတဲ့အတွက် A37 ကို စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ A39 ကပိုပြီး ရွေးချယ်ချင်စရာ ဖြစ်မှာပါ။

Network      GSM - 2G/ 3G/ 4G
SIM               Dual SIM (Nano Sim Dual Standby)
OS                Android OS, v5.1
CPU              1.5GHz Octa-Core
GPU              Mali T860, MP2
Memory        Internal 32GB, 3GB RAM, Micro SD 256GB
Camera        13 Megapixels, 4160X3120 Pixels, autofocus, LED flash, geo-tagging, touch focus, face detection, panorama, Video, Front 5 MP
Wi-Fi             Wi-Fi 802.11 b/g/n
Bluetooth    v4.0, A2DP
Battery         Li-Ion 2900 mAh Battery

သူတို့အမြင်

မငြိမ်းငြိမ်းခိုင် (စမ်းသပ်အသုံးပြုသူ)

A37 ထက်တော့ ပိုကောင်းတယ်ဆိုတာ သေချာတယ်။ Memory နဲ့ နောက်ဘက် ကင်မရာကလည်း ပိုကောင်းလာတယ်။ အဓိက ပြောချင်တာကတော့ ဈေးပေါ့။ ဈေးက နှစ်သိန်းနှစ်သောင်း ဝန်းကျင်လောက်ပဲ ရှိတယ်။ ရှေ့ကထွက်ခဲ့တဲ့ A37 က ခုလက်ရှိ တစ်သိန်းကိုးသောင်း ဝန်းကျင်ဆိုတော့ ဈေးကသိပ်မကွာပဲ Specification က ကွာနေတော့ ဒီဖုန်းကလည်း ရွေးချယ်စရာ တစ်ခုဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ရှေ့ကင်မရာ ကတော့ နဂို A37 နဲ့ တူတူပဲ ဆိုပေမယ့် ရှေ့ကင်မရာမှာ သုံးနိုင်တဲ့ စနစ်တွေတော့ ပိုကောင်းလာတယ်။ ပြောစရာကတော့ Fingerprint မပါတာလေး တစ်ခုပဲ ပြောစရာရှိတယ်။ Fingerprint လည်းပါမယ် OS ဗားရှင်းလည်း 6.0 လောက် အမြင့် ဖြစ်လာမယ် ဆိုရင်တော့ အရမ်းကောင်းမှာပါ။

ကိုအေးနိုင် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းကို ဘာဖြစ်လို့ ဝယ်လဲဆိုရင်တော့ ဈေးနှုန်းနဲ့ ဖုန်းရဲ့ ဒီဇိုင်း၊ ကင်မရာပိုင်း၊ မှတ်ဉာဏ်ပိုင်းတွေကို ကြိုက်လို့ လို့ပဲ ပြောရမယ်။ အစက ကျွန်တော်က A37 ကိုဝယ်မလို့ စီစဉ်ထားတာ။ A39 အသစ်ထွက်တယ်လို့ ဆိုင်ကပြောလို့ ပိုကောင်းတယ်လို့လည်း ပြောလို့ကြည့်လိုက်တာ။ ကျွန်တော်လည်း ကြိုက်ပါတယ်။ သူက Sim Card လည်း နှစ်ကတ်တစ်ပြိုင်တည်း သုံးလို့ရတဲ့အပြင် Memory Card လည်း ထည့်သုံးလို့ရတယ်။ ကင်မရာကလည်း A37 ထက်ပိုကောင်း လာတယ်။ Memory ကလည်း ပိုကောင်းလာတယ်။ ဆိုင်ကတော့ CPU ပိုင်းလည်း ပိုကောင်း လာတယ်လို့ ပြောတယ်။ ကျွန်တော်က တော့ အဲဒါသိပ်နား မလည်ဘူး။ နောက်ပိုင်းထွက် ဖုန်းတွေလိုမျိုး Fingerprint ပါလာမယ် ဆိုရင်တော့ ဒီထပ်ပိုပြီး ကောင်းမယ်လို့ ထင်မိတယ်။

D Mobile (YGN)

သူ့ဈေးနဲ့ သူ့လုပ်ဆောင် ချက်နဲ့ကတော့ အဆင်ပြေပါတယ်။ ဈေးနှုန်း နှစ်သိန်းစွန်းစွန်း လေးထဲမှာတော့ ရွေးချယ်စရာ တစ်ခုအနေနဲ့ ရှိတယ်။ ပြီးတော့ သူ့ရှေ့က ထွက်ခဲ့တဲ့ A37 ထက် Specification ပိုင်းတွေမှာ ပိုမြှင့်ထားပြီး ဈေးကလည်း A37 နဲ့ သိပ်မကွာတဲ့အတွက် ဒါကလည်း အသုံးပြုတဲ့ သူတွေအတွက် ရွေးချယ်ချင်စရာ တစ်ခုလို ဖြစ်နေတယ်။ ကင်မရာပိုင်း၊ Gesture စနစ်ပိုင်းနဲ့ မှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းတယ်။ Screen Resolution က Full HD မဖြစ်ပဲ ရိုးရိုး HD ပဲ ဖြစ်နေတာလေးတော့ ရှိတယ်။ ဖောင့်တွေသေးတယ်လို့ ခံစားရတယ်။ Setting ထဲမှာ Font Size ကိုကြီးလို့ ရပေမယ့် Setting နဲ့ Contacts တွေပဲမှာပဲ Fonts တွေက ကြီးသွားပြီး App Icon တွေနဲ့ ကင်မရာတွေမှာတော့ Fonts တွေက နဂိုအတိုင်းပဲ သေးနေတယ်။

ရှေ့ကင်မရာမှာ အသုံးပြုနိုင်တဲ့ စနစ်တွေကတော့ Time Lapse, Video, Photo, Beauty, Panorama ဆိုတဲ့ စနစ်တွေကို အသုံးပြုနိုင်ပြီး Screen Flash စနစ်လည်း ပါဝင်ပါတယ်။

  

ရှေ့ကင်မရာကို အသုံးပြုပြီး ဓာတ်ပုံရိုက်မယ် ဆိုရင်တော့ ပုံမှန်အခြေအနေနဲ့ ရိုက်ခြင်း၊ Touch စနစ်၊ အသံစနစ်၊ Plam လို့ခေါ်တဲ့ လက်ကိုထောင်ပြပြီး လက်ရဲ့လှုပ်ရှားမှု အမူအရာနဲ့ ဓာတ်ပုံရိုက်တဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ရှေ့ကင်မရာမှာ Various Filters, Gif, Double Exposure အစရှိတဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
ရှေ့ကင်မရာမှာ Various Filters, Gif, Double Exposure အစရှိတဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

   

နောက်ဘက် ကင်မရာမှာလည်း ရှေ့ကင်မရာမှာလိုပဲ ပုံမှန် အခြေအနေနဲ့ ရိုက်ခြင်း၊ Touch စနစ်၊ အသံစနစ်၊ Plam လို့ခေါ်တဲ့ လက်ကိုထောင်ပြပြီး လက်ရဲ့လှုပ်ရှားမှု အမူအရာနဲ့ ဓာတ်ပုံရိုက်တဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

နောက်ဘက် ကင်မရာကို အသုံးပြုတဲ့ အခါမှာတော့ Ultra HD, Various Filters, Gif, Double Exposure စနစ်တွေအပြင် ဓာတ်ပုံ ကင်မရာတွေလိုမျိုး Manual စနစ်ရိုက်နိုင်မယ့်  Expert Mode စနစ်လည်း ပါဝင်ပါတယ်။

GIF စနစ်ကို အသုံးပြုတဲ့အခါမှာ ပုံမှန်လှုပ်ရှားမှု ပုံစံမျိုးနဲ့ အသုံးပြုနိုင်တဲ့အပြင် ပြောင်းပြန်ဆန့်ကျင်ဖက် လှုပ်ရှားမှု ပုံစံမျိုးနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ ဥပမာ လူတစ်ယောက် ကိုယ့်ဆီ ပြေးလာတဲ့ ပုံကို Reverse စနစ်နဲ့ ရိုက်မယ်ဆိုရင်တော့ ကိုယ့်ဆီကနေ နောက်ပြန် ပြေးသွားတဲ့ ပုံစံမျိုး ထွက်လာမှာပါ။

  

Setting ထဲမှာရှိတဲ့ Photo ဆိုတဲ့ စနစ်ထဲမှာတော့ ဓာတ်ပုံဖိုင်တွေက ဖြစ်ပေါ်လာတဲ့ မလိုအပ်တဲ့ Cache ဖိုင်တွေကို ရှင်းလင်းနိုင် တဲ့ Clear Cache စနစ် ပါဝင်ပါတယ်။

  

Setting ထဲမှာပါတဲ့ Camera စနစ်ထဲမှာတော့ ကင်မရာမှာအ သုံးပြုလိုတဲ့ စနစ်တွေကို ဖွင့်နိုင်တဲ့ ပိတ်နိုင်ပါတယ်။

  

Gesture & Motion ဆိုတဲ့ စနစ်ထဲမှာ Double Tap Screen ဖွင့်ခြင်းစနစ်တွေနဲ့ အခြား Gesture အသုံးပြု စနစ်တွေကို စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။

  

Security Center စနစ်ထဲမှာတော့ ဖုန်းနဲ့ပါတ်သတ်တဲ့ Virus Scan စနစ်၊ Permission Monitor စနစ်၊ Check and update virus database စနစ် အစရှိတဲ့ စနစ်တွေ ပါဝင်ပါတယ်။

  

  

SIM Slot