Home » 

Asus ZenBook 3

By: 

စိုးထက်

USD- 1,590

အားသာချက်

Asus ZenBook 3 တွင် စွမ်းဆောင်ရည်မြင့် Core i7 ပရိုဆက်ဆာ ပါဝင်သည်။ Laptop အထူမှာ ပါးလွှာပြီး touchpad မှာကောင်းမွန်သည်။ USB-C mini-dock လည်းပါဝင်သည်။

အားနည်းချက်

မျက်နှာပြင် အရွယ်အစားမှာ ၁၂.၅လက်မ ရှိပြီး ရုပ်ထွက်အရည်အသွေး 1,920x 1,080 သာရှိသည်။ Touch screen မဟုတ်ပေ။ ထို့အပြင် bloatware အများအပြား ပါဝင်လာသည်။ ဘက်ထရီ သက်တမ်းမှာ MacBook လောက်ကောင်းမွန်ခြင်း မရှိပေ။ ဈေးကွက်အတွင်းရှိ အခြား laptop များမှာ Asus ZenBook 3 ထက်ကုန်ကျစရိတ် သက်သာသည်။

အသေးစိတ်ဖော်ပြချက်

Asusu ZenBook 3 ဒီဇိုင်းသည် MacBokk နှင့်ဆင်တူသည်။ ထို့အပြင် MacBook ကဲ့သို့ ချိတ်ဆက်မှုမှာ အကန့်အသတ်ရှိသည်။ USB-C port တစ်ခုနှင့် headphone jack သာပါဝင်လာသည်။

ZenBook 3 တွင်စွမ်းအင်းသုံးစွဲမှု နည်းပါးသော Intel Core i7-7500 ပရိုဆက်ဆာနှင့်အတူ RAM 16GB နှင့် 512GB PCle SSD storage ပါဝင်လာသည်။ Asus သည် Core i5 CPU, RAM 8GB နှင့် 256GB SSD ဗားရှင်းကို ဒေါ်လာ ၁,၁၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

ZenBook 3 ၏အဓိက အားနည်းချက်မှာ ရုပ်ထွက်အရည်အသွေး 1,920x1,080 ရှိခြင်း ဖြစ်သည်။ ဈေးကွက်တွင်းရှိ တန်ဖိုးကြီး laptop များ၏ ရုပ်ထွက်အရည်အသွေးမှာ 2,560x1,440 နှင့်အ
ထက်တွင် ရှိသည်။

ZenBook 3 တွင် MacBook ၏ feature တစ်ချို့ကို မွေးစားထားသည်။ Laptop ၏ touchpad မှာအလွယ်တကူ အသုံးပြုနိုင်ကာ လက်ချောင်းနှစ်ချောင်းဖြင့် scroll ပြုလုပ်ရာတွင် အဆင်ချောမွေ့သလို windows အားလုံးကို ပြသရန် swipe movement လည်း အသုံးပြုနိုင်သည်။

Laptop ၏ keyboard တွင် နောက်ခံအရောင် ပါဝင်သော်လည်း စာရိုက်ရာတွင် အဆင်ပြေမှု မရှိပေ။ Asus သည် ZenBook 3 တွင် Evernote, Dropbox,TripAdvisor နှင့်အခြားအသုံးဝင် software များစွာ ထည့်သွင်းပေးထားသည်။ အခြားထပ်ဆောင်း feature တစ်ခုမှာ Asus Eye Care Switcher ဖြစ်သည်။ သုံးစွဲသူများအတွက် မျက်စိထိခိုက်မှု သက်သာစေရန် အပြာရောင်အလင်း ထုတ်လွှတ်မှုကို လျော့ချပေးနိုင်သည့် mode ဖြစ်သည်။

Laptop တွင် USB-C port တစ်ခုသာ ပါဝင်သောကြောင့် Asus က mini-dock ကိုထည့်သွင်းပေးထားသည်။ ၎င်းတွင် HDMI out, USB-A port နှင့် အားသွင်းနိုင်ရန် USB-C port တို့ပါဝင် လာသည်။

ဘက်ထရီ

Asus ZenBook 3 သည်အွန်လိုင်း ဗီဒီယိုများကို ၆ နာရီ ၄၅ မိနစ်အထိ ကြည့်ရှုနိုင်သည်။ ထိုပမာဏမှာ Razer Blade Stealth laptop ထက် ၁၀ မိနစ် ပိုသာလွန်နေသည်။

Ref: CNET