Home » 

Sony Xperia XZ

By: 

ကိုသက်

Price - 749,000

အားသာချက်

ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ထည့်သွင်းတပ်ဆင် ပေးထားတဲ့ ကင်မရာတွေဟာ Megapixels မြင့်မားတဲ့ ကင်မရာတွေ ဖြစ်တဲ့အပြင် ဓာတ်ပုံအသုံးပြု စနစ်တွေလည်း အများအပြား ပါဝင်တဲ့အတွက် ဓာတ်ပုံဝါသနာ ရှင်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်မဲ့ ဖုန်းပါပဲ။ မှတ်ဉာဏ်ပိုင်း၊ ဂရပ်ဖစ် GPU ပိုင်းနဲ့ Screen Resolution ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ရေစိုခံ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ရေအောက် ၁.၅ မီတာအနက်မှာ မိနစ် ၃၀ ခန့် နေနိုင်တယ်လို့ ဆိုပါတယ်။

အားနည်းချက်

ပြည်တွင်းမှာ အသုံးပြုနေတဲ့ မြန်မာစာ စနစ်တွေဟာ ဖုန်းမှာတစ်ပါတည်း မပါဝင်တဲ့အတွက် မြန်မာစာ သုံးမယ်ဆိုရင်တော့ ပြန်ထည့်ပြီး အသုံးပြုရပါလိမ့်မယ်။ Sim Card Adapter ဟာ ပါးလွှာပျော့ပျောင်းတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့အတွက် ကတ်ကိုထုတ်သွင်း ပြုလုပ်ချိန် မှာ Adapter ကျိုးပဲ့နိုင်ခြင်းကိုလည်း ဂရုစိုက်သင့်ပါတယ်။

ဒီဇိုင်း

ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်ပုံကတော့ Sony ရဲ့ထုံးစံအတိုင်းပဲ အနားထောင့်တွေဟာ ထောင့်ကျကျ ပုံစံမျိုးနဲ့ ရှိနေပါတယ်။ ကိုယ်ထည်ကို တည်ဆောက်ထားတာကတော့ သတ္တုနဲ့ ပလတ်စတစ်ကို ရောစပ်ထားတဲ့ ပုံစံမျိုးရှိနေပြီး ကိုင်တွယ်အသုံးပြုတဲ့ အချိန်မှာလည်း လက်နဲ့အံဝင်ခွင်ကျ ရှိပါတယ်။ Fingerprint ကိုတော့ ဖုန်းရဲ့ညာဘက် ဘေးဘောင်ပေါ်မှာ ပါဝါခလုတ်နဲ့ အတူတွဲပြီး တပ်ဆင်ပေးထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၆ စင်တီမီတာ၊ ဘေးတိုက်အ ကျယ် ၇.၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၁ စင်တီမီတာရှိပါ တယ်။ အလေးချိန်ကတော့ ၁၆၁ ဂရမ်ပါ။ အတိုင်းအထွာ ကိန်းဂဏန်း သတ်မှတ်ချက်အရ ထုထည်က များတယ်လို့ ထင်ရပေမယ့် ကိုင်ရတာ အဆင်ပြေပြီး အလေးချိန်ကလည်း သိပ်မများပါဘူး။

မြင်ကွင်း

၅.၂ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~424 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

ကင်မရာမှာတော့ RGBC Sensor နှင့် Hybrid Laser Focus စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားပြီး Manual စနစ်၊ AR effect , Creative Effect, Sound Photo, 4K Video, Style Portrait, Timeshift Video အစရှိတဲ့စနစ်တွေပါဝင်ပါတယ်။ Selfie စနစ်မှာလည်း ဗီဒီယိုစနစ်၊ Manual ကင်မရာစနစ်၊ AR Effect, Sound Photo အစရှိတဲ့ ကင်မရာအသုံးပြု နည်းပညာတွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ် ပါဝင်မှာဖြစ်ပြီး စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်ပါလိမ့်မယ်။ ဖုန်းထဲမှာ အကောင့်တွေ ခွဲခြားအသုံးပြုနိုင်တဲ့ User ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင်တော့ Xperia XZ ဟာ ကင်မရာပိုင်းမှာ ကောင်းမွန်တဲ့အပြင် ဖုန်းမှတ်ဉာဏ်ပိုင်းနဲ့ ဖုန်းကို ကိုင်တွယ် အသုံးပြုခြင်းအပိုင်း၊ ဂရပ်ဖစ် GPU ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ Fingerprint ဟာဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် ညာသန်သမား တွေအတွက် အလိုက်သင့် ဖြစ်နေပေမယ့် ဖုန်းကို ဘယ်နဲ့ ကိုင်တဲ့သူတွေအတွက်တော့ Fingerprint က အလိုက်သင့် မဖြစ်ဘူးလို့ ခံစားရပါတယ်။ မြန်မာစာ အတွက်လည်း ဖုန်းမှာတစ်ပါတည်း မပါတဲ့အတွက် ပြန်ထည့်ပြီး အသုံးပြုရပါလိမ့်မယ်။

Network      GSM - 2G/ 3G/ 4G

SIM              Dual SIM (Nano Sim Dual Standby)

OS               Android OS, v6.0.1

CPU             Quad-core (2x2.15 GHz Kryo & 2x1.6 GHz Kryo)

GPU             Adreno 530

Memory       Internal 64 GB, 3 GB RAM, Micro SD 256GB

Camera       23 MP, f/2.0, 24mm, EIS (gyro), phase detection and laser autofocus, LED flash, 1/2.3" sensor size, geo-tagging, touch focus,  face 
                    detection, HDR, panorama, Front 13 MP, f/2.0, 22mm, 1/3"

Wi-Fi             Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot

Bluetooth     v4.2, A2DP, aptX, LE

Battery          Li-Ion 2900 mAh Battery

သူတို့အမြင်

ကိုခင်မောင်မြင့် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းအတွက် အမြင်ဆိုရင်တော့ ကင်မရာက တော်တော်လေး ကောင်းတယ်လို့ ပြောလို့ ရတယ်။ ကင်မရာ အသုံးပြုစနစ်တွေက တော်တော်စုံစုံလေး ပါတဲ့အပြင် ကင်မရာ စွမ်းဆောင်ရည်ပိုင်းမှာလည်း ဓာတ်ပုံတွေအတွက် ကောင်းတဲ့ အရည်အသွေးတွေ ရတာကိုတွေ့ရတယ်။ ဒုတိယ တစ်ချက်ဆိုရင်တော့ ရေစိုခံနိုင်မှု အပိုင်းမှာဆိုရင်လည်း IP 68 ဖြစ်တဲ့အတွက် ဒါကလည်း တကယ်ရေစိုခံနိုင်မှု အပိုင်းမှာ ကောင်းမွန်တဲ့ အချက်တစ်ခုလို့ ဆိုရမှာပါပဲ။ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Message နဲ့ Facebook တို့လို Social စနစ်တွေအတွက် မြန်မာစာ မပါလာတဲ့ အချက်ကတော့ အားနည်းတယ်လို့ ဆိုရမှာပဲ။ ပြီးတော့ မြန်မာစာကလည်း ဒီမှာ ပြန်ထည့်ပြီး သုံးမယ်ဆိုရင်လည်း တစ်ခါတစ်လေမှာ ချက်ချင်းမရနိုင် သေးတာမျိုးလေးတွေ လည်း ရှိတတ်တယ်။

ကိုထွန်းထွန်း (စမ်းသပ်အသုံးပြုသူ)

ကျွန်တော့်ဘက်က User တစ်ယောက် အမြင်နဲ့ဆိုရင်တော့ အဓိက မြန်မာစာ မရတဲ့အပိုင်းနဲ့ ဈေးနှုန်းအပိုင်းကိုပဲ ပြောချင်ပါတယ်။ မြန်မာစာက တစ်ခါတည်းမပါလာပဲ ပြန်ထည့်သုံးရမှာ ဖြစ်တဲ့အတွက် User က သိပ်အဆင်မပြေ တတ်ဘူး။ မြန်မာစာ တစ်ခါတည်းပါတဲ့ ဖုန်းတွေကိုပဲ User တွေက ပိုလိုချင်ကြတယ်။ ပြန်ထည့်ရမယ် အချိန်စောင့်ရမယ်ဆိုရင် နည်းနည်းစဉ်းစားသွားတယ်။ ပြီးတော့ ဈေးနှုန်းပေါ့နော်။ ဈေးနှုန်းက Highend ဖြစ်နေတယ်။ ဒါကလည်း User အတွက် နည်းနည်းစဉ်းစား စရာဖြစ်နိုင်တယ်။ အခြားကျန်တဲ့ ကင်မရာစနစ်တွေ၊ Screen တွေ၊ ဖုန်းရဲ့ တည်ဆောက်ပုံ၊ ရေစိုခံခြင်းအစရှိတဲ့ စွမ်းဆောင်ရည် တွေကတော့ ကောင်းပါတယ်။

ကိုဝင်းမြင့်ဦး (အသုံးပြုသူ)

ကျွန်တော်ကတော့ နဂိုကတည်းက Sony ကြိုက်တဲ့ သူဆိုတော့ ဒီဖုန်းကိုလည်း ကြိုက်တယ်လို့ပဲ ပြောရမယ်။ ကင်မရာက တော်တော်လေး ကောင်းလာတယ်။ Megapixels တွေက ကြား လိုက်ရတာနဲ့တင် အဆင်ပြေနေတယ်။ Memory ပိုင်းမှာဆိုရင် လည်း ကောင်းပါတယ်။ Sony ကိုအဓိက ကြိုက်တဲ့ အချက်တစ်ခု ကတော့ ရေစိုခံပိုင်းလို့ပဲ ပြောရမယ်။ ရေစိုခံဖုန်းတွေထဲမှာတော့ ကျွန်တော်က Sony ကို အကြိုက်ဆုံးပဲ။ ပြီးတော့ ဒီဖုန်းမှာ အရွယ်အ စားနဲ့ ဒီဇိုင်းကိုလည်း သဘောကျပါတယ်။ Fingerprint ကိုဘေးဘောင်မှာ တပ်ထားတာက ဒီဇိုင်းကို ဆန်းသစ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်း အသုံးပြုတဲ့ အချိန်မှာတော့ အဲဒါက ကျွန်တော့်အတွက် သိပ်အဆင်မပြေသလို ခံစားရတယ်။ ပြီးတော့ ပါဝါခလုတ်နဲ့ တွဲထားတဲ့ အတွက်လည်း ဒါကို သိပ်သဘော မကျဘူး။

ဒီဖုန်းမှာ ပါဝင်တဲ့ ကင်မရာတွေဟာ Megapixels မြင့်မားတဲ့ ကင်မရာ ဖြစ်တဲ့အပြင် ကင်မရာနဲ့အတူ တွဲဖက်အသုံးပြုနိုင်မယ့် စနစ်တွေကလည်း အများအပြား ပါဝင်တာတွေ့ရမှာပါ။ ကင်မရာ အသုံးပြု စနစ်တွေ ၂၀ ကျော်ပါဝင်ပြီး အဲဒီစနစ်တွေထဲမှာတော့ အွန်လိုင်းအသုံးပြုပြီး Download ပြုလုပ်ရမယ့်စနစ်နဲ့ အင်တာနက် မလိုပဲ တိုက်ရိုက် Install ပြုလုပ်ပြီး အသုံးပြုရမယ့် စနစ်တွေကို ခွဲခြားပေးထားတာ တွေ့ရမှာပါ။

  

  

  

ဖုန်းထဲမှာ အကောင့်တွေ ခွဲခြားပြီး အသုံးပြုနိုင်မယ့် User ဆိုတဲ့စနစ် ကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်ပါတယ်။

  

Display စနစ်ထဲမှာတော့ ဖုန်း Screen ရဲ့အရောင်ကို ကိုယ့်စိတ်ကြိုက် အရောင်တွေအဖြစ် ပြောင်းလဲချိန်ညှိ အသုံးပြုနိုင်တဲ့ White balance ဆိုတဲ့ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် Duble Tap စနစ်နဲ့ Screen ဖွင့်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။

  

  

  

Sony Xperia XZ SIM Slot