Home » 

LG Stylus 2

By: 

ကိုသက်

Device Support - LG
Price - 295,000 Ks

အားသာချက်

Stylus ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် Touch Pen ပါဝင်တဲ့အပြင် Touch Pen နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ စနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရမှာပါ။ Sim Card နှစ်ကတ်တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြု နိုင်တဲ့အပြင် SD Card ကိုလည်း ထည့်သွင်းနိုင်တာက ဒီဖုန်းရဲ့ အားသာချက် တစ်ခုလို့ ဆိုရမှာပါ။ ကင်မရာရဲ့ Megapixels ပိုင်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်

Screen ပိုင်းမှာတော့ အသုံးပြုထားတဲ့ Screen ဟာ အဆင်ပြေ ကောင်းမွန်ပေမယ့် Resolution ပိုင်းမှာတော့ Full HD ထိရရှိနိုင်မှာ မဟုတ်ဘဲ ပုံမှန် HD Resolution လောက်ပဲ မြင်တွေ့ရမှာပါ။ Sensor ပိုင်းမှာလည်း ပုံမှန် Smart Phone Sensor တွေလောက်သာ ပါဝင်ပြီး Fingerprint sensor လိုစနစ်တွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဒီဇိုင်း

ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်ပုံကတော့ ပါးပါးလျားလျားနဲ့ ကျယ်ဝန်းတဲ့ ပုံစံမျိုးရှိနေပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်တွေကို သတ္တုဘေးဘောင်တွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး နောက်ဘက် ကာဗာကတော့ သတ္တုပုံစံ ပြုလုပ်ထားတဲ့ ပလတ်စတစ် ကာဗာပါ။ Touch Pen ကို ဖုန်းရဲ့အပေါ် ထိပ်ဘောင်မှာ တပ်ဆင်ပေးထားပြီး ပါဝါခလုတ်နဲ့ အသံအတိုး၊ အကျယ် Volume Key တွေကိုတော့ ဖုန်းရဲ့နောက်ကျောဘက် ကာဗာအပေါ်နားမှာ တပ်ဆင်ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၉၆ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၄ စင်တီမီတာ ရှိပါတယ်။ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ထုထည်ပါးလွှာပြီး ဘေးတိုက်အကျယ် အနည်းငယ်များတယ်လို့ ခံစားရစေပါတယ်။

မြင်ကွင်း

၅.၇ လက်မ မျက်နှာပြင်ရှိပြီး IPS LCD Screen အမျိုးအစားကို အသုံးပြုထားတာပါ။ Resolution ကတော့ 720 x 1280 pixels (~403 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

Double Tap စနစ်နဲ့ Screen ဖွင့်၊ ပိတ်ပြုလုပ်နိုင်တဲ့ Knock Code စနစ်ပါဝင်ပြီး ဖုန်းရဲ့ Screen Lock စနစ်အတွက်လည်း Knock Code စနစ်နဲ့ Password ပေးထားနိုင်ပါတယ်။ Stylus ဖြစ်တဲ့အတွက် Touch Pen စနစ်ပါဝင်ပြီး Touch Pen နဲ့ အတူတွဲဖက် အသုံးပြုနိုင်မယ့် စနစ်တွေကိုလည်း မြင်တွေ့ရမှာပါ။ App နှစ်ခုကို တစ်ပြိုင်တည်းဖွင့်ပြီး အသုံးပြုနိုင်မယ့် Dual Windows စနစ်ကိုလည်း ဒီဖုန်းမှာအသုံးပြု နိုင်ပါတယ်။ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Home, Back အစရှိတဲ့ Touch Key တွေကိုလည်း ဘယ်ညာလိုအပ်သလို ပြောင်းလဲရွှေ့ပြောင်း အသုံးပြုနိုင်သလို Key ၅ ခုအထိ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Stylus 2 ဟာ ဖုန်းမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ Megapixels တွေ ကောင်းမွန်ပေမယ့် ဓာတ်ပုံအတွက် သုံးပြုနိုင်တဲ့ ကင်မရာ Effect တွေတော့ သိပ်များများ ပါဝင်တာ မတွေ့ရပါဘူး။ CPU ပိုင်းမှာလည်း နောက်ပိုင်းထွက် Quad-core နှစ်လုံးပါဝင်တဲ့ ဖုန်းတွေနဲ့ ယှဉ်ရင် CPU ကနည်းနည်း နိမ့်နေတယ်လို့ ခံစားရပေမယ့် Graphic GPU ပိုင်းမှာတော့ ကောင်းမွန်ပါတယ်။ Dual Windows စနစ်အပါအဝင် ဖုန်းမှာအသုံးပြုနိုင်တဲ့ စနစ်တွေကတော့ တော်တော်လေး အသုံးတည့်တာ တွေ့ရမှာပါ။

Network     GSM - 2G/ 3G/ 4G

SIM              Dual SIM (Nano Sim Dual Standby)

OS               Android OS, v6.0.1

CPU             Quad-core 1.2 GHz Cortex-A53

GPU              Adreno 306

Memory       Internal 16 GB, 2 GB RAM, Micro SD 256GB

Camera        13 MP, f/2.2, autofocus, LED flash, Features,                

                      Geo-tagging, touch focus, face detection,           

                       HDR, panorama,Video, Front 8 MP

Wi-Fi              802.11 b/g/n, Wi-Fi Direct, DLNA, hotspot

Bluetooth      v4.1, A2DP

Battery           Li-Ion 3000 mAh Battery

App ကို နှစ်ခုတစ်ပြိုင်တည်း ဖွင့်ပြီးအသုံးပြုနိုင်မယ့် Dual Win-dows စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ Settings ထဲက General ထဲမှာ Dual Windows ဆိုတာရှိပါတယ်။ Dual Windows ကို On လုပ်ပြီး အထဲကို ဆက်ဝင်လိုက်ပါ။ Auto open ဆိုတာ ရှိပါတယ်။ ဒါကိုလည်း On လုပ်ထားပါ။

  

  

Dual Windows ကိုသုံးဖို့အတွက် ဖုန်းရဲ့အောက်ခြေမှာရှိနေတဲ့ Recent ခလုတ်ကိုနှိပ်ပါ။ Recent ကို နှိပ်လိုက်ရင် Recent တွေကို ဖျက်တဲ့စနစ်နဲ့ Dual Windows စနစ်နှစ်ခုကို တွေ့ရပါလိမ့်မယ်။ Dual Windows ကိုနှိပ်လိုက်ရင်တော့ Dual Windows စနစ်အသုံးပြုနိုင်မယ့် App တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

  

  

Touch Pen ကိုထုတ်လိုက်တာနဲ့ Touch Pen စနစ်နဲ့ အသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Touch Pen စနစ်ထဲမှာ ထပ်ဖြည့်ပြီး ထည့်သွင်းချင်တာရှိရင် အပေါင်းလက္ခဏာ သင်္ကေတကိုနှိပ်ပြီး ဖြည့်နိုင်ပါတယ်။

LG Stylus 2 SIM Slot

  

Settings ရဲ့ Display ထဲက Lock Screen ဆိုတဲ့ စနစ်ထဲမှာရှိနေတဲ့ Contact info for lost phone ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ ဖုန်းဟာ တစ်နေရာရာမှာ ကျန်ခဲ့တယ်၊ ပျောက်သွားတယ်ဆိုတဲ့ အချိန်မှာ ဖုန်းကိုရရှိထားသူက ကိုယ့်ဆီကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ကို ဖုန်းရဲ့ Lock Screen ပေါ်မှာဖော်ပြ ထားနိုင်တဲ့စနစ် ဖြစ်ပါတယ်။ Mail လိပ်စာကိုလည်း ဖြည့်စွက်ထားနိုင်ပါတယ်။

  

  

ဒါဆိုရင်တော့ Lock Screen ပေါ်မှာ ကိုယ့်ကို ဆက်သွယ်နိုင်မယ့် လိပ်စာကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

  

  

သူတို့အမြင်

ကိုကျော်ကျော် (စမ်းသပ်သူ)

ဒီဖုန်းမှာ Stylus စနစ်တွေကို သဘောကျပါတယ်။ Dual Win-dows စနစ်ကလည်း သုံးရတာ တော်တော်လေး အဆင်ပြေပါတယ်။ ဘက်ထရီကလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ ဘက်ထရီက အသုံးခံတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း သုံးလို့ရနေတဲ့အတွက် ဒါကလည်း ကောင်းတဲ့ အချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဈေးကိုတော့ နည်းနည်းသိပ် သဘောမကျဘူး။ Fingerprint စနစ်တွေ ဘာတွေလည်း မပါဘူး။ Screen Resolution ကလည်း နည်းနည်းနိမ့်နေတယ်။ ဖုန်းထဲမှာ တခြားသုံးရတဲ့ စနစ်တွေကတော့ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ဈေးကတော့ နောက်ပိုင်းထွက် Fingerprint စနစ်ပါတဲ့ ဖုန်းတွေနဲ့ Screen Resolution မြင့်နေတဲ့ ဖုန်းတွေနဲ့ယှဉ်ရင် နည်းနည်းလေးများ နေတယ်လို့ ခံစားရတယ်။

D Mobile (YGN)

Stylus 2 ရဲ့ အဓိကကောင်းတဲ့ အချက်ကို ပြောပါဆိုရင်တော့ Sim Card နှစ်ကတ်နဲ့ Memory Card ကို တစ်ပြိုင်တည်း သုံးနိုင်တဲ့အတွက် Sim Card နှစ်ကတ်သုံးချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာပါ။ Stylus ဖြစ်တဲ့အတွက် Touch Pen ပါလာမှာဖြစ်ပြီး Touch Pen အသုံးပြု Note စနစ်တွေကိုလည်း အသုံးပြုနိုင်တဲ့အပြင် တခြားဖုန်းထဲက အသုံးပြုနိုင်တဲ့ စနစ်တွေကလည်း အဆင်ပြေပါတယ်။ Fingerprint စနစ်ပါတဲ့ တစ်ချက်ရယ်၊ ပြီးတော့ Screen အရွယ်အစားက နည်းနည်းကြီးပြီး Resolution က နည်းနည်းနိမ့် နေတဲ့အတွက် ဒါကိုတော့ သိပ်သဘောမကျဘူး။

ကိုဝဏ္ဏထွန်း (စမ်းသပ်သူ)

Dual Windows စနစ်ကို သဘောကျတယ်။ သူက App နှစ်ခုကို တစ်ပြိုင်တည်း ဖွင့်သုံးတဲ့အချိန်မှာ ဖုန်းရဲ့မြင်ကွင်းကို တစ်ဝက်စီ ပိုင်းထားပေးပေမယ့် ကိုယ်ကပိုပြီး ကျယ်ကျယ်အသုံးပြု ချင်တဲ့အပိုင်းကို ပိုကျယ်ထားပြီး မြင်ကွင်းကို စိတ်ကြိုက်ရွှေ့ပြောင်းလို့ ရတာကို သဘောကျတယ်။ နောက်ပြီးတော့ Screen Lock လုပ်တဲ့နေရာမှာလည်း Knock Code စနစ်နဲ့ လုပ်လို့ရတဲ့အတွက် ဒါကလည်း တခြားဖုန်းတွေနဲ့ မတူတဲ့ Lock စနစ်တစ်ခုလို့ပြောရမှာပဲ။ ဒါပေမဲ့ နောက်ပိုင်းထွက် Fingerprint ပါတဲ့ဖုန်းတွေ၊ Memory မြင့်တဲ့ဖုန်းတွေနဲ့ Screen Resolution မြင့်တဲ့ ဖုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ သူကဈေးနည်းနည်းလေး မြင့်နေတယ်လို့ ခံစားရတယ်။