Home » 

Fuhu Nabi Elev-8 Tablet

By: 

သီဟ

ကန်ဒေါ်လာ - ၁၆၉

အားသာချက်

ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ tablet ဖြစ်ပြီး ဘက်ထရီကို အချိန်ကြာကြာ သုံးစွဲနိုင်အောင် စီစဉ်ပေးထားတာကတော့ ဒီ Tablet ရဲ့ အားသာချက် တစ်ခုဖြစ်ပြီး မိဘတွေအနေနဲ့လည်း အဆိုပါ tablet ကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးများ အသုံးပြုမှာ ဖြစ်တဲ့အတွက် မတော်တဆ ပြုတ်ကျခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဘေးဘောင်တွေကို ဆီလီကွန်တွေနဲ့ ကာကွယ်ပေးထားပါတယ်။

အားနည်းချက်

User Interface ကတော့ ကြည့်ရတာ အနည်းငယ် စိတ်ရှုပ်စရာ ကောင်းနေမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Tablet ဖြစ်တာကြောင့် အကြမ်းခံမှုနဲ့ ဘက်ထရီပိုင်းတွေဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိပေမယ့် အားသွင်းကြိုး တစ်စုံတစ်ခု ပြဿနာရှိတဲ့ အချိန်မျိုးမှာ အခြားသော Android device အားသွင်းကြိုးတွေနဲ့ ချိတ်ဆက်အသုံးပြု နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် မိဘတွေ အနေနဲ့ ကိုယ့်ရဲ့ကလေးတွေ tablet သုံးစွဲမှုတွေကို ထိန်းချုပ်ပေးနိုင်ရန်အတွက် Parent Mode ဆိုတာကို ထည့်သွင်းပေးထားပြီး app တွေ သုံးစွဲမှုကိုလည်း ထိန်းချုပ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Snapdragon 615 Chip ကို အသုံးပြုထားပြီး Octa-Core Processor ကို တပ်ဆင်ထားပါတယ်။ RAM ကို 1GB  ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32 GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.1 ကိုအသုံးပြု ထားပါတယ်။ Resolution ကတော့ 1280 x 800 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ ကင်မရာကတော့ 5 Megapixels ရှိတဲ့ကင်မရာကို Tablet ရဲ့အနောက်ဘက်မှာ တပ်ဆင်ပေးထားပြီး အရှေ့ဘက် ကင်မရာကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ MicroSD ကိုအထောက်အပံ့ ပေးထားပါတယ်။

ဒီဇိုင်း

USB Port နဲ့ Audio jack ကို tablet ရဲ့အောက်ခြေ ဘက်မှာတွဲပြီး တပ်ဆင်ပေးထားပါတယ်။ MicroSD ထည့်သွင်းဖို့ အတွက်ကတော့ tablet ရဲ့အပေါ်ဘက်မှာ တပ်ဆင်ပေးထားပြီး အနောက်ဘက် ကင်မရာကတော့ tablet ရဲ့ညာဘက် အခြမ်းနားမှာ တွေ့မြင်ရမှာပါ။

 -Ref: laptopmag